ဆန်လုံးညို ။ ။
- အမျှင်ဓါတ်ပိုကြွယ်ဝပြီး အူလမ်းကြောင်းကို အားကောင်းစေလို့ ဝမ်းချုပ်တတ်တဲ့သူတွေ အတွက် သင့်တော်ပါတယ်။
- ပရိုတင်းတွေ အများကြီးပါတာကြောင့် ကြွက်သားတည်ဆောက်နေတဲ့ သူတိုင်း အားထားစားသင့်တဲ့ အရာတစ်ခုပါ။
- သွေးတွင်းကိုလက်စရောကို ထိန်းညှိပေးပါတယ်။
- တစ်ပါတ်အတွင်းမှာ ဆန်လုံးညိုကို နေ့တိုင်းမဟုတ်တောင် နှစ်ရက်လောက် ထည့်စားပေးတာနဲ့တင် သွေးချို ဆီးချို အမျိုးအစား၂ ဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။
- အစာခြေဖျက်ရတာ ခက်တဲ့အတွက် ဆန်လုံးညိုကို အစာအိမ်ရောဂါရှိသူတွေနဲ့ ကျောက်ကပ်သမားတွေ မစားသင့်ပါဘူး။
- ထမင်းဖြူထက်စာရင် ဆန်လုံးညိုဟာ ချက်ရချိန်ကြာတတ်ပါတယ်။
ကဲ အကုန်လုံး ပြန်ချိန်ကြည့်လိုက်တော့ ထမင်းဖြူနဲ့ ဆန်လုံးညို ဘယ်သူက ပိုကောင်းလဲ။ ခု အချိန်ထိ အာဟာရ ဆိုင်ရာ ပညာရှင်တွေ သတ်မှတ်ထားကြတာကတော့ ဆန်လုံးညိုဟာ ထမင်းဖြူထက် ပိုကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့်လည်း သေချာ ဖွတ်ထားခြင်း မရှိတဲ့အတွက် ဆန်လုံးညိုမှာ အာဆင်းနစ် ( arsenic ) အဆိပ် ပါဝင်မှု နှုန်းပိုမြင့်တက်နိုင်ပါတယ်။ ဒီတော့ သူတို့နှစ်ခုမှာ ဘယ်သူကပိုကောင်းလဲဆိုတာတော့ မရှိပါဘူး။ နှစ်ခုလုံးမှာ ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်း ရှိတဲ့အတွက် သူတို့နှစ်မျိုးကို မျှတအောင်စားပါ။ တစ်ပါတ်စားတဲ့ ထမင်းတွေထဲမှာ ထမင်းဖြူကို ၄ ရက်လောက်စားပြီးဆန်လုံးညိုကို ၃ ရက်လောက်တော့ စားပေးသင့်ပါတယ်။ ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။