ကိုယ်တိုင်အတွက်ရော မိသားစုအတွက်ပါ ပူရတယ်။ ဒီကြားထဲ မတော်တဆ ငါသာ Q ဝင်ရရင် အိမ်က တိလေးတွေကိုဘယ်နားထားရမလဲဆိုတာ ပူရပြန်ရော။ ဒီလို အတွေးမျိုးစုံကို တွေးနေမှတော့ စိတ်ဖိစီးမှုက အနိုင်ယူပြီပေါ့။
ဒီလိုနဲ့ စိတ်ဖိစီးမှုက အချိန်ကြာလာတဲ့အခါ ကိုယ့်ကို တစ်ယောက်ယောက်က မသိလို့ လာမေးရင် တစ်ခါကနေ နှစ်ခါ ဖြစ်လာရင် ဘုနဲ့ဘောက်ပြောတာ၊ ရန်လိုတဲ့ ပြောဆိုမှုတွေ လုပ်တာ၊ အလိုလိုနေရင်း စိတ်တိုတာ၊ ပြစ်တင် ပြောဆိုတာတွေ ရှိလာနိုင်ပါတယ်။ ဒါတွေနဲ့ စိတ်ထွက်ပေါက် ရှာတဲ့ သဘောပေါ့။
တကယ်က ဒီနည်းလမ်းတွေက စိတ်သက်သာရာ မရစေပါဘူး။ နောင်တကိုပါ အစစ်ရစေတာပါ။ ဒီတော့ ကိုဗစ်ကြောင့် စိတ်ဖိစီးရင်းကနေ ပျော်ရွှင်မှု ပျောက်ဆုံးပြီး နောင်တတရားတွေ မရစေဖို့ သတိပြုစေချင်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်မှုတွေ မပျောက်ဆုံးပါစေနဲ့။
စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်မှု ပျောက်ဆုံးလာတယ်။ အကောင်းမြင်စိတ်ထား နည်းလာတယ်။ ဒါက ဒီလောက်နဲ့ ပြီးမသွားပါဘူး။ ရေရှည်မှာ ကိုယ်ခံအားပါ ထိခိုက်လာမှာပါ။
ဒီတော့ အကောင်းဆုံးက ပျော်ရွှင်မှုတွေ ပျောက်မသွားအောင် ဂရုစိုက်ပါ။ ဘယ်လိုနည်းလေးတွေနဲ့ ဂရုစိုက်မလဲဆိုတော့
သီချင်းဆိုတာက စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ဒီတော့ ပုံမှန် မဟုတ်ရင်တောင် အရမ်းစိတ်ဖိစီးလာပြီလို့ ယူဆတဲ့အခါ သီချင်းဖွင့်ရင်း လိုက်အော်ဆိုပါ။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ၁၅ မိနစ်ကနေ ၄၅ မိနစ်လောက်အထိ လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ် အချိုးအစားကို မှတ်ထားပြီး တစ်ပတ်မှာ ဘယ်လို ပြောင်းလဲလာတယ်၊ တစ်လဆိုရင် ဘယ်လိုပြောင်းလဲရမယ် စသဖြင့် မှတ်ထားပါ။
လေ့ကျင့်ခန်း လုပ်ရင်း ရလဒ်ကို စစ်ဆေးပါ။ မှန်းထားတဲ့အတိုင်း ဖြစ်လာတာက ပျော်ရွှင်မှုကို ရရှိစေမှာပါ။
စိတ်ကို အကောင်းဆုံး အနားပေးတာက တရားထိုင်တာပါ။ တစ်နေ့တာမှာ ၁၅ မိနစလောက် တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်း ဘာကိုမှ မတွေးဘဲ စိတ်အေးလက်အေးနဲ့ ဝင်လေထွက်လေမှတ် ပေးပါ။
အွန်လိုင်းကနေ ဗီဒီယိုဖိုင်လေးတွေ ကြည့်ပြီး လက်မှုလေးတွေ ဖန်တီးတာ၊ ဘာသာစကားသင်တာလိုမျိုး အသစ်အဆန်းတွေကို သင်ယူပါ။ အသစ်အဆန်းတွေ သင်ယူတာက စိတ်ဖိစီးမှုကို ပြေလျော့စေပြီး တစ်ခုခုကို တတ်မြောက်သွားတိုင်း အောင်မြင်မှုနဲ့အတူ ပျော်ရွှင်မှုကို ရလာပါလိမ့်မယ်။
ကျန်းမာရေးအတွက် လိုက်နာရမယ့်အရာတွေကို သေချာလေး လိုက်နာမယ်။ အခုပြောခဲ့တာလေးတွေကို လုပ်ရင်း စိတ်အပန်းဖြေမယ်ဆိုရင် ကိုဗစ်ကာလမှာ စိတ်ဖိစီးမှုကြောင့် ပျော်ရွှင်မှု ပျောက်ဆုံးတာမျိုး ကင်းစေမှာပါ။
ဒါတွေအပြင် မုန့်လုပ်စားတာ၊ စာဖတ်တာ၊ ဘေဘီလေးတွေနဲ့အတူ ကစားပေးတာ၊ မိဘတွေကို အချိန်ပေးပြီး စကားပြောပေးတာ ဂရုတစိုက် ပြုစုပေးတာတွေလုပ်ပေးလို့ လည်းရပါတယ်။ ဒီလို လုပ်ဆောင်မှုလေးတွေကို သာမန်ချိန်မှာ မလုပ်နိုင်ခဲ့ကြဘူးလေ။ အလုပ်များနေခဲ့ကြတယ် မဟုတ်လား။ ဒီလို အချိန်မှာမှ ဂရုစိုက်ပေးရတာပါ။ ဒီလို လုပ်ဆောင်မှုလေးတွေကနေ ပြန်ရလာမယ့် ပီတိက ပျောက်ဆုံးနေတဲ့ ပျော်ရွှင်မှုကို ခံစားရစေမှာပါ။
စိတ်ဖိစီးမှု ကင်းပြီး ပျော်ရွှင်နေမှတော့ ကိုယ်ခံအားလည်း ကောင်းလာမှာမို့ ကိုဗစ်ကိုလည်း အကောင်းဆုံး တိုက်ထုတ်နိုင်တော့မှာပေါ့။ ကိုဗစ်ကြောင့် ပျော်ရွှင်မှုတွေ မပျောက်ဆုံးပါစေနဲ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။