backup og meta

အမျိုးသမီးသန့်စင်ဆေးရည်တွေကို တကယ်ရောသုံးသင့်ရဲ့လားဆိုတာနဲ့အခြား အယူအဆမှားများ ။

အမျိုးသမီးသန့်စင်ဆေးရည်တွေကို တကယ်ရောသုံးသင့်ရဲ့လားဆိုတာနဲ့အခြား အယူအဆမှားများ ။

TV တွေ ၊ စာစောင်တွေ Facebook တွေထဲမှာ မိန်းမကိုယ် သန့်စင်ဆေးရည်ကြော်ငြာ တွေ မကြာခဏ တွေ့ဖူးကြမှာပါ။ Shopping Mall တွေ သွားတိုင်း စင်ပေါ်မှာ သူတို့ကနေရာယူထားကြတာ တွေ့ရမှာပါ။ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်ဆိုတော့ သူတို့ကို တကယ်ရော သုံးသင့်ရဲ့လား။ အပြင်မှာတစ်ချို့လူတွေ ပြောနေကြတဲ့ မိန်းမကိုယ်ဆိုတာ သူ့ဘာသာသူ သန့်ရှင်းတဲ့စနစ်ရှိတယ်။ သန့်စင်ဆေးရည်တွေကို မလိုအပ်ဘူး။ မိန်းမကိုယ်အတွက် အန္တရာယ်တောင်ဖြစ်ဦးမယ် စတဲ့ အကြောင်းတွေ ကြားဖူးကြမှာပါ။ သူတို့ပြောနေကြသလို တကယ်ပဲ မလိုအပ်ဘူးလား။ ။

တကယ်တော့ ဘယ်လောက်ပဲ မိန်းမကိုယ်မှာ သဘာဝအတိုင်း သန့်ရှင်းတဲ့ စနစ်ရှိတယ်ဆိုပေမယ့် ကိုယ့်ဘက်က မိန်းမကိုယ်သန့်ရှင်းရေးနဲ့ပတ်သက်လို့ သေချာဂရုမစိုက်ဘဲနေတဲ့အခါတွေမှာ သဘာဝစနစ်ကြီးကလည်း ပြင်ပက ရောဂါပိုးတွေကို မနိုင်တော့ပါဘူး။ ဒီတော့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့ လိုအပ်ပါတယ်။ ဘယ်လို အချိန်တွေမှာ သုံးပေးဖို့လိုအပ်သလဲ ။ ။

  • ဓမ္မတာလာတဲ့အချိန် – သာမန်အချိန်ထက်စာရင် မိန်းမကိုယ်သန့်ရှင်းရေးကိုပိုပြီး ဂရုစိုက်ပေးဖို့ လိုအပ်တဲ့အချိန်ပါ။
  • မိန်းမကိုယ် အနံ့ဆိုးထွက်နေတဲ့အချိန် – ပုံမှန် ရေချိုး ရေနဲ့ဆေးရုံနဲ့ မိန်းမကိုယ် အနံ့ဆိုးထွက်တာတွေ မပျောက်တဲ့အခါမှာတော့ အမျိုးသမီးသန့်စင်ဆေးရည် ေတွ သုံးပေးဖို့လိုပါတယ်။
  • ခုခံအားနည်းနေတဲ့အချိန်တွေဖြစ်တဲ့ – ဆီးချို ေရာဂါ၊ ကိုယ်ဝန်ဆောင်တွေနဲ့၊ ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်နေတဲ့သူတွေမှာ မိန်းမကိုယ်အကျိုးပြုဘက်တီးရီးယားတွေ အားနည်းနေတာကြောင့် ပြင်ပရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေ သုံးပြီး ရောဂါပိုးတွေကို သုတ်သင်ပေးဖို့လိုအပ်ပါတယ်။
  • မိန်းမကိုယ်ယားယံတဲ့အခါ – မိန်းမကိုယ်ယားယံပြီး အဖြူဆင်းတယ်ဆိုတဲ့ ကိစ္စဟာ အမျိုးသမီးတွေ အများဆုံး ကြုံတွေ့ရတတ်တဲ့ ကိစ္စတစ်ခုပါ။ ပုံမှန် မိန်းမကိုယ်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံတာတွေ ခံစားရတဲ့ အချိန်မျိုးဆို မိန်းမကိုယ်သန့်စင်ဆေးရည်သုံးပေးရင် သက်သာသွားတဲ့အတွက် အဲလို အချိန်တွေ မှာဆို မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့လိုပါတယ်။

ဒါတွေကတော့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို ဘာကြောင့်သုံးပေးဖို့လိုအပ်သလဲဆိုတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ ဒါဆို အပြင်မှာ ပြောနေကြတဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ ပတ်သက်တဲ့ အယူမှားတွေကြတော့ရော။ ဒါလေးကိုလည်းရှင်းပြပါဦးမယ်။ ။ အပြောများတဲ့ အယူမှား ၅ ချက်အကြောင်းကို ပြန်ပြီး ရှင်းပြချင်ပါတယ်။ ။

မိန်းမကိုယ်မှာ ခုခံအားစနစ်ပါပြီးသား။ အပြင်က ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပေးဖို့ မလိုအပ်ဘူး။ ။

