ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တဲ့ ဆယ်ကျော်သက်တွေ မူးယစ်ဆေးသုံးစွဲမှုနည်းပါး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဆယ်ကျော်သက်တွေဟာ ပစ္စည်းအသစ်အဆန်းတွေနဲ့ အန္တရာယ်များတဲ့ အရာတွေကို စူးစမ်းလိုစိတ်ရှိကြပါတယ်။ သူတို့ရဲ့ အသက်အရွယ်မှာ ဆေးဝါးတွေဟာ ဆွဲဆောင်မှုတစ်ခုဖြစ်နေတတ်ပြီး ကြည့်ရတာ စိတ်လှုပ်ရှားစရာကောင်းနေတာမို့ သူတို့ကို စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ ဆယ်ကျော်သက်တွေရဲ့ ကြီးထွားတဲ့အဆင့်မှာ အတော်များများဟာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ ဆေးဝါးတွေကို အလွဲသုံးစား လုပ်တတ်ကြပါတယ်။

မိဘအုပ်ထိန်းမှုဟာ ဆယ်ကျော်သက်တွေ ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွားလာစေဖို့ အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။ လေ့လာမှုအသစ်တစ်ခုကတော့ သူတို့ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ ဆယ်ကျော်သက်တွေဟာ မူးယစ်ဆေးမသုံးစွဲဖို့ များတယ်လို့ ဆိုပါတယ်။

ဆယ်ကျော်သက်တွေ မူးယစ်ဆေးသုံးရခြင်း အကြောင်းရင်းနဲ့ နောက်ဆက်တွဲ ပြဿနာများ

ဆယ်ကျော်သက်တွေအတွက်တော့ မူးယစ်ဆေးသုံးစွဲစေဖို့ ဦးတည်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ သူငယ်ချင်းတွေရဲ့ ဖိအားတွေ၊ အဖွဲ့တွေထဲ ဝင်ဆန့်နိုင်ဖို့ အတွေးတွေ၊ မူးယစ်ဆေးက သူတို့ကိုပေးစွမ်းတဲ့ ခံစားမှုတွေနဲ့ မူးယစ်ဆေးသုံးလိုက်ရင် သူတို့ဟာ လူကြီးတွေလိုပဲ အရွယ်ရောက်လာပြီလို့ ထင်နေတဲ့ ယုံကြည်မှုတွေ၊ အတွေးတွေဟာ အဖြစ်အများဆုံး အကြောင်းရင်းတွေပါပဲ။

ဒါတွေအပြင် မိဘတွေနဲ့ အဆင်မပြေတဲ့ ဆယ်ကျော်သက်တွေဟာ မူးယစ်ဆေးသုံးဖို့ အခွင့်အလမ်းပိုများပါတယ်။ အချို့သော စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေ၊ ဥပမာ- စိတ်ဓါတ်ကျခြင်းနဲ့ မိမိကိုယ်ကိုယုံကြည်မှု အားနည်းခြင်းတွေဟာလည်း မူးယစ်ဆေး သုံးစွဲစေတဲ့ အကြောင်းရင်းတွေပါပဲ။

မူးယစ်ဆေးသုံးစွဲခြင်း ဒါမှမဟုတ် ဆေးတွေကို အလွဲသုံးစားလုပ်ခြင်း (စွဲလမ်းခြင်း)တွေဟာ ဆယ်ကျော်သက်တွေအတွက်တော့ အပြင်ပန်းရော ခံစားချက်တွေကိုပါ ပြင်းထန်တဲ့ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါဟာ ဆယ်ကျော်သက်တွေ သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေ၊ ယာဉ်တိုက်မှု၊ မိမိကိုယ်ကိုသတ်သေမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရေနစ်သေဆုံးခြင်းတွေရဲ့ အဓိက အကြောင်းရင်းတွေလည်း ဖြစ်ပါတယ်။

ပိုပြီးပြင်းထန်တာကတော့ အချို့သော ဆေးဝါးတွေဟာ ဦးနှောက်ပျက်စီးမှုနဲ့ ဆေးလွန်သေဆုံးမှုတွေကိုပါ ဖြစ်စေနိုင်တာပါပဲ။

သူတို့ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ဆယ်ကျော်သက်တွေဟာ မူးယစ်ဆေးသုံးစွဲမှု နည်းပါးပါတယ။်

