brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်

နိုဝင်ဘာလကုန်ပိုင်းလောက်ကတည်းက လူတွေရဲ့ အတွေးထဲမှာ ကာကွယ်ဆေး ထိုးဖို့ဆိုတဲ့ အတွေးကိုကျော်ပြီး စိုးမိုးလာတဲ့ အတွေးက omicron မျိုးစိတ် ကိစ္စ ဖြစ်မယ် ထင်ပါတယ်။ လောလောဆယ်မှာ ဒီဗိုင်းရပ်စ်က ဘယ်လို ကူးစက်တာလဲ။ ဘယ်သူတွေမှာ ပိုကူးစက်ခံရနိုင်လဲ။ အရင်မျိုးစိတ်တွေထက် ပိုပြင်းထန်မလား။ ကူးစက်နှုန်းရော ပိုမြန်မလားဆို​ပြီး သိချင်နေလောက်ပါတယ်။

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်

ဒီသိချင်နေမယ့် မေးခွန်းလေးတွေအတွက် နောက်ဆုံးရ အချက်အလက်လေးတွေကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

Omicron Variant ဆိုတာ ဘာလဲ ……

Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။

Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီး Spike protein အမျိုး ၃၀ ကျော် ပါဝင်နေတဲ့ coronavirus မျိုးစိတ် B.1.1.529 ပါ။

Alpha၊ Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။

Omicron ဘယ်လို ကူးစက်သလဲ ………..

Omicron ဆိုတာက မျိုးဗီဇ ပြောင်းလဲထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးဖြစ်တာကြောင့် ကူးစက်ပုံကတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေ ကူးစက်သလိုပဲ

  • ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ တံထွေး အစအနတွေ
  • ရောဂါပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းတွေ
  • အများသုံး ဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ
  • အများသုံး အသုံးအဆောင်တွေ
  • ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မိတာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။
  • ကူးစက်နှုန်းကတော့ အရင် Delta မျိုးစိတ်ထက် ကူးစက်နှုန်း တော်တော်လေး မြန်ပါတယ်။

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်

ကိုဗစ် ဗိုင်းရပ်စ် ကူးစက်ခံရဖူးသူတွေမှာ ကူးစက်နိုင်ခြေ ပိုများတဲ့ Omicron မျိုးစိတ်

ကိုဗစ် ဗိုင်းရပ်စ်တွေထဲမှာ အသစ်ထွက်ရှိလာတဲ့ Omicron မျိုးစိတ်က ပိုပြီး ကူးစက်နှုန်း မြန်တယ်လို့ သုတေသီတွေရဲ့ လေ့လာချက်တွေအရ သိရပါတယ်။ နောက်ထပ် သတိထားရမယ့် တစ်ချက်က အရင် ကိုဗစ် မျိုးစိတ်တွေတုန်းက တစ်ခါ ကူးစက်ဖြစ်ပွားပြီးသူတွေမှာ ထပ်မံ ကူးစက်ခံရတာ မရှိသလောက် နည်းခဲ့ပေမယ့် ဒီမျိုးစိတ်မှာတော့ ရောဂါ ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများနေတယ် ဆိုတာပါ။

လက်ရှိရလဒ်တွေအရ တောင်အာဖရိက ဒေသတွေမှာ ကိုဗစ် ဖြစ်ဖူးသူတွေမှာ Omicron မျိုးစိတ် ကူးစက်မှု ပိုများနေပါတယ်။ မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတဲ့အတွက် ဒီမျိုးစိတ်က ကူးစက်ခံရဖူးသူတွေရဲ့ ကိုယ်ခံအားဆဲလ်တွေကိုလည်း ကောင်းကောင်းရှောင်တိမ်းနိုင်ပြီး ထပ်မံ ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။

Beta တွေ၊ Delta တွေတုန်းက ရောဂါတစ်ကြိမ် ဖြစ်ပွားပြီးသူတွေမှာ ခန္ဓာကိုယ်မှာ antibody တွေ ထွက်ရှိနေပြီး ဖြစ်ပြီးသားသူမှာ ထပ်ဖြစ်တယ်ဆိုတာက ရှားပါတယ်။ ဒါပေမယ့် အခု နောက်ဆုံး ထွက်ရှိထားတဲ့ Omicron ကတော့ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ကူးစက်ခံရနိုင်ခြေက Deltaထက် ၂.၄ ဆလောက် ပိုများနေပါတယ်။

ဘယ်သူတွေမှာ ပိုကူးစက်ခံရနိုင်လဲ ……

အရင် မျိုးစိတ်တွေလိုပဲ ကိုဗစ် ကူးစက်ခံရနိုင်ခြေ မြင့်သူတွေက

ဘယ်လို ကာကွယ်မလဲ ……..

Omicron ကလည်း ကိုဗစ် မျိုးစိတ် တစ်ရပ်ဖြစ်တာကြောင့် ကိုဗစ်ဗိုင်းရပ်စ်တွေကို ကာကွယ်သလိုမျိုး

  • အပြင်က ပြန်လာတိုင်း လက်ဆေးတာ၊ ပိုးသတ်တာ
  • အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးတာ
  • အပြင်သွားတိုင်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်တာ
  • မလိုအပ်ဘဲ အပြင် မသွားတာ
  • လူစုလူဝေးရှောင်တာ
  • အာဟာရပြည့်ဝအောင် စားတာ
  • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ
  • အိပ်ရေးဝအောင်အိပ်တာ
  • ကာကွယ်ဆေး ထိုးတာ (နှစ်ကြိမ်လုံး ပြည့်အောင် ထိုးပါ။ လိုအပ်ပါက Booster ထပ်ထိုးပါ)
  • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာမျိုး လုပ်ပြီး ကာကွယ်ပေးပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။