backup og meta

ဘီယာချက်လုပ်ရာမှာ အသုံးပြုတဲ့ ဗျစ်ပွင့် ရဲ့ ကျန်းမာရေး အာနိသင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘီယာချက်လုပ်ရာမှာ အသုံးပြုတဲ့ ဗျစ်ပွင့် ရဲ့ ကျန်းမာရေး အာနိသင်

    ဘီယာမှာ ခါးသက်တဲ့အရသာရစေဖို့ ထည့်သုံးလေ့ရှိတဲ့ ဗျစ်ပွင့်က ဘီယာအတွက်ပဲ အသုံးတည့်တာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေ ပေးပါသတဲ့။ ဒီတော့ ဘီယာ ချက်လုပ်ရာမှာ အသုံးများတဲ့ ဗျစ်ပွင့်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးနိုင်သလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

    ဗျစ်ပွင့်ဆိုတာ ဘာလဲ………

    ဗျစ်ပွင့် ဆိုတာက နွယ်ပင်တစ်မျိုးဖြစ်ပြီး ဥရောပ မျိုးရင်းပင်ပါ။ အနောက်အာရှနဲ့ မြောက်အမေရိကဒေသတွေမှာလည်း ပေါက်ရောက်ကြပါတယ်။ စိတ်အပန်းပြေစေဖို့နဲ့ အိပ်မပျော်တာတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။

    ဗျစ်ပင်တွေဟာ ချက်စ်၊ ပိုလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတွေမှာ ပေါက်ရောက်သလို အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကနဲ့ ဩစတြေးလျနိုင်ငံတွေမှာလည်း ပေါက်ရောက်လေ့ရှိပါတယ်။

    ဗျစ်ပွင့် နဲ့ ကျန်းမာရေး အာနိသင်

    ဘီယာချက်လုပ်ရာမှာ သုံးကြတဲ့ ဗျစ်ပွင့်က ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။

    ကင်ဆာအတွက် အသုံးပြုနိုင်တယ်။

    လေ့လာမှုတွေအရ ဗျစ်ပွင့်မှာပါတဲ့ xanthohumol  က ကင်ဆာကို ကုသရာမှာ အထောက်အကူပြုပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အခုထိတော့ ဗျစ်ပွင့်က အူမကြီးကင်ဆာ၊ သားဥအိမ်ကင်ဆာရင်သားကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိထားပါတယ်။

    ဆီးကျိတ်ကင်ဆာကို ကာကွယ်ဖို့အတွက်လည်း အသုံးပြုပေးနိုင်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    ဗျစ်ပွင့်မှာပါတဲ့ xanthohumol က နှလုံး ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ ဗျစ်ပွင့်က နှလုံးရောဂါ မဖြစ်စေဖို့နဲ့ နှလုံးသွေးကြောကျဉ်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

    သွေးဆုံးကိုင်တာကို သက်သာစေတယ်။

    ဗျစ်ပွင့်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက သွေးဆုံးချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ခံစားရတဲ့ မိန်းမကိုယ် ခြောက်သွေ့တာ၊ အတူနေစဉ် နာကျင်တာ၊ ပူစပ်ပူလောင် ခံစားရတာ၊ ယားယံတာတွေကို သက်သာစေနိုင်ပါတယ်။

    သိမြင်မှု စွမ်းရည်ကောင်းစေတယ်။

    ဗျစ်ပွင့်က ဦးနှောက်ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဗျစ်ပွင့်က ပါကင်ဆန် နဲ့ အယ်လ်ဇိုင်းမား ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို ဦးနှောက်ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

    အိပ်ပျော်စေတယ်

    ဗျစ်ပွင့်ကို ရှေးယခင် ကာလတွေကတည်းက အိပ်မပျော်တာကို သက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ ဗျစ်ပွင့်က အိပ်ပျော်စေဖို့ အားပေးသလို ပြည့်ဝတဲ့ အိပ်စက်မှု ရရှိစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။

    အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

    ဗျစ်ပွင့်က ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပြီး အသက်ရှူလမ်းကြောင်း တလျှောက်က ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပြီး အသက်ရှူလမ်းကြောင်းစနစ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ အားဖြည့်ပေးပါတယ်။ ချောင်းဆိုးတာကိုလည်း သက်သာစေပါတယ်။

    ဒါတွေအပြင် ဗျစ်ပွင့်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ခေါင်းကိုက်သက်သာစေတယ်။ ကိုယ်အလေးချိန်ချချင်သူတွေအတွက် အဆင်ပြေတယ်။ ဆံသားကို ကျန်းမာစေပြီး ဗောက်ကင်းစေတယ်။ သွားကိုက်တာကို သက်သာစေတယ်။ အရိုးမပွစေဖို့ ကာကွယ်ပေးတယ်။ ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။ စတဲ့ ကျန်းမာရေး အာနိသင်တွေကိုလည်း ပေးပါတယ်။

    ဘာတွေ သတိထားရမလဲ

    ဗျစ်ပွင့်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် အလွန်အကျွံ မသုံးမိဖို့ လိုပါမယ်။

    ဘယ်သူတွေ မသုံးသင့်ဘူးလဲ

    ရောဂါအခံရှိသူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရောဂါတစ်ခုခုကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement