နှလုံးကျန်းမာချင်သူတွေအတွက် နည်းလမ်းကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 16, 2020 . 2 mins read
Share now

နှလုံးရောဂါက လူတွေကို အသက်အန္တရာယ်ခြိမ်းခြောက်မှုကြီးမားတဲ့ ရောဂါတစ်ခုဖြစ်လာနေတယ်ဆိုတာကို သိရဲ့လား။ တစ်ခါတလေကိုယ်တိုင်တောင် နှလုံး ရောဂါရှိနေမှန်းမသိလိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အနေအထိုင် အစာားအသောက်တွေကြောင့်လည်း အခုနောက်ပိုင်းမှာ နှလုံးရောဂါဖြစ်ပွားမှုတွေက အရင်ကထက် ပိုများလာရတာပါ။ ဒီကြောက်စရာကောင်းတဲ့ နှလုံးရောဂါကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းလေးရှိပါတယ်။ ဒါက ဘာများဖြစ်မလဲသိချင်ရင် ဆက်ကြည့်လိုက်နော်။

နှလုံးကျန်းမာစေမယ့် လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ရပ်

ရမ်းချဉ်သီးဖျော်ရည်သောက်သုံးမှုက သွေးပေါင်ချိန်နဲ့ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး နှလုံးကိုကျန်းမာစေနိုင်တယ်၊လို့ ဆိုပါတယ်။ အခုနောက်ပိုင်း ကမ္ဘာတလွှားမှာ နှလုံးရောဂါနဲ့ သေဆုံးသူအရေအတွက် တော်တော်လေးများလာနေပါတယ်။

ဆေးလိပ်သောက်သုံးမှု၊ အသက်အရွယ်ကြီးရင့်လာမှုတို့လိုမျိုး အချက်တွေကြောင့် နှလုံးရောဂါဖြစ်ပွားမှုနှုန်းဟာ နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။
ကျန်းမာရေးကောင်းဖို့ အရေးကြီးဆုံးအချက်က အာဟာရဆိုရင် နှလုံးကျန်းမာဖို့ကလည်း အာဟာရကောင်းကောင်းမှီဝဲဖို့ လိုမယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာတောင် မလိုအောင်ပါ။ ဒီတော့ လေ့လာတွေ့ရှိမှုအသစ်တစ်ရပ်အရ တစ်နေ့တာမှာ ဆားမထည့်ထားတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်သုံးမှုက ငွေကုန်ကြေးကျသက်သာစေတဲ့ နှလုံးစောင့်ရှောက်မှုတစ်ရပ်လို့ တွေ့ရှိခဲ့ရပါတယ်။

ခရမ်းချဉ်သီးမှာ ကာရိုတီးနွိုက်၊ ဗီတာမင် A၊ ကယ်လ်ဆီယမ် နဲ့ gamma‐aminobutyric အက်ဆစ်တို့လိုမျိုး bioactive ဒြပ်ပေါင်းတွေ ပါဝင်နေတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါကျန်းမာစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

ပုံမှန်အားဖြင့်ကတော့ နှလုံးသွေးကြောထဲမှာ အဆီတွေစုပုံတာကြောင့် နှလုံးသွေးကြောတွေက မာတောင့်လာပြီး သွေးကြောကျဉ်းတာတွေဖြစ်လာရတာပါ။ နှလုံးသွေးကြောတွေ ကျဉ်းလာတာ၊ ပျက်စီးလာတာက သွေးတိုးရှိတာ၊ ဆီးချိုရောဂါ ခံစားနေရတာ၊ သွေးတွင်းကိုလက်စထရောများတာတွေကြောင့်ပါ။ တကယ်လို့ ဒီအခြေအနေတွေကို ထိန်းချုပ်နိုင်မယ်ဆိုရင် နှလုံးသွေးကြောရောဂါကင်းပြီး ကျန်းမာတဲ့နှလုံးလေးကိုပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

အခုတွေ့ရှိချက်အတွက် လေ့လာမှုကို အချိန် တစ်နှစ်ကျော်ကြာပေးပြီး လုပ်ဆောင်ခဲ့တာပါ။ သုတေသီတွေက အမျိုးသား ၁၈၄ ဦးနဲ့ အမျိုးသမီး ၂၉၇ ဦးတို့ကို တစ်နေ့ကို ခရမ်းချဉ်သီးဖျော်ရည် သောက်နိုင်သလော်က တိုက်ခဲ့ပါတယ်။ အနည်းဆုံးအနေနဲ့ တစ်နေ့တစ်ခွက်တေ့ ပုံမှန်သောက်စေခဲ့ပါတယ်။ လေ့လာမှုမစခင်က ပါဝင်သူတွေရဲ့ သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်နဲ့ သွေးတွင်းကိုလက်စထရောပမာဏတွေ၊ သွေးတွင်းသကြားဓာတ်တွေကို တိုင်းတာရယူခဲ့ပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေမှာ သွေးတိုးရှိသူတွေလည်းရှိပါတယ်။

တစ်နှစ်ကြာဆား မပါတဲ့ ခရမ်းချဉ်သီးဖျော်ရည်ကို သောက်သုံးပြီးနောက်မှာတော့ သွေးပေါင်ချိန်၊ သွေးတွင်းအဆီပမာဏ၊ သွေးတွင်းကိုလက်စထရောပမာဏတွေကျဆင်းသွားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒီသက်ရောက်အကျိုးပြုမှုက အမျိုးသားတွေရော၊ အမျိုးသမီးတွေမှာရောအတူတူဖြစ်သလို အသက်အပိုင်းအခြားတိုင်းမှာလည်း တစ်ပုံစံတည်းပါ။

သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းက အကျိုးပြုကိုလက်စထရောပမာဏကိုတော့ကျဆင်းစေတာမျိုးမရှိပါဘူး။ ဒါကြောင့် တစ်နေ့ကို ခရမ်းချဉ်သီး စစ်စစ်ကိုကြိတ်ခြေထားပြီး ဆားမရောတဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်ကို ပုံမှန်သောက်သုံးပြီး ခန္ဓာကိုယ်ရော နှလုံးပါကျန်းမာအောင်လုပ်ဆောင်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကြောက်လန့်ဖွယ်ရာ စိတ်ကျဝေဒနာ

စိတ်ကျရောဂါ ဟာ စိတ်ပိုင်းဆိုင်ရာရောဂါပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ တခြားရောဂါတွေကိုပါ ဖြစ်လာစေပါတယ်။ မိမိကိုယ်ကို သတ်သေခြင်းလည်း ဖြစ်စေနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဆီးချိုရောဂါရှိသူများ အနာကျက်နှေးရခြင်းအကြောင်း

ဆီးချိုရောဂါရှိသူတွေဟာ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာ ရှိ၊ မရှိ ပုံမှန်စစ်ဆေးရပါမယ်။ အနာဖြစ်တာကို စောစောသိလေလေ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းလေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အိပ်မပျော်တာ ဟော်မုန်းကြောင့်များလား

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 3 mins read
ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ရင်သားကင်ဆာ ကာကွယ်ပေးမယ့် အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 10, 2020 . 2 mins read
ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 2 mins read