ကိုဗစ် antigen test kit တွေ ဘယ်သူတွေပဲ စစ်လို့ရလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 3 mins read
Share now

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါရှာဖွေရေးအတွက် test kitတွေကို ၂၉.၉.၂၀၂၀ထဲက စသုံးခဲ့ပါတယ်။ အဖြေမြန်မြန်ရတဲ့အတွက် လူနာများများပိုစစ်နိုင်ပြီး လူနာနဲ့ ထိတွေ့သူတွေကို မြန်မြန်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါက သူ့ရဲ့ အားသာချက်ပါ။

ဒါပေမယ့် လူတွေကြားမှာ ဒွိဟဖြစ်နေတာလေးတွေ ရှိပါတယ်။ ဒါဆို တစ်နိုင်ငံလုံးကို စစ်လိုက်ပါလားတို့၊ သူ့ကို့ ဒါနဲ့ စစ်ပေးပြီး ငါကျဘာလို့ ဒါနဲ့ စစ်လို့မရတာလဲ စသဖြင့် စိတ်ထဲမှာ အားမလို အားမရတွေ ဖြစ်နေမှာပါ။

ကိုဗစ် test kitက ကောင်းတယ်ဆိုပေမယ့် RT-PCRလို့ ခေါ်တဲ့ အရင်က စက်တွေနဲ့ စစ်တာကိုတော့ မမီပါဘူး။ သူ့မှာလည်း စွမ်းရည် အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် လူရွေးပြီး စစ်ရတာပါ။

ဘယ်သူတွေကို စစ်မလဲ။ ဘယ်အဖြေရရင် ဘာလုပ်မလဲဆိုတာကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတာရှိပါတယ်။ သူတို့ အောက်တိုဘာ ၂ရက်နေ့က ထုတ်ပြန်ထားတဲ့ လုပ်ငန်းစဉ် ၂အကြောင်းကို ပြောပြချင်ပါတယ်။

ဘယ်မှာ စစ်မှာလဲ။

လတ်တလောမှာတော့ ရန်ကုန်က အစိုးရဆေးရုံကြီးတွေမှာ စစ်ပေးမှာပါ။ နောက်ပိုင်းကျရင်တော့ ဖျားနာဆေးကုခန်းတွေ၊ တစ်နိုင်ငံလုံးက ဆေးရုံတွေမှာပါ စစ်ပေးသွားမှာပါ။

ဘယ်သူတွေ စစ်လို့ရလဲ။

  • ရောဂါလက္ခဏာ ပြတဲ့ လူနာများ (လက္ခဏာ မပြမီ ၂ရက်၊ ပြပြီး ၆ရက်အတွင်း)
  • ရောဂါလက္ခဏာ ပြတဲ့ ကျမ်းမာရေး ဝန်ထမ်းများ
  • ရောဂါဖြစ်ပွားမှု များနေတဲ့ နေရာက ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ် ထိတွေ့ထားတဲ့သူများ
  • သက်ဆိုင်ရာ ဆရာဝန်ကြီးမှ စစ်ဆေးသင့်တယ်လို့ အကြံပြုထားတဲ့ လူနာများ

သူတို့ကို အဓိက စစ်ပေးပါတယ်။ ဘာကြောင့်သူတို့ကို စစ်ပေးတာလဲ။ လူတိုင်းကို စစ်လို့မရဘူးလား။ ဒါကို မပြောခင် စကားလုံးနှစ်ခုကို အရင်ရှင်းပြပေးပါမယ်။ Sensitivityနဲ့ Specificityပါ။

Sensitivityဆိုတာ ရောဂါရှိရင် ရှိကြောင်းထွက်တဲ့ ရာခိုင်နှုန်းပါ။ Specificityကတော့ ရောဂါမရှိရင် မရှိကြောင်းပြတဲ့ ရာခိုင်နှုန်းပါ။ ကိုဗစ်test kitတွေက  Sensitivity ၈၀ရာခိုင်နှုန်းနဲ့ Specificity ၉၈ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဆိုလိုတာက လူ၁၀၀စစ်ရင် ရောဂါရှိရဲ့သားရဲ့ မရှိဘူးလို့ မှားထွက်နိုင်ခြေ (false negative)က အယောက် ၂၀ပါ။ ဒါကြောင့် လက္ခဏာရှိပြီး ရောဂါကူးထားတဲ့ အခြေအနေရှိတဲ့ လူနာတွေကို ဦးစားပေးစစ်တာပါ။ ပိုမှန်နိုင်ခြေများလို့ပါ။

ဒီအချက်ကြောင့်ပဲ ကိုဗစ်test kit သည် လူအများကြီးကို စစ်လို့ရတဲ့ (screening tool) အမျိုးအစား မဟုတ်ပါဘူး။ လူကောင်းရော ရောဂါပိုးရှိတဲ့သူရော အကုန်ရောစစ်ရင် အလွဲတွေ များလာနိုင်ပါတယ်။

ဘယ်လိုစစ်တာလဲ။

နှာခေါင်းတို့ဖတ်ယူပြီး စစ်တာပါ။ Antigenကို စစ်တာပါ။ နှာခေါင်းတို့ဖတ် နမူနာကို Extraction bufferလို့ ခေါ်တဲ့ အရည်တစ်မျိုးနဲ့ ရောပြီး စစ်ဆေးတဲ့ ကိရိယာပေါ်ထည့်ပါတယ်။ ၁၅မိနစ်၊ နာရီဝက်ဆို အဖြေဖတ်လို့ရပါပြီ။ ဒါကြောင့် ကျွမ်းကျင်သူရဲ့ အကူအညီလိုပါတယ်။

သူများတွေ ရောင်းနေကြတဲ့ သွေးဖောက်ပြီး ထည့်ရတဲ့ test kitက Antibody စစ်တာပါ။ စိတ်ချရလောက်တဲ့ အနေအထားမျိုးမဟုတ်လို့ တရားဝင်ခွင့်ပြုမထားပါဘူး။ ပညာရှင်များ သုတေသနလုပ်တဲ့နေရာမှာပဲ သုံးပါတယ်။

စစ်လိုက်လို့ positiveထွက်ခဲ့ရင် (အရပ်အခေါ် Pဖြစ်သွားရင်ပေါ့)

၃မျိုးခွဲလိုက်ပါမယ်။

  • အနံ့မရတာ တစ်ခုတည်း၊ တခြားကိုဗစ်လက္ခဏာတွေ မခံစားရဘူးဆိုရင် မြို့နယ်ကိုဗစ်ကော်မတီရဲ့ အကူအညီနဲ့ ပိုးရှိ အနံ့မရလူနာတွေကို သီးသန့်ထားထားပါမယ်။
  • သာမန်နဲ့ အသင့်အတင့်လက္ခဏာရှိတဲ့သူဆိုရင် လူနာရောက်နေတဲ့ ဆေးရုံမှာ ဆက်ထားမယ်။ ဒါမှမဟုတ် ဖျားနာဆေးကုသခန်းက လူနာဆိုရင် သက်ဆိုင်ရာဆေးရုံကို လွှဲပါမယ်။ ဆေးရုံမှာ သီးသန့်ခွဲပြီး စောင့်ကြည့်ပါမယ်။
  • ပြင်းထန်ရောဂါလက္ခဏာရှိတဲ့သူ၊ ရောဂါအခံရှိတဲ့သူဆိုရင်တော့ ကိုဗစ်ဆေးရုံတွေကို လွှဲပြောင်းကုသပေးပါမယ်။

စစ်လိုက်လို့ negativeတွေ့ခဲ့ရင် (ရောဂါပိုး မတွေ့ခဲ့ရင်)

ရောဂါလက္ခဏာပြတဲ့သူ (ဥပမာ ဖျား၊ ချောင်းဆိုး၊ အနံ့မရ)ဆိုရင်

  • နောက်နှစ်ရက်နေရင် RT-PCRလို့ ခေါ်တဲ့ အရင်က စက်နဲ့ စစ်တဲ့ နည်းလမ်းနဲ့ ပြန်စစ်ပါမယ်။ သူက ပိုတိကျလို့ပါ။
  • စစ်လိုက်လို့ ပိုးမတွေ့ဘူးဆိုရင် ကျန်းမာရေး အသိပညာပေးပြီး အိမ်မှာ ၇ရက်နေရပါမယ်။
  • ပိုးတွေ့တယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းနဲ့ ဆက်သွားပါမယ်။

ရောဂါပိုးရှိတဲ့သူနဲ့ ထိတွေ့ထားတဲ့သူဆိုရင်

  • ဒုတိယအကြိမ် test kitနဲ့ ပြန်စစ်ပါတယ်။
  • စစ်လိုက်လို့ ပိုးတွေ့ရင် ပိုးတွေ့လူနာအတိုင်း ဆောင်ရွက်ပါတယ်။
  • ပိုးမတွေ့ဘူး၊ လက္ခဏာလည်း မရှိဘူးဆိုရင်တော့ ကျန်းမာရေး အသိပညာပေးပြီး အိမ်မှာ ၇ရက်နေရပါမယ်။ (Specificity ၉၈ ရာခိုင်နှုန်းဖြစ်ပြီး လက္ခဏာလည်း မရှိတဲ့အတွက် ပိုးမရှိဖို့ သေချာသလောက်ပါပဲ။)
  • ပိုးတော့မတွေ့ဘူး။ ဒါပေမယ့် လက္ခဏာတွေ စပြလာပြီ၊ မသက်သာဘူး စတဲ့သူတွေကတော့ RT-PCRလို့ ခေါ်တဲ့ အရင်က စက်နဲ့ စစ်တဲ့ နည်းလမ်းနဲ့ ပြန်စစ်ပါပြီး အဖြေအတိုင်း ဆက်လုပ်သွားမှာပါ။

ပိုးမတွေ့လို့ အဖြေထွက်တာက လတ်တလောမှာ ပိုးမရှိတာပါ။ အိမ်ပြန်ရောက်သွားလို့ အနေအထိုင်မဆင်ခြင်ရင် ပိုးပြန်ဝင်နိုင်တာကို သတိထားပါ။

အဖြေတွေ လွဲနိုင်လား။

အဓိကကတော့ ခုနကလို false negative ရောဂါရှိရဲ့သားနဲ့ မရှိဘူးလို့ အဖြေမှားထုတ်မိတာမျိုးပေါ့။ ဘယ်လိုလူတွေမှာ ဖြစ်နိုင်သလဲဆိုရင်

  • ၆ရက်ကျော်မှ ရောဂါလက္ခဏာပြတဲ့ လူနာတွေ
  • ရောဂါလက္ခဏာလုံးဝမပြတဲ့ လူနာတွေ
  • ရောဂါလက္ခဏာလုံးဝမပြတဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ။

ဒါကြောင့် လက္ခဏာရှိတဲ့သူတွေကို ဦးစားပေး စစ်တာပါ။ လက္ခဏာမပြတဲ့လူတွေကို စစ်လိုက်လို့ ရောဂါပိုးမတွေ့ဆိုပြီး အဖြေထွက်ခဲ့ရင် အပေါ်က negativeတွေ့တဲ့ လူနာတွေအတိုင်း ဆက်ပြီး စစ်ဆေးသွားမှာပါ။

အဖြေမှန်မှန် ဘယ်အချက်တွေပေါ် မူတည်သလဲ။

လူနာနဲ့ဆိုင်သော အချက်အလက်

  • လက္ခဏာပြတဲ့အချိန်ဲ့ ဆေးစစ်တဲ့အချိန်ကြား ကွာဟချက် (လက္ခဏာပြပြီး ၆ရက်အတွင်းက အကောင်းဆုံးပါ)
  • လူနာရဲ့ ကိုယ်ခံအားစနစ်
  • ကလေးတွေက လူကြီးတွေထက်စာရင် ဗိုင်းရပ်စ်ထုတ်တဲ့အချိန်ကြာတဲ့အတွက် သူတို့ကို စစ်ဆေးတဲ့နေရာမှာလည်း အဖြေကွာခြားနိုင်ပါတယ်။

ဓာတ်ခွဲနမူနာ

  • ဓာတ်ခွဲနမူနာကို ဘယ်ကယူသလဲ (အသက်ရှူလမ်းကြောင်း အပေါ်ဘက်၊ အောက်ဘက်)
  • သိမ်းဆည်း သယ်ဆောင်မှု

ဗိုင်းရပ်စ်ပိုး

  • ဗိုင်းရပ်စ်ပိုးပမာဏ
  • စစ်ဆေးချင်တဲ့ ဗိုင်းရပ်စ်မဟုတ်ဘဲ တခြားဗိုင်းရပ်စ်ရဲ့ antigenနဲ့ မှားယွင်းဓာတ်ပြုတာ

ဒီလို ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် test kitကို လူတိုင်းကို စစ်မပေးပါဘူး။ ဒါပေမယ့် ကုန်ကျစရိတ်သက်သာပြီး အဖြေမြန်မြန်ရတာကြောင့် လူနာတွေနဲ့ ထိတွေ့သူတွေကို မြန်မြန်ရှာနိုင်လို့ ရောဂါကို မြန်မြန်ထိန်းချုပ်နိုင်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိမှာ COVID-19 ရောဂါအပေါ် အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ‘ ကိုဗစ်ရှိသေးသည် ’ လို့ ဆိုရဦးမှာပါ။

ရေးသားသူ Ye Zon Aung

သွေးဖြူဥဆဲလ် ရောဂါ (White Blood Cell Disorder)

သွေးဖြူဥဆဲလ် ရောဂါ (White blood cell disorders) ဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ် အရေအတွက် အရမ်းနည်းနေတာ ဒါမှမဟုတ် အရမ်းများနေတဲ့ အခြေအနေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း

ဖိုးဖိုးဖွားဖွားတို့နဲ့ ကာကွယ်ဆေးထိုးနှံခြင်း ဆိုလို့ ကာကွယ်ဆေးက ကလေးတွေပဲ ထိုးရတာလေ လူကြီးတွေထိုးဖို့လိုလို့လားဆိုတော့ လိုပါတယ်။။ ဥပမာ တုပ်ကွေးကာကွယ်ဆေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နီးနီးနားနား Camping သွား ဒီအချက်တွေသတိထား

Camping သွားတဲ့အခါ ဘယ်လိုကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်သလဲ။ ဒီပြဿနာတွေကို ကျော်လွှားနိုင်ဖို့ ဘယ်လိုဆောင်ရန် ရှောင်ရန်တွေကို လိုက်နာသင့်သလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

နေပူ ထဲမှာ အကြာကြီး လမ်းလျှောက်ရမယ်ဆိုရင် ဘာတွေသတိထားသင့်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read