ဒါက ခဏတဖြုတ်နဲ့ ပျောက်သွားမယ့် ကျန်းမာရေးပြဿနာ မဟုတ်ပေမယ့် လုံလောက်တဲ့ အာဟာရတွေကို ရရှိမယ်ဆိုရင် သက်သာမှာပါ။ ဒါကြောင့် ရွှေဖရုံရွက်ကို စားပေးသင့်ပါတယ်။
သွေးချို ထိန်းညှိပေးတယ်
ရွှေဖရုံရွက် သွေးတွင်းသကြားဓာတ် ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဆီးချို ကာကွယ်ဖို့ဖြစ်ဖြစ် ဆီးချိုရှိနေသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိဖို့ပဲဖြစ်ဖြစ် စားသုံးပေးလို့ရပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
သံဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ သွေးနီဥဆဲလ်တွေကို အောက်ဆီဂျင် ပြည့်ဝစွာ ရရှိအောင် ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ကို ရောဂါတွေဒဏ်ကနေ ကာကွယ်ပေးပြီး ရောဂါတွေကို ခုခံဖို့ အားဖြည့်ပေးပါတယ်။ သွေးနီဥဆဲလ်တွေကို အားဖြည့်ပေးလို့ ပျက်စီးသွားတဲ့ တစ်ရှူးတွေ၊ ဆဲလ်တွေကို အသစ်ဖြစ်ပေါ်စေပြီး ထိခိုက်မှုတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်စေဖို့လည်း အားဖြည့်ပေးပါတယ်။
အသားအရေကို အားဖြည့်ပေးတယ်
ရွှေဖရုံရွက်မှာ ဗီတာမင် A ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင် A ကြွယ်ဝမှုက ကိုယ်တွင်းက ဓာတ်တိုးပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေကိူ အထိရောက်ဆုံး ဖယ်ရှားနိုင်တာကြောင့် အသားအရေထိခိုက်ပျက်စီးမှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို နူးညံ့စေပြီး အာဟာရ ဖြည့်ပေးပါတယ်။ အသားအရေခြောက်သွေ့တာ အပါအဝင် အရေပြားပြဿနာတွေကို သက်သာစေနိုင်ပါတယ်။
အဆစ်ရောင်နာကို သက်သာစေတယ်
ကိုယ်ထဲမှာ ဗီတာမင် B6 နည်းလာတဲ့အခါ အဆစ်ရောင်နာ ဖြစ်နိုင်ခြေမြင့်လာပြီး အဆစ်တွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေ ကိုက်ခဲတာကိုလည်း ခံစားရနိုင်ပါတယ်။ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းဖို့က ဗီတာမင် B6 ပြည့်ဝဖို့ပါ။ အဆစ်နာတာကို သက်သာစေဖို့ဖြစ်ဖြစ် ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေဖို့ဖြစ်ဖြစ် ရွှေဖရုံရွက် စားပေးလို့ရပါတယ်။
အရိုးတွေ သန်မာစေတယ်
ရွှေဖရုံရွက်မှာ အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့ မရှိမဖြစ်လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ phosphorus တို့ ပါဝင်နေပါတယ်။ ဒါကြောင့် အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေဖို့အတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ် နဲ့ phosphorus ပြည့်ဝစေဖို့ဆိုရင် ရွှေဖရုံရွက် စားပေးလို့ရပါတယ်။
ရာသီအကြို လက္ခဏာတွေကို သက်သာစေနိုင်တယ်
လေဒီ အများစုခံစားရတဲ့ ရာသီအကြိုလက္ခဏာဖြစ်တဲ့ စိတ်ဆိုးလွယ်တာ၊ စိတ်ဆတ်တာ၊ စိတ်ဓာတ်ကျ၊ ခေါင်းကိုက်တာ၊နေရထိုင်ရ မအီမသာဖြစ်တာမျိုးတွေကို သက်သာစေဖို့ဆိုရင် မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ လိုပါမယ်။ ဒီတော့ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ ရွှေဖရုံရွက်ကို စားတာ အကောင်းဆုံးဖြစ်မှာပါ။
ဝမ်းမှန်စေတယ်
ရွှေဖရုံရွက်မှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပေးပါတယ်။ ဝမ်းပျော့ပျော့သွားစေပြီး အူကြွက်သားတွေကို ကျုံ့ဆန့်အားကောင်းစေပါတယ်။ ဝမ်းမှန်စေတဲ့အပြင် လိပ်ခေါင်းမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
သွား နဲ့ ခံတွင်း ကျန်းမာစေတယ်
ရွှေဖရုံရွက်မှာ သွား နဲ့ သွားဖုံးတွေကို ကျန်းမာစေနိုင်တဲ့ phosphorus၊ ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D တို့ ပါဝင်နေပါတယ်။ မေးရိုးတွေကိုက သန်မာစေပြီး သွားတွေကို ခိုင်မာစေသလို အပေါ်ယံကြွေလွှာတွေ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။
အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု ကင်းစေတယ်
ရွှေဖရုံရွက်မှာ Copper ပါဝင်နေပြီး ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝနေတာက ဓာတ်တိုးပစ္စည်းတွေကြောင့် အရေးအကြောင်း ဖြစ်တာ၊ အသက်အရွယ်ကြောင့် အရေပြားမှာ အစက်အပြောက်တွေဖြစ်တာ၊ အရေပြား လျော့ရဲတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဘယ်သူတွေ မစားသင့်ဘူးလဲ
လူတိုင်း ရွှေဖရုံညွန့်ကို စားပေးလို့ ရပါတယ်။ ဒါပေမယ့် အလွန်အကျွံ မစားပါနဲ့။ အစာမကြေတာ၊ ဝမ်းချုပ်တာမျိုးတွေ ဖြစ်စေနိုင်လို့ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။