ကမ္ဘာတလွှားမှာ ကိုဗစ်ဖြစ်ပွားမှုတွေ မြင့်တက်နေပြီး မျိုးစိတ်တွေကလည်း အမျိုးမျိုးပါ။ လူသားတွေက ကိုဗစ်ကို ဟန့်တားဖို့အတွက် ကာကွယ်ဆေးတွေ သုတေသနပြုဖန်တီးနေသလို ဗိုင်းရပ်စ်ကလည်း မျိုးဗီဇတွေ ပြောင်းလဲနေပါတယ်။
ထွက်မှာ သေချာပြီလား။
ကမ္ဘာတလွှားမှာ ကိုဗစ်ဖြစ်ပွားမှုတွေ မြင့်တက်နေပြီး မျိုးစိတ်တွေကလည်း အမျိုးမျိုးပါ။ လူသားတွေက ကိုဗစ်ကို ဟန့်တားဖို့အတွက် ကာကွယ်ဆေးတွေ သုတေသနပြုဖန်တီးနေသလို ဗိုင်းရပ်စ်ကလည်း မျိုးဗီဇတွေ ပြောင်းလဲနေပါတယ်။
လက်ရှိမှာ Delta မျိုးစိတ်ကြောင့် ရောဂါကို ပိုမိုပြင်းထန်စွာ ခံစားနေကြရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ မျိုးစိတ်က အစောပိုင်း ဖြစ်ပွားခဲ့တဲ့ Alpha မျိုးစိတ်ထက် ကူးစက်မှုနှုန်း ၅၀ ရာခိုင်နှုန်း ပိုမြန်သလို ပိုလည်း ပြင်းထန်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က လက်ရှိမှာ လေ့လာနေရတဲ့ ကိုဗစ်မျိုးစိတ်ပေါင်းက ၁၁ မျိုးအထိ ရှိနေပြီဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့နိုင်ငံ ၁၀ နိုင်ငံကျော်မှာ Delta မျိုးစိတ်ရဲ့ မျိုးကွဲတစ်ခုဖြစ်တဲ့ Delta plus ဖြစ်ပွားမှုတွေ ရှိနေပါတယ်။ ဒီမျိုးစိတ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တွေကို ဆောင်းပါးထဲမှာ ပြောပြပေးသွားပါမယ်။
Delta Plus မျိုးစိတ်ကို novel SARS-CoV-2 မျိုးစိတ်လို့ ခေါ်သလို B.1.617.2.1 (သို့မဟုတ်) AY.1 လို့လည်း ခေါ်ကြ ပါတယ်။ Delta မျိုးစိတ်ရဲ့ မျိုးစိတ်ကွဲတစ်မျိုးဖြစ်နိုင်ပါတယ်။ အဆုတ်ဆဲလ်တွေကို ပိုမိုတိုက်ခိုက်နိုင်စေဖို့နဲ့ ကာကွယ်ဆေး ဒဏ်ကို ခံနိုင်စေဖို့ မျိုးဗီဇ ပြောင်းလဲထားတာ ဖြစ်နိုင်ပါတယ်။
ဒီမျိုးစိတ်ကို အိန္ဒိယမှာ စတင်တွေ့ရှိတာဖြစ်ပြီး လက်ရှိ ယူကေနဲ့ အမေရိကန်မှာလည်း တွေ့ရှိနေပြီဖြစ်ပါတယ်။ ဒီနိုင်ငံတွေအပြင် အချို့နိုင်ငံတွေမှာလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။ ကူးစက်မှုနှုန်းကတော့ လက်ရှိဖြစ်ပွားနေတဲ့ Delta မျိုးစိတ်နဲ့ ဆင်တူနိုင်ပါတယ်။
ဒီ Delta Plus မျိုးစိတ်ရဲ့ ကူးစက်မှုနှုန်းက Alpha မျိုးစိတ်ထက် ကူးစက်နှုန်း ၆၀ ရာခိုင်နှုန်း ပိုမြန်နိုင်တယ်လို့ လေ့လာမှုတွေ အရ တွေ့ရှိရပါတယ်။ အန္တရာယ် များလွန်းတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။
SARS-CoV-2 Consortium on Genomics (INSACOG)ရဲ့ လေ့လာမှုတွေအရကတော့ ဒီမျိုးစိတ်ဟာ အခြား မျိုးစိတ်တွေထက်
Delta Plus ကူးစက်ခံရရင် ခံစားရနိုင်တဲ့ လက္ခဏာတွေက လက်ရှိ ဖြစ်ပွားနေတဲ့ Delta မျိုးစိတ် ကူးစက်ခံရတဲ့အခါ ခံစားရတဲ့ လက္ခဏာတွေနဲ့ များသောအားဖြင့် ဆင်တူနိုင်ပါတယ်။
ပြင်းထန်မယ်ဆိုရင်တော့ အပေါ်က လက္ခဏာတွေ အပြင်
ကူးစက်နိုင်တဲ့ နည်းလမ်းတွေက အခြားမျိုးစိတ်တွေ ကူးစက်သလိုပဲ ကူးစက်နိုင်တာပါ။ ရောဂါရှိသူနဲ့ ထိတွေ့မိတာမျိုး ကနေတဆင့် အသက်ရှူလမ်းကြောင်းကတဆင့် ပိုးကဝင်ရောက် ကူးစက်နိုင်ပါတယ်။
ဒီမျိုးစိတ်က အရာဝတ္ထုတွေပေါ်မှာ ရှင်သန်နိုင်ချိန် ပိုများတာကြောင့် ရောဂါပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းတွေကို ထိတွေ့မိရာကနေလည်း ကူးစက်နိုင်ပါတယ်။
Delta plus ကို ကာကွယ်ဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာ လိုက်နာဖို့ လိုပါမယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Delta Plus Variant Symptoms, Cause, Precaution, Treatment https://www.mpnrc.org/delta-plus-variant-symptoms-cause-precaution-treatment/ Accessed Date 3 August 2021
Delta plus variant of SARS-CoV-2: How does it compare with the delta variant?
https://www.medicalnewstoday.com/articles/delta-plus-variant-of-sars-cov-2-how-does-it-compare-with-the-delta-variant Accessed Date 3 August 2021