အထက်မှာဖော်ပြခဲ့တဲ့လေ့လာမှုအရ သုတေသနလုပ်သူတွေဟာ ဆယ်ကျော်သက်ပေါင်း ၁၅၀ကျော်နဲ့ သူတို့ရဲ့ မိဘတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ မေးခွန်းရဲ့ ခေါင်းစဉ်ကတော့ ဆေးဝါးသုံးစွဲခြင်းတွေ၊ နေ့စဉ်ပေါင်းသင်းဆက်ဆံပြောဆိုခြင်းတွေနဲ့ အပေါင်းအသင်းစတဲ့ အကြောင်းအရာတွေပါ။ ရလဒ်ကတော့ မိဘတွေနဲ့ အနေနီးပြီး ဓမ္မဒိဋ္ဌာန်ကျကျဆွေးနွေးတတ်တဲ့ ဆယ်ကျော်သက်တွေဟာ သက်တူရွယ်တူ အပေါင်းအသင်းတွေကပေးတဲ့ ဖိအားကို ခံနိုင်ဖို့အတွက် ပိုပြီးကောင်းမွန်စွာပြင်ဆင်ထားနိုင်တယ်လို့ တွေ့ရပါတယ်။

ဒီဆယ်ကျော်သက်တွေရဲ့ မိဘတွေမှာလည်း ဆွေးနွေးခြင်းအတွက် မှန်ကန်တဲ့ အပြုအမူတွေရှိတတ်ကြပါတယ်။ ဥပမာ- အေးဆေးတည်ငြိမ်တာမျိုး၊ မျှမျှတတမှန်မှန်ကန်ကန်စဉ်းစားတတ်တာမျိုးနဲ့ နားထောင်ပေးတတ်တာမျိုးတွေစသဖြင့်ပေါ့။

မိဘတွေကို ဘယ်လိုငြင်းဆန်ရမလဲသိတဲ့သူတွေဟာ မူးယစ်ဆေး၊ ဆေးရွက်ကြီးနဲ့ အရက်စတဲ့ အရာတွေကိုလည်း ငြင်းဆန်တတ်တယ်ဆိုတဲ့ အမှန်တရားတစ်ရပ်ကိုလည်း ဒီလေ့လာမှုက ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ မေးမြန်းခံခဲ့ရတဲ့ကလေးတွေဟာ ၁၃နှစ် ၁၅နှစ်နဲ့ ၁၆နှစ်အရွယ်တွေဖြစ်ပြီး ဒီအရွယ်ဟာ သူတို့ကိုယ်သူတို့ ပြန်လည်ရှာဖွေနေတတ်တဲ့ အရွယ်တွေပါ။

သူတို့ဟာ အော်ဟစ်ခြင်းနဲ့ ဆူပူငြီးငြူခြင်းတွေဟာ ဘယ်လိုအငြင်းပွားမှုမျိုးကိုမှ အဖြေရှာမပေးနိုင်ဘူးဆိုတာကိုလည်း သင်ယူနိုင်ကြပါတယ်။ ဒါ့အပြင် အငြင်းပွားမှုနဲ့ ဆွေးနွေးမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း၊ လေးစားမှုရှိရှိနဲ့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံဆွေးနွေးနိုင်တဲ့ လမ်းစဉ်တွေနဲ့သာ ဖြေရှင်းသင့်ပါတယ်။

ပညာရှိဆန်ဆန် ငြင်းပယ်ခြင်းကို နားလည်ထားခြင်းဟာ ကလေးတွေအတွက်တော့ ပတ်ဝန်းကျင်ကို မျက်နှာမပျက်စေဘဲ ငြင်းဆန်တဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်လို့လည်း ဆိုထားပါတယ်။

မိသားစုဆရာဝန်တစ်ယောက်ကတော့ မူးယစ်ဆေးသုံးစွဲနေတဲ့ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ အမြင်နဲ့ ကိစ္စတစ်ခုကို ဘယ်လိုတွေးခေါ်တယ်ဆိုတာကို မိဘတွေကို ပြောပြနိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။ တကယ်လို့များ ဆယ်ကျော်သက်တစ်ယောက်ဟာ သူတို့ကိုယ်သူတို့ရှာမတွေ့ခဲ့ရင် (သူတို့ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာမသိဘဲ လမ်းပျောက်နေခဲ့ရင်) သူတို့ရဲ့ မိသားစုထဲမှာ၊ အိမ်မှာ သူတို့နေရာဘာဆိုတာမသိခဲ့ရင်(အရေးမပါခဲ့ရင်) ဒါတွေကို အပြင်မှာ ဖွင့်ထုတ်တတ်ကြပါတယ်။ ဒါတွေကပဲ မူးယစ်ဆေးနဲ့ အခြားသော မူးယစ်စေတတ်တဲ့အရာတွေကို စွဲလမ်းစေခြင်း၊ အသုံးပြုခြင်းကို ဦးတည်စေတော့တာပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

ဒါတွေလည်းဆက်ဖတ်ပါ: