ဆီးသွားတိုင်း ပူနေလို့ စိုးရိမ်နေရပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 5, 2020 . 2 mins read
Share now

ဆီးသွားတဲ့အချိန်မှာ ပုံမှန်ထက်ပူနေပြီဆိုရင် ဘယ်သူမဆို အနည်းငယ်တော့ စိုးရိမ်ထိတ်လန့်မိမှာအမှန်ပါ။ အထူးသဖြင့် ဆီးလမ်းကြောင်းပိုးဝင်ဖူးတဲ့သူတွေ၊ အကာအကွယ်မဲ့လိင်ဆက်ဆံဖူးတဲ့သူတွေပေါ့။ ဒါပေမယ့် အမြဲတမ်းတော့ စိုးရိမ်စရာမလိုပါဘူး။

ဆီးက ဘာကြောင့် ပူနွေးတာလဲ။

ကိုယ်ခန္ဓာမှာ အရည်အဖြစ်သိမ်းဆည်းထားပြီး စွန့်ထုတ်လိုက်တာဖြစ်တဲ့အတွက် ဆီးဟာ ကိုယ်ခန္ဓာအပူချိန်နဲ့ တစ်သားတည်း သွားကျပါတယ်။ နောက်တစ်ခုကတော့ ဆီးမှာ ရေအပြင် ဆားငန်ဓာတ်နဲ့ တခြားအဆိပ်အတောက်တွေ ပါဝင်ပြီး ဆီးအိမ်ထဲမှာ စုစည်းထားတာဖြစ်ပါတယ်။ သိုလှောင်တဲ့ပမာဏ များလာလေလေ ဆီးရဲ့ အပူချိန်ဟာ တိုးလာလေလေ ဖြစ်တဲ့အတွက် ဆီးသွားလိုက်တဲ့အခါ အနည်းငယ် ပူနွေးတဲ့ခံစားချက်မျိုးရရှိပါတယ်။

ဆီးရဲ့ အပူချိန်က ဘယ်လောက်ရှိလဲ။

ပုံမှန်အားဖြင့် ဆီးသည် ကိုယ်ခန္ဓာရဲ့ ပျမ်းမျှအပူချိန်ဖြစ်တဲ့ ၃၇ ဒီဂရီ ဆဲလ်စီးယပ်စ် ပမာဏမှာ ရှိပါတယ်။ ရာသီဥတုနဲ့ လူပေါ်မူတည်ပြီး အနည်းငယ် ပိုပူသည်၊ အေးသည် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ အပြင်ကို စွန့်ထုတ်ပြီး ၄မိနစ်ခန့်ကြာသည်အထိ နဂိုအပူချိန်အတိုင်း ထိန်းထားနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ ဆီးက ပိုပူလာနိုင်လဲ။

ရာသီဥတုအရမ်းပူလွန်း၊ အေးလွန်းတာ၊ ဖျားနေစဉ် သို့မဟုတ် အဖျားပျောက်ပြီး နာလန်ထူကာစအချိန်၊ အားကစားလုပ်ပြီး အမောဖြေနေတဲ့အချိန်မှာ ဆီးဟာ ပုံမှန်အချိန်ထက် ပိုပူနေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာဆိုရင်လည်း ဇီဝကမ္မဖြစ်စဉ်ဟာ လျင်မြန်စွာ ပြောင်းလဲနေတဲ့အတွက် ဆီးဟာ ပိုပြီးပူနေနိုင်ပါတယ်။

ဘယ်လိုအခြေအနေမှာ စိုးရိမ်ရနိုင်လဲ။

ဆီးသွားနေတဲ့အချိန်မှာ ပုံမှန်ပူတာမျိုးမဟုတ်ဘဲ ပူစပ်ပူလောင်ဖြစ်နေတာ၊ ဆီးသွားနေတဲ့ ဆီးလမ်းကြောင်းတစ်လျှောက်ဟာ ပူလောင်နေတာ၊ စပ်ဖျဉ်းဖျဉ်း၊ အသားထဲက စူးနေသလို ခံစားရတာဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်ပါတယ်။ တခြားလက္ခဏာအနေနဲ့

  • ဆီးသွားချင်စိတ်ရှိပါလျက်နဲ့ ဆီးနည်းနည်းပဲထွက်တာ
  • ဆီးအရောင်က အဖြူရောင်၊ မီးခိုရောင်နောက်ကျိကျိဖြစ်နေတာ
  • ဆီးရဲ့အနံ့က အောက်သိုးသိုး အနံ့ဖြစ်နေတာ
  • ဆီးထဲမှာ သွေးပါလာတာ
  • ဆီးခဏခဏ သွားနေတာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ဆီးစစ်ကြည့်သင့်ပါတယ်။

ဒီလက္ခဏာတွေဟာ ဆီးလမ်းကြောင်းပိုးဝင်တာလည်း ဖြစ်နိုင်သလို လိင်မှတစ်ဆင့်ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ ခလက်မီးဒီးယားရောဂါလည်း ဖြစ်နိုင်ပါတယ်။ မိန်းကလေးတွေမှာ ယောက်ျားလေးတွေထက် ဖြစ်နိုင်ခြေ ၄ဆ ပိုများပါတယ်။

ပုံမှန်အားဖြင့်တော့ ဆီးပူတယ်ဆိုတာ သိပ်ပြီးစိုးရိမ်စရာမဟုတ်ပေမဲ့ အမြဲတမ်းလိုလို ဖြစ်နေတာဆိုရင်တော့ စောစောစီးစီး စစ်ဆေးပြီး ကုသမှုခံယူတာအကောင်းဆုံးပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်တာဆိုရင်တော့ ပဋိဇီဝဆေးတွေကို ဆရာဝန်ရဲ့ဆေးအညွှန်းအတိုင်း သောက်ပေးရုံနဲ့ အမြစ်ပြတ်ပျောက်ကင်းနိုင်တာကြောင့် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး မပေါ့ဆဖို့ တိုက်တွန်းရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးအတွင်း ယူရီးယားဓာတ်မြင့်တက်ခြင်း

ကျောက်ကပ်အနေနဲ့ သွေးထဲက အညစ်အကြေးတွေကို ပုံမှန်စစ်ထုတ်နိုင်ခြင်း မလုပ်နိုင်တော့တဲ့အခါ သွေးထဲမှာ ယူရီးယားဓာတ်တွေ မြင့်တက်လာပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

ကျောက်ကပ်တွင် အရည်အိတ်တည်ခြင်းအကြောင်း

ကျောက်ကပ်က စွန့်ထုတ်မှုကို တာဝန်ယူတာပါ။ကျောက်ကပ်အတွင်းသားမှာ အရည်များ စုလာခြင်းကိုတော့ ကျောက်ကပ်အရည်အိတ်တည်ခြင်း (kidney cyst) လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အစားအစာများဆီမှ သံဓာတ်စုပ်ယူခြင်းကို အားကောင်းစေဖို့

သံဓာတ်ဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ လုံလောက်တဲ့ပမာဏ ရရှိနိုင်ဖို့ လိုအပ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
anemia, ကျန်းမာရေးစင်တာ စက်တင်ဘာ 15, 2020 . 2 mins read

လိင်တံထိပ်အရေပြား ခွဲစိတ်ဖယ်ရှားရင် နာသလား ဆရာ

လိင်တံ ထိပ်အရေပြား တစ်ကိုယ်ရေသန့်ရှင်းမှု ကျန်းမာရေး ဘက်တီးရီးယား အနံ့အသက် ဆီးလမ်းကြောင်း ခွဲစိတ်မှု ကူးစက်ရောဂါ ထုံဆေး နာကျင်မှု လိင်ဆက်ဆံခြင်း အတွင်းခံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ခွဲစိတ်ပြီးချိန် ရောဂါပိုးဝင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
သွေးဆိပ်တက်ခြင်းအကြောင်း

သွေးဆိပ်တက်ခြင်းအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read

ကိုဗစ်ကာလမှာ ဆီးလမ်းကြောင်းပိုးဝင်ခဲ့ရင်…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read

လိင်ဆက်ဆံတဲ့အခါတိုင်း ချောဆီကို မဖြစ်မနေသုံးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 3 mins read