backup og meta

ကိုရိုနာ နဲ့ ထင်ကြေးပေါင်းများစွာ

ကိုရိုနာ နဲ့ ထင်ကြေးပေါင်းများစွာ

ကမ္ဘာတလွှားက နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေတဲ့ COVID_19 နဲ့ ပတ်သက်ပြီး သိထားတဲ့ အချက်တွေက မှန်ရော မှန်ရဲ့လား၊ လက်တွေ့လိုက်လုပ်ကြည့်ရင်ရော ဘေးကင်းပါ့မလားလို့ သေသေချာချာ သိချင်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး စစ်ဆေးအဖြေထုတ်လိုက်တော့လေ။

ကိုဗစ် နဲ့ မေးခွန်းပေါင်း များစွာ

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID_19 နဲ့ ပတ်သက်ပြီး ကြားထားတဲ့အကြောင်းလေးတွေ သိထားတဲ့ အကြောင်းအရာလေးတွေက ဘယ်လောက်မှန်လဲဆိုတာကို အတူတူ ဆန်းစစ်​ကြည့်လိုက် ရအောင်လား……………

အရေပြားပေါ်ကို ကလိုရင်း ဒါမှမဟုတ် အယ်လ်ကိုဟော ဖြန်းပေးရင် ဗိုင်းရပ်စ်ကို သေစေနိုင်တယ်

ဒီလိုဖြန်းတာက အခန့်မသင့်လို့ မျက်လုံးတွေ၊ ပါးစပ်တွေထဲဝင်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ ကလိုရင်း နဲ့ အယ်လ်ကိုဟောတို့က အရာဝတ္ထုတွေအပေါ်မှာရှိတဲ့ ရောဂါပိုးမွှားတွေကို နှိမ်နှင်းဖို့ အသုံးပြုလို့ရပေမယ့် အရေပြားပေါ်က ပိုးမွှားတွေကို သုတ်သင်ဖို့အတွက်တော့ အသုံးမပြုသင့်ပါဘူး။

နောက်တစ်ချက်က ဒီဓာတုပစ္စည်းတွေက ကိုယ်တွင်းက ဗိုင်းရပ်စ်တွေကိုတော့ မသေစေနိုင်ပါဘူး။

လူကြီးတွေက လူငယ်တွေထက် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများတယ်

ဒီဗိုင်းရပ်စ်က အသက်အရွယ်မရွေး ကူးစက်ခံရနိုင်ပါတယ်။ ဒီနေရာမှာ ကွာခြားသွားနိုင်တဲ့ အချက်တစ်ခုက အသက်အရွယ် ၆၀ အထက် လူကြီးတွေ (ကိုယ်ခံအားက ပုံမှန်ထက် နည်းနေပါတယ်) ဆီးချို၊ ပန်းနာရင်ကြပ်ရောဂါ၊ သွေးတိုးလိုမျိုး နာတာရှည်ရောဂါရှိနေသူတွေမှာ ရောဂါကူးစက်ခံရနိုင်ခြေကတော့ အခြားသူတွေထက် ပိုများနေပါတယ်။

ကလေးတွေက COVID_19 မကူးနိုင်ဘူး

COVID-19 က ကလေးတွေကိုရော လူကြီးတွေကိုပါ ကူးစက်နိုင်ပါတယ်။ တစ်ချက်ကတော့ ကလေးတွေမှာ ကူးစက်ခံရရင် လက္ခဏာက အရမ်းကြီးတော့ မပြင်းထန်ပါဘူး။

COVID_19 က တုပ်ကွေးနဲ့ ဆင်တူတယ်

COVID-19 ဖြစ်တဲ့အခါ တုပ်ကွေး လက္ခဏာတွေဖြစ်တဲ့ နာကျင်ကိုက်ခဲတာ၊ အဖျားရှိတာ၊ ချောင်းဆိုးတာလိုမျိုး လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ တုပ်ကွေးရော COVID_19 မှာပါ သိပ်မပြင်းထန်တဲ့ လက္ခဏာတွေ၊ အရမ်းပြင်းထန်တဲ့ လက္ခဏာတွေနဲ့ အဆိုးရွားဆုံး သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

လက်ရှိကာလအထိမှာ COVID_19 ကအပြင်းထန်ဆုံး ကူးစက်ရောဂါဆိုပေမယ့် သေဆုံးနိုင်ခြေက ၁ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းပဲရှိပါတယ်။

COVID_19 ဖြစ်ရင် သေမယ်

ဒါက မှားနေပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ကိုဗစ်က ကူးစက်နှုန်းမြန်ပေမယ့် သေဆုံးနိုင်ခြေက နည်းပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၈၀ ရာခိုင်နှုန်းကျော်က လက္ခဏာ သိပ်မပြင်းထန်ကြပါဘူး။

