မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Osteoarthritis တင်ပါးအဆစ်ရောင်ရောဂါ ဟာ အဆစ်ရောင်ခြင်း၊ ဒဏ်ရာရခြင်းတွေကြောင့် အရိုးနု ပျက်စီးခြင်းပဲဖြစ်ပါတယ်။ အရိုးနုဟာ မာကြောပြီး ရာဘာပုံစံ အရာဖြစ်ကာ ပုံမှန်အဆစ်တွေမှာ အရိုးတွေရဲ့ အစွန်းကို ကာကွယ်ထားပါတယ်။
အရိုးနုပျက်စီးခြင်းဟာ နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ အရိုးနုတွေဟာ ပျက်စီးရင် ပြင်ဆင်မှုလိုအပ်ပေမယ့် ဒဏ်ရာရတဲ့အခါမှာ ကိုယ်ခန္ဓါက အရိုးနုအသစ် ပြန်ထွက်လာခြင်း မရှိပါဘူး။ Hip osteoarthritis ရှိသူတွေဟာ လမ်းလျှောက်ရင် ပြဿနာ ရှိတတ်ပါတယ်။ သူ့ကို သိရှိဖို့ အစောပိုင်းမှာ ခက်ခဲနိုင်ပါတယ်။
ဒါဟာ နာကျင်မှုက အခြားနေရာတွေဖြစ်တဲ့ ပေါင်ခြံ၊ ပေါင်၊ တင်ပါးဆုံ၊ ဒူးခေါင်းတွေမှာပါ ရှိတာကြောင့် ဖြစ်ပါတယ်။ နာကျင်မှုဟာ တစ်ခုခုနဲ့ ထိုးသလို စူးရှပြီး တင်ပါးဆုံက မာကျောနေပါတယ်။
အဆစ်ရောင်ခြင်း အမျိုးမျိုးရှိပေမယ့် osteoarthritis ကတော့ အဖြစ်အများဆုံးဖြစ်ပါတယ်။ သူ့ကို အဆစ်ပျက်စီးတဲ့ရောဂါ (သို့) အသက်အရွယ်ကြီးခြင်းကြောင့် အဆစ်ရောင်ခြင်းလို့ ခေါ်ပြီး အသက်ကြီးလာတာနဲ့ အမျှ osteoarthritis ပိုဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
များသောအားဖြင့် တဖြည်းဖြည်း နာကျင်မှု ဖြစ်လာပြီး ပိုဆိုးလာတတ်ပါတယ်။ ရုတ်တရက်ဖြစ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ နာကျင်မှုနဲ့ တောင့်တင်းခြင်းတွေဟာ မနက်မှာ ပိုဆိုးလာပြီး ထိုင်နေပြီး (သို့) အနားယူနေပြီးရင် ပိုဆိုးနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နာကျင်မှုလက္ခဏာတွေဟာ ပိုဆိုးလာပြီး နားနေစဉ် နဲ့ ညအချိန်တွေမှာပါ ဖြစ်နိုင်ပါတယ်။ ပိုဆိုးလာတဲ့ လက္ခဏာတွေကတော့
· အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ရောဂါကိုစောစီးစွာ သိရှိပြီး ကုသခြင်းဟာ ရောဂါပိုဆိုးလာခြင်းနဲ့ အခြားအရေးပေါ် အခြေအနေဖြစ်ခြင်းတွေကနေ ကာကွယ်ပေးနိုင်တာကြောင့် ဒီလိုအခြေအနေကို ကာကွယ်ဖို့ ဆရာဝန်နဲ့ စကားပြောသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
Hip osteoarthritis ကိုဖြစ်စေတဲ့ တိကျတဲ့ အကြောင်းရင်း မရှိပါဘူး။ ဒါပေမယ့် အချို့အချက်တွေကတော့ ရောဂါပိုဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေကတော့
Hip Osteoarthritis ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့် အဆစ်ဒဏ်ရာရခြင်း၊ အသက်ကြီးခြင်း၊ ကိုယ်အလေးချိန်များခြင်း တို့ပဲ ဖြစ်ပါတယ်။
ယေဘူယျအသိပေးချက် – ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
Hip osteoarthritis ကို အတည်ပြုဖို့ တိကျတဲ့ စစ်ဆေးမှုမရှိပေမယ့် များသောအားဖြင့် X-ray ရိုက်ကြည့်ရင် အဆစ်ကျဉ်းမြောင်းခြင်း၊ အဆစ်ဘောင်တွေ ပုံမှန်မဟုတ်ခြင်းတွေ တွေ့ရတတ်ပါတယ်။ တကယ်လို့ သင်ဟာ ဒီအခြေအနေကို တွေ့ကြုံရပြီဆိုရင် ဆရာဝန်က ကျန်းမာရေး ရာဇဝင်မေးမြန်းခြင်းနဲ့ စစ်ဆေးစမ်းသပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ တင်ပါးဆုံ လှုပ်ရှားမှုဘယ်လောက်ရှိလဲဆိုတာကို စစ်ဆေးမှာ ဖြစ်ပါတယ်။
Hip osteoarthritis ကို ကုသဖို့ အဓိက ရည်ရွယ်ချက်ကတော့ လှုပ်ရှားမှု နဲ့ လူမှုနေထိုင်ပုံ တိုးတက်လာဖို့ပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ တင်ပါးဆုံ လုပ်ငန်းဆောင်တာ ကောင်းမွန်စေခြင်းနဲ့ နာကျင်မှုကို ထိန်းချုပ်ခြင်း တွေပဲဖြစ်ပါတယ်။
ကုသမှုမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Hip Osteoarthritis ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
လမ်းလျှောက်ခြင်း – တကယ်လို့ သင့်မှာ ထိန်းညှိမှု ပြဿနာတွေ ရှိနေမယ်ဆိုရင် threadmill ကို အသုံးပြုခြင်းဟာ သင့်ကို ကိုင်စရာ ရစေနိုင်ပါတယ်။
Stationary bike – Stationary bike အသုံးပြုခြင်းဟာ သင့်အားအင်ကို ဖြည်းညင်းစွာ တည်ဆောက်ပေးပါတယ်။ အိမ်မှာ Bike အသုံးပြုခြင်းဟာ traffic ကို ရှောင်ကျဉ်နိုင်ရုံသာမက ပင်ပန်းတယ်ဆိုရင်လည်း ရပ်နိုင်ပါတယ်။
ရေလေ့ကျင့်ခန်းများ – ရေကူးခြင်း၊ ခါးလောက်ရှိတဲ့ ရေမှာ လမ်းလျှောက်ခြင်းတွေဟာ အဆစ်ကို ဖိအားသက်ရောက်မှုကို ၅၀%လောက် လျှော့ချပေးပါတယ်။ ရင်ခေါင်းလောက်ရှိတဲ့ရေမှာ အေရိုးဗစ်လုပ်ခြင်းဟာ အဆစ်တွေမှာ ဖိအားသက်ရောက်ခြင်းကို ၇၅% လျှော့ချပေးနိုင်ပါတယ်။
ယောဂ – ယောဂဟာ လူနာရဲ့ အဆစ်လှုပ်ရှားမှုကို တိုးတက်စေပြီး ကြွက်သားတွေကို သန်စွမ်းစေကာ နာကျင်မှု သက်သာစေပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။