ယုန်သားက ပိုတက်ဆီယမ် ကြွယ်ဝပါတယ်။ ပိုတက်ဆီယမ်က နှလုံးစည်းချက်မှန်စေပြီး နှလုံး သွေးကြောတွေကို ကျန်းမာစေပါတယ်။ ပိုတက်ဆီယမ် များများစားလေလေ ကိုယ်တွင်းက ဆိုဒီယမ်တွေက ဆီးအဖြစ် ခန္ဓာကိုယ် ပြင်ပကို စွန့်ထုတ်လေလေပါ။ ဆိုဒီယမ် နည်းတာက နှလုံး ကျန်းမာစေဖို့ အကောင်းဆုံးအထောက်အကူ ပြုပေးမှာပါ။
ယုန်သားမှာ magnesium ပါဝင်နေပါတယ်။ magnesium က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာဟာရဓာတ် တစ်ခုဖြစ်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း အထောက်အပံ့ပေးပါတယ်။
ယုန်သားမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးနဲ့သွားတွေ သန်မာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ ကယ်လ်ဆီယမ် မလုံလောက်မှုက အရိုးပွတာ၊ အရိုးပါးတာတွေကို ဖြစ်စေနိုင်ပါတယ်။
ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်
ယုန်သားမှာ selenium ပါဝင်နေပါတယ်။ Selenium က ကိုယ်ခံအားကို မြင့်တက်စေပြီး ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပေးပါတယ်။ လေ့လာမှုတွေအရ ကိုယ်တွင်းမှာ selenium ပြည့်ဝနေတာက ရင်သား ကင်ဆာ၊ အဆုတ် ကင်ဆာနဲ့ ဆီးကျိတ် ကင်ဆာတွေ ခံစားရနိုင်ခြေကို လျှော့ချပေးနိုင်တယ်၊ လို့ သိရပါတယ်။
ယုန်သားက အာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း များစွာ အထောက်အကူပြုပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။