COVID-19 ကြောင့် အသက်အန္တရာယ်အပြင်ဘာတွေဖြစ်နိုင်သေးလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 25, 2020 . 2 mins read
Share now

ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခု ဖြစ်ပွားကူးစက်ပြီဆိုရင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကတော့ ဖြစ်စမြဲပါ။ ဒါ​ကြောင့်လည်း ရောဂါကိုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါလို့ ပြောကြတာပေါ့။

ဆီးချို ဖြစ်ရင် နောက်ဆက်တွဲ အနေနဲ့ ကျောက်ကပ်ပျက်စီးတာ၊ မျက်စိကွယ်တာ၊ နှလုံးထိခိုက်တာမျိုးတွေ ဖြစ်နိုင်သလို သွေးတိုးရင်လည်း နောက်ဆက်တွဲ အနေနဲ့ လေဖြတ်တာ၊ နှလုံးရောဂါ စတာတွေကို ခံစားရပါတယ်။

ဒီလိုပါပဲ အခုလက်ရှိ ကမ္ဘာတလွှားမှာ ဖြစ်ပွားနေတဲ့ ကိုဗစ် ဖြစ်ရင်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့်မို့ မဖြစ်အောင် ကာကွယ်ဖို့ အထပ်ထပ် ပြောနေရတာပါ။

ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်သလဲ။

Covid -19 ရောဂါပိုး ကူးစက်ခံရလို့ ပြင်းထန်မယ်ဆိုရင် အထူးကြပ်မတ်ကုသမှုကို ခံယူရနိုင်သလို အခန့်မသင့်ရင် သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။ တကယ်လို့ အသက်မသေဆုံးခဲ့ဘူးဆိုရင်တောင် နောက်ပိုင်းမှာ အခုလို ကျန်းမာရေး ပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဖို့ ပြောချင်ပါတယ်။

  • နှလုံး ကြွက်သားများ ထိခိုက်ပျက်စီးပြီး ရေရှည်မှာ နှလုံးက ကောင်းစွာ အလုပ် မလုပ်နိုင်တဲ့အတွက် နှလုံးရောဂါပြဿနာ အမျိုးမျိုး ခံစားရနိုင်ပါတယ်
  • အဆုတ် အတွင်းရှိ လေအိတ်ငယ်များ ပျက်စီးသွားပြီး အဆုတ်တွင် အမာရွတ် ကျန်ခဲ့နိုင်ပါတယ်။ ဒီလို အမာရွတ် ကျန်ခဲ့ခြင်းရဲ့ နောက်ဆက်တွဲကတော့ အသက်ရှူရခက်တာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ခံစားရတာ ဖြစ်နိုင်ပါတယ်။
  • အသက်ငယ်ရွယ်သူတွေမှာ ဦးနှောက်နဲ့အာရုံကြောစနစ် ထိခိုက်ပြီး လေဖြတ်တာ၊ အတက်ရောဂါ၊ အကြောသေရောဂါ (Guillain barre syndrome) ဖြစ်ပွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ ခြေတုန်လက်တုန်ဖြစ်ပွားခြင်း (Parkinson) ရောဂါ၊ မှတ်ဉာဏ်ဆုံးရှုံးတဲ့ (Alzheimer) ရောဂါ စတဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေနိုင်ပါတယ်။
  • ခန္ဓာကိုယ်ရှိ သွေးကြောများအတွင်း သွေးခဲခြင်းများ ဖြစ်ပေါ်စေပြီး ဦးနှောက် သွေးခဲခြင်း၊ နှလုံးသွေးကြော ပိတ်ခြင်း၊ ခြေ​ထောက်သွေးပြန်​ကြော သွေးခဲပိတ်ဆို့ခြင်း ပြဿနာတွေကို ခံစားရနိုင်ပါတယ်။
  • အသည်း နဲ့ ကျောက်ကပ်ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။
  • သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာဆိုရင် အလွန်အမင်း မောပန်းခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ပြဿနာများကို ပုံမှန်ထက် ပိုပြင်းထန်စွာ ခံစားရတာ ကာလရှည်ကြာ ခံစားရတာတွေကို ခံစားရနိုင်ပါတယ်။
  • ရောဂါပိုး ကူးစက်ခံရချိန်မှာ သီးသန့်နေထိုင်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအနေနဲ့ စိတ်ဓာတ်ကျတာ၊ အထီးကျန်တာ၊ စိုးရိမ်စိတ် လွန်ကဲတာလိုမျိုး စိတ်ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

ဒါတွေအပြင် အခြားသော ကျန်းမာရေးဆိုးကျိုးတွေကိုလည်း ခံစားရနိုင်တာကြောင့် ကိုဗစ်ဗိုင်းရပ်စ်ကို မကူးစက်ခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။

ကဲ….. အားလုံး မကြာခဏ လက်ဆေးတာ၊ လူထူထပ်တဲ့ နေရာတွေကို မသွားဖြစ်အောင် ရှောင်တာ၊ အပြင်ထွက်ရင် နှာခေါင်းစည်း တပ်တာ၊ အာဟာရ ပြည့်ဝအောင် စားသုံးတာ၊ အိပ်ရေးဝအောင် အိပ်စက် အနားယူတာတွေ လုပ်ပြိး ကိုဗစ်ကို အတူကာကွယ် ကြစို့လား။

မိမိကစလို့ ကိုဗစ်ကို သေချာလေး ကာကွယ်ပေးပါနော်….. Hello ဆရာဝန် ပရိသတ်ကြီးရေ

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မြန်မာနိုင်ငံကို တတိယလှိုင်း ဝင်လာနိုင်သလား။ ဘာတွေ ကြိုပြင်ထားကြမလဲ။

ကိုဗစ်နဲ့ ပတ်သက်ပြီး လတ်တလောမှာ တစ်ကမ္ဘာလုံး စိတ်ပူနေကြတာကတော့ တတိယလှိုင်းပါပဲ။ စကတည်းက ပညာရှင်တွေက ကိုဗစ်က လှိုင်းနဲ့ လာတတ်တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

အထက်လန်အောက်လျှော က အဖြစ်များတဲ့ရောဂါပါ။ အများစုက အလိုလို သက်သာပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာတော့ ဆရာဝန်နဲ့ ပြသလို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

Aphantasia (သို့မဟုတ်) စိတ်မျက်စိကွယ်ခြင်း

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read
ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 14, 2021 . 2 mins read