မိန်းမကိုယ်မှာ အကျိုးပြု ဘက်တီးရီးယားတွေရှိတော့ သူတို့က ပြင်ပရောဂါပိုးတွေ မဝင်အောင်တားဆီးပေးတယ်ဆိုပေမယ့် ခုခံအားနည်းတဲ့သူတွေ ဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ဆီးချိုရောဂါသည်တွေနဲ့ ပဋိဇီဝပိုးသတ်ဆေးတွေ သောက်နေတဲ့သူတွေမှာကျတော့ ဒီ အကျိုးပြုဘက်တီးရီးယားတွေ အားနည်းနေတဲ့အတွက်ကြောင့် အပြင်ကရောဂါတွေ အထဲမဝင်စေဖို့ မိန်းမကိုယ်သန့်စင်ဆေးရည်တွေ သုံးပြီး တားဆီးဖို့လိုပါတယ်။

မိန်းကိုယ်သန့်စင်ဆေးရည်က ဘက်တီးရီးယားတွေကို သုတ်သင်ပေးတဲ့ အာနိသင်ရှိတယ်ဆိုတော့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်လို့ မိန်းမကိုယ်ကိုတောင် ထိခိုက်စေပါသေးတယ်။ ။

အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေဟာ အပြင်က ဘက်တီးရီးယားတွေကို သန့်စင်ပေးနိုင်တယ်ဆိုတိုင်း မိန်းမကိုယ်အတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို သေစေမှာမဟုတ်တဲ့အပြင် Perbiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရဓါတ်ေတွလည်း ပါတာကြောင့် အကျိုးပြုဘက်တီးရီးယားတွေ အတွက် ပိုတောင်ကောင်းဦးမှာပါ။

မိန်းမကိုယ်ဟာ နူးညံ့တဲ့အတွက် ဒီလို ပြင်းလွန်းတဲ့ ဆပ်ပြာပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေ မသုံးသင့်ဘူး ။

ဒီနေရာမှာ ပြောချင်တာက မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ ကိုယ်တိုက်ဆပ်ပြာတွေက မတူပါဘူး။ ကိုယ်တိုက်ဆပ်ပြာတွေမှာပါတဲ့ အက်ဆစ်ကပိုပြီးပြင်းထန်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကျတော့ မိန်းမကိုယ် pH ပမာဏ အတိုင်း အခြေခံပြီး ထုတ်ထားတာကြောင့် နူးညံ့တဲ့မိန်းမကိုယ်အတွက် ထိခိုက်မှု တစ်စုံတရာကို ပေးမှာမဟုတ်ပါဘူး။

အမွှေးနံ့ပြင်းတဲ့ သန့်စင်ဆေးရည်တွေက မိန်းမကိုယ်ကို ခြောက်သွေ့စေလို့ အမျိုးသမီးသန့်စင်ဆေးရည်တွေ မှာ အမွှေးနံ့တွေပါနေတဲ့အတွက် သူတို့ကို မသုံးသင့်ဘူး။ ။

အမွှေးနံ့ပြင်းတဲ့ သန့်စင်ပစ္စည်းတွေကို မိန်းမကိုယ်မှာ မသုံးသင့်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေမှာပါတဲ့ အမွှေးနံ့က မပြင်းဘဲ သင်းသင်းလေးဖြစ်တဲ့အပြင် ရောဂါပိုးတွေကို သန့်စင်ပေးတဲ့အာနိသင်လည်းပါတာကြောင့် မိန်းမကိုယ်က အနံ့ဆိုးထွက်တဲ့ပြဿနာကိုတောင် သူက ရှင်းပေးဦးမှာပါ။

အမျိုးသမီးသန့်စင်ဆေးရည်တွေကို အိမ်သာဝင်တိုင်းသုံးပေးဖို့လိုတယ် ။ ။

ဒါကျတော့ သုံးနေတဲ့ အမျိုးသမီးတွေကြားထဲမှာ ဖြစ်နေတဲ့ အယူများတဲ့အချက်တစ်ခုဖြစ်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်ကို သုံးပေးတာကောင်းပါတယ်။ ဒါပေမယ့် အိမ်သာဝင်တဲ့အခါတိုင်းသုံးပေးစရာတော့ မလိုပါဘူး။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလေးလည်းရှိတဲ့အတွက် ၂ ရက်တစ်ခါ ( ဒါမှမဟုတ် ) ၃ ရက်တစ်ခါလောက် သုံးပေးရင်ရပါပြီ ။ ။

ကဲ ဒီလောက်ဆိုရင် အမျိုးသမီးသန့်စင်ဆေးရည် သုံးသင့်လား မသုံးသင့်ဘူးလားနဲ့ ကြားဖူးနေကျ အမျိုးသမီးသန့်စင်ဆေးရည်နဲ့ပတ်သက်တဲ့ အယူမှားတွေအကြောင်း ရှင်းသွားပြီလို့ထင်ပါတယ်။ ဒီတော့ မိန်းမကိုယ်သန့်ရှင်းရေးကို မပေါ့ဆဘဲ သေချာ ဂရုစိုက်ပြီး နေ့ရက်တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းလိုက်ကြရအောင်နော် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://thesexpert.princeton.edu/2018/04/are-feminine-hygiene-washes-safe-to-use/

Accessed Date 4.4.2019

https://www.superjennie.com/blogs/posts/is-using-feminine-wash-necessary-other-tips-for-proper-feminine-hygiene-care

Accessed Date 4.4.2019

https://blog.thebloomi.com/2018/05/03/everything-you-need-to-know-about-feminine-washes/

Accessed Date 4.4.2019

 

 

 

ယခုပုံစံ

21/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မိန်းမကိုယ်သန့်စင်ဆေးရည် ရွေးချယ်မယ်ဆို သတိထားကြည့်သင့်တဲ့အချက် (၅) ချက်

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement