ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ဖြစ်ပွားကူးစက်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကတော့ ဖြစ်စမြဲပါ။ ဒါကြောင့်လည်း ရောဂါကိုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါလို့ ပြောကြတာပေါ့။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ဖြစ်ပွားကူးစက်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကတော့ ဖြစ်စမြဲပါ။ ဒါကြောင့်လည်း ရောဂါကိုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါလို့ ပြောကြတာပေါ့။
ဆီးချို ဖြစ်ရင် နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ်ပျက်စီးတာ၊ မျက်စိကွယ်တာ၊ နှလုံးထိခိုက်တာမျိုးတွေ ဖြစ်နိုင်သလို သွေးတိုးရင်လည်း နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာ၊ နှလုံးရောဂါ စတာတွေကို ခံစားရပါတယ်။
ဒီလိုပါပဲ အခုလက်ရှိ ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ မဖြစ်အောင် ကာကွယ်ဖို့ အထပ်ထပ် ပြောနေရတာပါ။
Covid -19 ရောဂါပိုး ကူးစက်ခံရလို့ ပြင်းထန်မယ်ဆိုရင် အထူးကြပ်မတ်ကုသမှုကို ခံယူရနိုင်သလို အခန့်မသင့်ရင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အသက်မသေဆုံးခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းမှာ အခုလို ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဖို့ ပြောချင်ပါတယ်။
ဒါတွေအပြင် အခြားသော ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ခံစားရနိုင်တာကြောင့် ကိုဗစ်ဗိုင်းရပ်စ်ကို မကူးစက်ခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။
ကဲ….. အားလုံး မကြာခဏ လက်ဆေးတာ၊ လူထူထပ်တဲ့ နေရာတွေကို မသွားဖြစ်အောင် ရှောင်တာ၊ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်တာ၊ အာဟာရ ပြည့်ဝအောင် စားသုံးတာ၊ အိပ်ရေးဝအောင် အိပ်စက် အနားယူတာတွေ လုပ်ပြိး ကိုဗစ်ကို အတူကာကွယ် ကြစို့လား။
မိမိကစလို့ ကိုဗစ်ကို သေချာလေး ကာကွယ်ပေးပါနော်….. Hello ဆရာဝန် ပရိသတ်ကြီးရေ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။