ခွေးတွေ၊ ကြောင်တွေက ရောဂါပိုး ကူးစက်စေနိုင်တယ်

ခွေးလေးတွေ၊ ​ကြောင်လေးတွေက ရောဂါပိုး ကူးစက်ခံရနိုင်ပေမယ့် သူတို့က လူဆီကနေတဆင့် ကူးစက်ခံရတာပါ။ ဒါကလည်း ဖြစ်နိုင်ခြေ နည်းပါတယ်။ သူတို့က ပိုးကို သယ်ဆောင် ဖြန့်ဖြူးသူတွေ မဟုတ်ကြပါဘူး။

ဒီဗိုင်းရပ်စ်က လူအချင်းချင်းကူးစက်မှုအမြင့်ဆုံးပါ။

နှာခေါင်းစည်းက ပိုးကို ကာကွယ်ပေးနိုင်တယ်

နှာခေါင်းစည်းက ရောဂါပိုးကို ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပေမယ့် အပြည့်အဝ မကာကွယ်ပေးနိုင်ပါဘူး။ အကောင်းဆုံး ကာကွယ်တာကတော့ လူတစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာနေတာပါ။

လက်အခြောက်ခံစက်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်

လက်အခြောက်ခံစက်က ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းက လက်ကို ဆပ်ပြာနဲ့ရေ အသုံးပြုပြီး ဆေးကြောတာဖြစ်ဖြစ် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းအထက်ပါတဲ့ ရေမလိုလက်သန့်ဆေးရည်နဲ့ ဆေးကြောတာပါ။

COVID_19 က သာမန် အဖျားရောဂါကနေ ဆင့်ကဲပြောင်းလဲလာတာ

COVID_19 က ကိုရိုနာဗိုင်းရပ်စ် မျိုးရင်းဝင်ပါ။ အခြား ကိုရိုနာဗိုင်းရပ်စ်တွေက တိရစ္ဆာန်ကနေတဆင့် လူကို ကူးစက်တာဖြစ်ပြီး ဒီ COVID_19 ဗိုင်းရပ်စ်ကတော့ လူကနေလူကို ကူးစက်တာပါ။

ရောဂါပိုးရှိသူနဲ့ ၁၀ မိနစ်ကြာ ရှိနေရုံနဲ့ ကူးစက်ခံရနိုင်တယ်

၁၀ မိနစ် ​ကြာမှ မဟုတ်ပါဘူး။ ရောဂါပိုးရှိသူနဲ့ ၁၀ မိနစ်တောင် မရှိတဲ့အချိန်ထိတွေ့မိရုံနဲ့လည်း ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။

နှာခေါင်းကို saline ဆေးရည်နဲ့ ဆေးကြောတာက ပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်တယ်

ဒါက အထောက်အထား မရှိပါဘူး။ နှာခေါင်းအတွင်းပိုင်းကို saline ဆေးရည်နဲ့ ဆေးကြာတာက အသက်ရှူ လမ်း​ကြောင်း ပိုးဝင်ကူးစက်တာကို ကာကွယ်နိုင်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရသေးပါဘူး။

အစွန်းချွတ်ဆေးနဲ့ ပလုပ်ကျင်းတာက 

အစွန်းချွတ်ဆေးက ကျန်းမာရေးကို လုံးဝ အကျိုးမပြုပါဘူး။ ခန္ဓာကိုယ်ကိုရော ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

Antibiotics က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်တယ်

Antibiotics က ဘက်တီးရီးယားတွေကိုပဲ သေစေနိုင်တာပါ။ ဗိုင်းရပ်စတွေကို မသေစေနိုင်ပါဘူး။ COVID_19 က ဗိုင်းရပ်စ် အမျိုးအစားပါ။

အပူချိန်တိုင်းစက်က ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးပေးနိုင်တယ်

အပူချိန်တိုင်းစက်တွေက အဖျားရှိ၊မရှိဘဲ စစ်ဆေးနိုင်တာပါ။ ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိကို မစစ်ဆေးပေးနိုင်ပါဘူး။ အပူချိန်မြင့်တာက ကိုဗစ် ရောဂါပိုးရဲ့ လက္ခဏာတစ်ခုဖြစ်တာကြောင့် အပူချိန်တိုင်း စစ်ဆေးမှု လုပ်ဆောင်နေတာသာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်

ကြက်သွန်ဖြူက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ COVID_19 ကဗိုင်းရပ်စ်ပါ။ ကြက်သွန်ဖြူက ကိုယ်ခံအား ကောင်းစေနိုင်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကို မကာကွယ်ပေးနိုင်ပါဘူး။

တရုတ်ကလာတဲ့ အထုပ်တွေမှာ ကိုရိုနာဗိုင်းရပ်စ် တွေ ရှိနေနိုင်တယ်

ကိုရိုနာဗိုင်းရပ်စ်က အရာဝတ္ထုတွေ အပေါ်မှာ ရှင်သန်နိုင်တယ်ဆိုပေမယ့် တရုတ်ကနေ မြန်မာနိုင်ငံဆီ ပို့ဆောင်တဲ့ကာလအတွင်းမှာ ထိတွေ့မိတဲ့ အပူချိန်၊ အခြေအနေအရပ်ရပ်​ကြောင့် လက်ခံရရှိချိန်မှာ ရှင်သန်နေနိုင်ခြေ နည်းနေပါပြီ။

အိမ်တွင်းကုထုံးတွေက COVID-19 ကို ကုသနိုင်တယ်

COVID-19 ကို ကုသနိုင်တဲ့ အိမ်တွင်း ကုထုံးမရှိသေးပါဘူး။ ကာကွယ်တဲ့နည်းလမ်းက အကောင်းဆုံးပါ။ လက်ကို မကြာခဏဆေးကြောပါ။ လူစုလူဝေးကို ရှောင်ကြဉ်ပါ။

တရုတ်ကလာတဲ့ မုန့်တွေစားရင် ကူးစက်နိုင်တယ်

မကူးနိုင်ပါဘူး။

ဆီးတွေ၊ ဝမ်းတွေကနေတဆင့် ရောဂါပိုး ကူးစက်ခံရနိုင်တယ်

ဒီအယူအဆက မမှန်ဘူး လို့ပဲပြောပါရစေ။ ကိုရိုနာဗိုင်းရပ်စ်ဟာ ဝမ်းမှာတော့ပါပါတယ်။ ဒါပေမယ့် အခုထိ အဲ့ကနေတဆင့်ကူးစက်တာတော့ မတွေ့ရသေးပါဘူး။

အပူချိန်ပြင်းရင် ရောဂါပိုးက သေသွားတယ်

အအေးမိ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရာသီဥတုပူလာရင် သေသွားနိုင်ပေမယ့် COVID_19 ကတော့ အပူချိန်ကြောင့် သေဆုံးသွားနိုင်သလားဆိုတာကို လေ့လာနေဆဲပါ။

ကိုရိုနာဗိုင်းရပ်စ်က သေဆုံးနိုင်ခြေ အမြင့်ဆုံး ဗိုင်းရပ်စ်ပါ

ဒီရောဂါပိုးဟာ တုပ်ကွေးရောဂါပိုးတွေထက် ပြင်းထတ်တယ်ဆိုပေမယ့် သေဆုံးနိုင်ခြေ အမြင့်ဆုံးလို့ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ အီဘိုလာဗိုင်းရပ်စ်က ကိုရိုနာဗိုင်းရပ်စ်ထက် သေဆုံးနိုင်ခြေ ပိုများပါတယ်။

တုပ်ကွေး ကာကွယ်ဆေးက COVID_19 ကို ကာကွယ်နိုင်တယ်

COVID_19 က အခြားဗိုင်းရပ်စ်တွေနဲ့ ကွာခြားပါတယ်။ အခုချိန်ထိ ကာကွယ်ဆေး မထုတ်နိုင်သေးပါဘူး။ တုပ်ကွေး ကာကွယ်ဆေးကလည်း ကိုဗစ်ဗိုင်းရပ်စ်ကို မကာကွယ်ပေးနိုင်ပါဘူး။

ဒီရောဂါ ဖြစ်ပွားမှုက လင်းနို့ စွပ်ပြုတ်စားရာကနေစတယ်

ဒီဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေဆီကနေစလာတယ်လို့ သုတေသီတွေက လက်ခံယုံကြည်ထား​​ကြပေမယ့် လင်းနို့စွပ်ပြုတ်ကနေ စလာတယ်ဆိုတဲ့ အထောက်အထား တစ်စုံတရာ မတွေ့ရှိရပါဘူး။

အရက်သောက်တာက ရောဂါကူးစက်ခံရနိုင်ခြေကို လျှော့ချပေးနိုင်တယ်

ဒါက လူအများကြားမှ ရေပန်းစားနေတဲ့ ပြောစကားတစ်ခုပါ။ တကယ်ကတော့ အယ်လ်ကိုဟော ၊ အရက်စတဲ့ သောက်စရာတွေက ရောဂါပိုးကို မတိုက်ဖျက်နိုင်ပါဘူး။

အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေးထိုးရင် ကိုဗစ်ကို တိုက်ဖျက်ပေးနိုင်တယ်

အစွန်းချွတ်ဆေး၊ ပိုးသတ်ဆေးတွေကို သောက်တာ၊ ထိုးသွင်းတာတွေက ကိုယ်တွင်း ကဗိုင်းရပ်စ်ကို မဖယ်ရှားပေးနိုင်ပါဘူး။ အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် မလုပ်သင့်ပါဘူး။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[covid_19]

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Coronavirus myths explored https://www.medicalnewstoday.com/articles/coronavirus-myths-explored Accessed Date 26 April 2020

WHO Timeline – COVID-19 https://www.who.int/news-room/detail/08-04-2020-who-timeline—covid-19 Accessed Date 26 April 2020

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမှာလဲ

ကိုယ်ပူတိုင်း COVID_19 လား………………….



Aye Thi Mon မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement