backup og meta

လေဒီလေး တို့အတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေး တို့အတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်

    လေဒီလေး တို့အနေနဲ့ ဘယ်အသက်အရွယ်ကိုရောက်ရောက် ကျန်းမာနေစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိနေပါတယ်။ ဒါတွေက ဘာတွေများလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    အရွယ်တိုင်းမှာ ကျန်းမာတဲ့ လေဒီလေး ဖြစ်စေဖို့

    အရွယ်တိုင်းမှာ ကျန်းမာတဲ့ လေဒီလေ းဖြစ်ဖို့ဆိုရင် ဘယ်အသက်အရွယ်ကိုပဲရောက်ရောက် အာဟာရပြည့်ဝအောင်စားပြီး သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ဖို့လိုပါမယ်။ ဒါမှကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းနိုင် မှာပါ။ နောက်တစ်ချက် သတိထားရမှာက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် ဖြည့်မိဖို့ ပါ။ ဒါမှ ရောဂါကင်းပြီး ကျန်းမာလှပတဲ့ လေဒီတစ်ယောက်ဖြစ်တော့မပေါ့။

    လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်တွေက

    အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်ချက်ကပိုမြင့်မားလာနိုင်ပါတယ်။ ဒီတော့ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရတွေပြည့်ဝနေဖို့လိုမှာပါ။ ဒီတော့ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မှာက ဘယ်အာဟာရတွေလဲလို့သိချင်နေပြီလား။ ဆက်ကြည့်လိုက်နော်။

    သံဓာတ်

    • ကယ်လ်ဆီယမ်

    • ဖောလစ်အက်ဆစ်

    • omega-3 fatty acid

    • ဗီတာမင် D

    • ဗီတာမင် B12

    • ဗီတာမင် C

    • Choline

    • ပရိုတင်း

    ရေဓာတ်တို့ပြည့်ဝဖို့လိုပါမယ်။

    လေဒီလေး တို့ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ်မှာ လိုအပ်မယ့် အာဟာရဓာတ်တွေက ဘာတွေလဲ

    လှပကျန်းမာတဲ့ လေဒီလေးတစ်ယောက်အဖြစ်အရွယ်ရောက်ကြီးပြင်းလာစေဖို့ဆိုရင်တော့ ငယ်စဉ်ကလေးဘဝကတည်းက အာဟာရပြည့်ဝမျှတစွာရရှိဖို့လိုမှာပါ။ ဒါကြောင့် သမီးငယ်လေးတွေကို ငယ်စဉ်ကတည်းက ကယ်လ်ဆီယမ်နဲ့ သံဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ဖို့လိုပါမယ်။ ဒါတွေအပြင် ပရိုတင်းပြည့်ဝမှုကိုလည်း မေ့မထားဖို့ ပြောပါရစေနော်။

    အရွယ်တိုင်းမှာ လေဒီလေးတို့အနေနဲ့ ကယ်လ်ဆီယမ်ပြည့်ဝမှုရှိနေဖို့က လိုအပ်တာပါ။ ဒါပေမယ့် ကလေးအရွယ်နဲ့ မြီးကောင်ပေါက်အရွယ်မှာတော့ ကယ်လ်ဆီယမ်ပြည့်ဝမှုက တော်တော်လေးကိုအရေးကြီးတာပါ။ အကြောင်းကတော့ ကြီးထွားဖွံ့ဖြိုးဆဲ အရိုးတွေအကောင်းဆုံး ကြံ့ခိုင်သန်စွမ်းစေဖို့ပါ။

    ကယ်လ်ဆီယမ်ပြည့်ဝစွာရရှိစေဖို့ဆိုရင် နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်။ ပဲနို့တို့ကို စားသုံးပေးလို့ရပါတယ်။

    • ပရိုတင်း

    ကြီးထွားဖွံ့ဖြိုးဆဲခန္ဓာကိုယ်မှာ အရိုးနဲ့ကြွက်သားတွေသန်မာစေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။

    ပရိုတင်းပြည့်ဝစေဖို့ဆိုရင် ကြက်သား အရေခွံမပါ၊ အဆီပါဝင်မှုနည်းတဲ့ အနီရောင်အသားတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ပဲအမျိုးမျိုး တို့ကို စားပေးလို့ရပါတယ်။

    • သံဓာတ်

    ကျန်းမာတဲ့ သွေးဆဲလ်တွေဖြစ်ပေါ်စေဖို့ မရှိမဖြစ်လိုအပ်တာပါ။ အပျိုဖော်ဝင်စ မိန်းကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ပါ။ သံဓာတ်အားနည်းမှုက သွေးအားနည်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ်ပြည့်ဝမှုကိုလည်း ဂရုစိုက်ဖို့လိုအပ်ပါမယ်။ သံဓာတ်ပြည့်ဝမှုက လေ့လာသင်ယူနိုင်စွမ်းကိုပါ ကောင်းမွန်စေနိုင် မှာပါ။

    သံဓာတ်ပြည့်ဝစေဖို့ဆိုရင် အမဲသား၊ ကြက်သား၊ ကြက်ဆင်သား၊ တူနာငါး၊ ပဲအမျိုးမျိုး၊ ပဲနီလေး နဲ့ သံဓာတ်ဖြည့်ထားတဲ့ ကွေကာတို့ကို စားသုံးပေးလို့ရပါတယ်။

    ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ နေ့စဉ်စားသုံးတဲ့အာဟာရတွေထဲမှာ အခုပြောခဲ့တဲ့ အာဟာရဓာတ်တွေကို ပါဝင်အောင် စားသုံးပေးဖို့လိုပါမယ်။

    သက်လတ်ပိုင်းအရွယ်မှာ လိုအပ်မယ့်အာဟာရဓာတ်တွေက ဘာတွေလဲ

    အရွယ်ရောက်လာတဲ့ လေဒီလေးမှာ အာဟာရလိုအပ်ချက်က ဆယ်ကျော်သက်အရွယ်မှာထက်ပိုများလာမှာ အမှန်ပါ။ ဒီတော့ ကျန်းမာတဲ့ လေဒီလေးရော ကျန်းမာတဲ့မေမေတစ်ယောက်ပါ ဖြစ်ဖို့ဆိုရင်တော့

    မိခင်တစ်ယောက်ဖြစ်လာမယ့် လေဒီလေးတွေအတွက်ဆိုရင်တော့ မွေးလာမယ့် ဘေဘီလေးကျန်းမာစေဖို့အတွက် မဖြစ်မနေပြည့်ဝနေဖို့လိုပါမယ်။ ဖောလစ်အက်ဆစ်ပြည့်ဝနေစေဖို့ဆိုရင် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ ဖြည့်စွက်အာဟာရတွေကို စားသုံးပေးလို့ ရပါတယ်။

    • ဗီတာမင် B12

    အာရုံကြောစနစ်ကျန်းမာစေဖို့နဲ့ မွေးလာမယ့် ဘေဘီလေးရဲ့ ဦးနှောက်နဲ့အာရုံကြောစနစ် အကောင်းဆုံးဖွံ့ဖြိုးစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ နို့တိုက်မိခင်တိုင်းအတွက်လည်း လိုအပ်မယ့် အာဟာရဓာတ်တစ် ခုပေါ့။ သက်သတ်လွတ်စားသုံးသူတွေမှာ ဒီဓာတ်က ချို့တဲ့တတ်ပါတယ်။

    ဗီတာမင် B12 ပြည့်ဝစေဖို့ဆိုရင် အသားများများစားပေးတာက အကောင်းဆုံးနည်းလမ်းပါ။

    အာရုံကြောစနစ်ကျန်းမာစေဖို့ လိုအပ်သလို ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့ မရှိမဖြစ်လိုအပ်မယ့်အာဟာရဓာတ်ပါ။

    ဒီဓာတ်ပြည့်ဝနေစေဖို့က ကြက်ဥ၊ နို့၊ အသည်း၊ မြေပဲတို့ကို စားသုံးပေးလို့ရပါတယ်။

    • Omega-3 Fatty Acid

    ဦးနှောက် နဲ့ အာရုံကြောဆဲလ်တွေကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် လမစေ့ဘဲ ကလေးမွေးဖွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေဒီလေး တို့ရဲ့ အသက်ကိုခြိမ်းခြောက်နေတဲ့ နှလုံးရောဂါမဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

    Omega-3 Fatty Acid ပြည့်ဝစေဖို့ဆိုရင် သစ်ကြားသီး၊ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး၊ အခွံမာသီးတွေ၊ နှမ်းကြတ်စေ့ တို့ကနေရရှိပါတယ်။

    • ဗီတာမင် D

    လေဒီလေးတွေကျန်းမာစေဖို့ လိုအပ်ပါတယ်။ ဗီတာမင် D ကအရိုးတွေသန်စွမ်းစေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို အကောင်းဆုံးစုပ်ယူနိုင်စေဖို့ ထောက်ပံ့ပေးပါတယ်။

    နေရောင်ခြည်ကနေရရှိနိုင်သလို ဗီတာမင် D ဖြည့်စွက်ထားတဲ့ အစားအစာတွေကနေလည်းရရှိနိုင်ပါတယ်။

    • ကယ်လ်ဆီယမ်

    အသက်အရွယ်ရလာလေလေ လေဒီလေးတွေအတွက်ပိုလိုအပ်လာလေဖြစ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်စေဖို့ အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

    ကယ်လ်ဆီယမ်ပြည့်ဝစွာရရှိစေဖို့ဆိုရင် နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်။ ပဲနို့တို့ကို စားသုံးပေးလို့ရပါတယ်။

    • သံဓာတ်

    သွေးအားနည်းရောဂါ၊ ပင်ပန်းနွမ်းနယ်တာ၊ ခြေကုန်လက်ပမ်းကျတာမျိုးတွေ မဖြစ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

    သံဓာတ်ပြည့်ဝစေဖို့ဆိုရင် အမဲသား၊ ကြက်သား၊ ကြက်ဆင်သား၊ တူနာငါး၊ ပဲအမျိုးမျိုး၊ ပဲနီလေး နဲ့ သံဓာတ်ဖြည့်ထားတဲ့ ကွေကာတို့ကို စားသုံးပေးလို့ရပါတယ်။

    အရွယ်ရလာတဲ့ လေဒီတို့အတွက်လိုအပ်မယ့် အာဟာရဓာတ်တွေက ဘာတွေလဲ

    အပျိုဖော်ဝင်ချိန်မှာ ခန္ဓာကိုယ်ကပြောင်းလဲမှုတစ်ကြိမ်ဖြစ်ပြီး သွေးဆုံးချိန်မှာ နောက်ထပ်တစ်ကြိမ်ပြောင်းလဲပါတယ်။ ဒီအချိန်မှာ ရာသီသွေးမဆင်းတော့တာမို့ သံဓာတ်လိုအပ်ချက်ကတော့ နည်းသွားပါပြီ။ ဒါပေမယ့် အရိုးတွေနဲ့ ကြွက်သားတွေ သန်စွမ်းစေဖို့အတွက်တော့ အခြားအာဟာရတွေကို ပိုမိုလိုအပ်လာနိုင်ပါတယ်။

    • ကယ်လ်ဆီယမ်

    အရွယ်ရလာတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အရင်ကလောက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D တို့ မပြည့်ဝတော့တာ အမှန်ပါ။ အစောပိုင်းကာလအပိုင်းအခြားတွေထက် ကယ်လ်ဆီယမ်ကို ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကယ်လ်ဆီယမ်ကို အရင်ကထက်ပိုပြီး ပြည့်ဝနေစေဖို့ ဂရုစိုက်ရပါမယ်။

    ကယ်လ်ဆီယမ်ပြည့်ဝစွာရရှိစေဖို့ဆိုရင် နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ ဂေါ်ဖီထုပ်။ ပဲနို့တို့ကို စားသုံးပေးလို့ရပါတယ်။

    • ဗီတာမင် B12

    ဦးနှောက်နဲ့မှတ်ဉာဏ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ အရွယ်ရလာတာကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေကို ကာကွယ်ဖို့အတွက် မဖြစ်မနေပြည့်ဝအောင်ဂရုစိုက်သင့်ပါတယ်။

    ဗီတာမင် B12 ပြည့်ဝစေဖို့ဆိုရင် အသားများများစားပေးတာက အကောင်းဆုံးနည်းလမ်းပါ။ အားဆေးသောက်ပေးလို့လည်း ရပါတယ်။

    အရွယ်ရလာလေလေ ရေဓာတ်လိုအပ်ချက်က မြင့်မားလာလေပါ။ ကျောက်ကပ်က အရွယ်ရောက်လာလေလေ ကိုယ်တွင်းကအဆိပ်အတောက်တွေကိုဖယ်ရှားနိုင်စွမ်းနည်းလာလေလေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျောက်ကပ်က သူ့ရဲ့ လုပ်ငန်းစဉ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့အတွက် ရေများများသောက်ပေးဖို့လိုပါမယ်။ ဆီးကို အရောင်ကြည်ကြည်လေးဖြစ်တဲ့ အထိရေကို လုံလောက်အောင် သောက်သုံးပေးပါ။

    အရွယ်တိုင်းမှာကျန်းမာစေဖို့ လိုအပ်မယ့် အာဟာရဓာတ်တွေကို ပြည့်ဝအောင် ဖြည့်စွမ်းလိုက်ပါ လေဒီတို့ရေ……….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement