backup og meta

ဘေဘီလေး ၄ လ ကနေ ၆ လအတွင်းမှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးမလဲ………….

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး ၄ လ ကနေ ၆ လအတွင်းမှာ ဘယ်လိုကြီးထွားဖွံ့ဖြိုးမလဲ………….

    ပထမ ၃ လကထက် ပိုပြီးမြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ၄ လ ကနေ ၆ လအရွယ် ဘေဘီလေး အနေနဲ့

    ကိုယ်အလေးချိန်က – တစ်လကို ၁ ပေါင်ကျော်ကျော်လောက်တက်ရမှာဖြစ်ပြီး ၄ လ ကနေ ၅ လအတွင်းမှာတော့ ဒီထက် ၂ ဆတက်ရပါမယ်။

    အရပ်အမြင့် က – တစ်လကို လက်မဝက် ဒါမှမဟုတ် ၁ လက်မလောက်တက်လာရပါမယ်။

    ဦးခေါင်းအရွယ်အစား – တစ်လကို လက်မဝက်လောက် လုံးပတ်တက်လာရပါမယ်။

    ဘေဘီလေးက ဒီအရွယ်မှာ ဘာတွေလုပ်တတ်ပြီလဲ…………..

    ဘေဘီလေးက ဒီအရွယ်မှာ အရင်ကထက် ပိုပြီးသန်မာလာပြီဖြစ်သလို လုပ်ချင်တာတွေကလည်း များလာပါပြီ။ အရင်ကထက်လည်း မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပါပြီ။ ဒီအရွယ်မှာ စိုက်ထူမယ့် milestone တွေက အရင်ကထက်ပိုများလာပါပြီ။

    • အလိုလျောက်ဖြစ်နေတဲ့ လှုပ်ရှားမှုလေးတွေ လုံးဝကိုမရှိတော့ဘူး

    • ခေါင်းကို ကောင်းကောင်းထိန်းတတ်ပြီ

    • အကူအညီနဲ့ ထိုင်တတ်ပြီ

    မတ်တတ်စမ်းဖို့စကြိုးစားပါပြီ

    • လက်တစ်ဖက်က ပစ္စည်းကို လက်တစ်ဖက်စီ စပြောင်းတတ်ပြီ

    ခြေထောက်လေးတွေကို ပက်လက်နေရင်း ကိုင်တတ်ပြီ

    • ဝမ်းလျားမှောက်ပြီ

    သွားရည်တွေစကျလာပြီ (သွားစပေါက်တော့မယ်ဆိုတဲ့ သဘောပါ)

    • တစ်နေ့တာမှာ တစ်ခါအိပ်ရင် ၂ နာရီ ကနေ ၃ နာရီလောက်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိအိပ်မယ်

    • ညဘက်ကို ၆ နာရီ ကနေ ၈ နာရီလောက်အထိအိပ်မယ်

    အရောင်တွေ အားလုံးကို မြင်ရပြီ

    • ခပ်လှမ်းလှမ်းက ပစ္စည်းတွေကို မြင်တတ်လာပြီ။

    ဘေဘီလေး ဘာတွေပြောတတ်ပြီလဲ…….

    ဘေဘီလေးတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ စောင့်ကြည့်နေရတဲ့ မေမေဖေဖေတို့လည်း အံ့သြခြင်းများစွာနဲ့ပါ။

    • စကားလုံးတွေမပီသသေးပေမယ့် စကားစပြောနေပါပြီ

    • အသံလေးတွေ တီတီတာတာလုပ်တတ်ပြီ

    • ၆ လလောက်ရောက်လာတဲ့အခါ ဖေ၊ မေ စတဲ့စကားလုံးလေးတွေကို ထွက်တတ်လာပြီ

    • အသံထွက်ပြီးရယ်တတ်ပြီ။ အသံတော်တော်များများကို လုပ်တတ်လာပြီ

    ပစ္စည်းလေးတွေကို စပစ်တတ်လာပြီ။

    ဘေဘီလေးက ဘာတွေနားလည်နေပြီလဲ……….

    သူ့အနီးအနားက လူတွေနဲ့ အရာဝတ္ထုတွေကို အာရုံစိုက်တတ်ပါပြီ။ အပြန်အလှန်ဆက်သွယ်မှုတွေလုပ်တတ်လာပြီ။ ဒါတွေအပြင်

  • မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ ရင်းနှီးသူတွေကို သတိထားမိတတ်ပြီ၊ အရာဝတ္ထုတွေကို သိလာပြီ
  • ချီခိုင်းတတ်ပြီ
  • အရာဝတ္ထုတွေကို စမှတ်သားတတ်ပြီ
  • သူချစ်တဲ့သူတွေ သူ့ကိုမခေါ်ဘဲထားတာကို မကြီုက်ကြောင်း ပြသတတ်ပြီ
  • မလုပ်ရဘူးဆိုတဲ့ စကားလုံးကို နားလည်စပြုပြီ
  • အကြောင်းအကျိုးကို နည်းနည်း နားလည်လာပြီ
  • ဖေဖေမေမေတို့က ဘာတွေလုပ်ပေးဖို့လိုမလဲ…………

    ဒီအရွယ်မှာ ဘေဘီလေးကို စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးဖွံ့ဖြိုးလာစေဖို့

    • ဘေဘီလေးကို စကားခဏခဏပြောပေးပါ

    • ခဏခဏ ပြုံးပြပါ

    • အတူတူရယ်မောပေးပါ

    ထမင်းကျွေးတဲ့အခါ၊ အဝတ်အစားလဲပေးတဲ့အခါ၊ သေးခံလဲပေးတဲ့အခါမျိုးမှာဖြစ်ဖြစ် ရေချိုးပေးချိန်မှာဖြစ်ဖြစ် စကားပြောပေးပါ

    • နေ့တိုင်း အချိန်ပေးပြီး ကလေးနဲ့ အတူတူကစားပေးပါ

    • ကလေးနဲ့အတူတူ စည်းချက်ညီညီ ကပေးပါ

    • အခြားရွယ်တူ ကလေးငယ်တွေနဲ့ မိတ်ဆက်ပေးပါ

    အရုပ်လေးတွေနဲ့ ပေးကစားပါ

    • ရယ်မောစေမယ့်အရာတွေအ တူတူလုပ်ရင်း ရယ်မောပါ။ ကျီးဖြူကျီးမဲ ကစားပေးတာမျိုးပေါ့။

    • ရုပ်ပုံကားချပ်လေးတွေနဲ့ စိတ်ဝင်စားစရာကောင်းတာတွေကို ပြသပေးပါ

    • စာအုပ်ဖတ်ပြပါ။ ပုံပြင်ဖက်ပြပါ။

    • မှန်ကြည့်ခိုင်းပါ။ မှန်က ရုပ်ပုံပေါ်တယ်ဆိုတာကို သိအောင်လုပ်ပေးပါ

    • မမြင်ဖူးတာတွေကို မြင်တွေ့နိုင်စေဖို့ ကလေးကို အပြင်ခေါ်သွားပါ

    • ကလေးကို အိပ်ရာကနိုးတိုင်း ပွေ့ချီပေးပါ

    • ကလေးကို ကြင်ကြင်နာနာထွေးပွေ့ပါ

    • ကလေးဝမ်းနည်းနေတဲ့အခါချော့ပါ

    သက်သောင့်သက်သာ ဖြစ်အောင်ထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement