brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ခရီးသွား ရင်းမတော်တဆထိခိုက်မိတဲ့အခါ ဘာတွေလုပ်ကြမလဲ။

မတော်တဆထိခိုက်မိတာကရှောင်လွှဲလို့မရတဲ့ပြဿနာပါ။ အချိန်မရွေးတွေ့ကြုံခံစားရနိုင်ပါတယ်။ သွားရင်းလာရင်းဖြစ်ဖြစ်၊ အိမ်အလုပ်တွေလုပ်ရင်းဖြစ်ဖြစ်၊ အလုပ်တွေလုပ်နေရင်းဖြစ်ဖြစ် မတော်တဆထိခိုက်မိနိုင်တဲ့ အနေအထားတွေအများကြီးပါ။ အိမ်မှာထိခိုက်မိရင်က အစစအရာရာအဆင့်သင့်ရှိနေနိုင်တာကြောင့် ဒဏ်ရာအတွက်လိုအပ်တဲ့စောင့်ရှောက်မှုအားလုံးကို လုပ်ဆောင်ရတာအဆင်ပြေမှာပါ။ ဒါပေမယ့် ခရီးသွား တဲ့အခါမှာလည်း ထိခိုက်မိနိုင်တာပဲလေ။ ဒီလိုထိခိုက်မိတဲ့အခါမှာလည်း အနာကိုသေချာဂရုစိုက်ဖို့လိုအပ်မှာပါ။

ခရီးသွား ရင်းမတော်တဆထိခိုက်မိတဲ့အခါ ဘာတွေလုပ်ကြမလဲ။

ခရီးသွား တဲ့အခါ ဒီလိုပြဿနာလေးတွေကြုံရနိုင်ပါတယ်

  • ပြတ်ရှဒဏ်ရာ
  • ထိခိုက်ပွန်းပဲ့တာ
  • ခြေသည်းလက်သည်းပဲ့တာ
  • အပူရှပ်တာ
  • ရေဓါတ်ခမ်းခြောက်တာ
  • အရက်အလွန်အကျွံသောက်မိတာ
  • နေလောင်တာမျိုး
  • အပူလောင်တာမျိုးတွေခံစားရနိုင်ပါတယ်။
  • ခရီးသွားရင်း မတော်တဆထိခိုက်မိပြီဆိုရင်

    ခရီးသွားတာက အတွေ့အကြုံ ခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်ပါတယ်။ အလုပ်ကိစ္စကြောင့် ခရီးသွားရတာမျိုးရှိသလို အပန်းဖြေတဲ့အနေနဲ့လည်း ခရီးသွားကြပါတယ်။ ဒီလိုခရီးသွားတဲ့အခါ လူတော်တော်များများက လိုအပ်တာတွေကိုပြင်ဆင်တတ်ကြပေမယ့် များသောအားဖြင့်မေ့နေတတ်တာတစ်ခုတော့ရှိနေတတ်ပါတယ်။ ဒါက မတော်တဆထိခိုက်မိတာမျိုးအတွက်ပြင်ဆင်ဖို့ပါ။ မတော်တဆဆိုတဲ့ အဓိပ္ပါယ်ကိုက မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေပါ။ ဒီတော့ ခရီးသွားတဲ့အခါဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေမတွက် ကြိုတင်ပြင်ဆင်သွားတာအကောင်းဆုံးပါ။

    တကယ်လို့ မတော်တဆထိခိုက်မိပြီဆိုရင် –

    • လက်ကိုအရင်ဆုံးသန့်စင်ဆေးကြောပေးပါ။ရေအလွယ်တကူမရနိုင်ခဲ့ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောပေးပါ။
    • အနာကိုသေချာသန့်စင်ဆေးကြောပေးပါ။ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေကိုသေချာသန့်စင်ဆေးကြောပေးပါ။
    • အနာကို ပိုးသတ်ဆေးတစ်မျိုးမျိုးသုံးပြီး သန့်စင်ပါ။ အနာတဝိုက်ကိုလည်း ချန်မထားပါနဲ့။
    • အနာကိုညစ်ပေတာနဲ့ တိုက်ရိုက်ထိတွေ့မိတာမျိုး မဖြစ်စေဖို့အတွက် ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးလုပ်ပေးပါ။
    • တစ်နေ့နှစ်ကြိမ် အနာကိုစစ်ဆေးပေးပါ။
    • အနာကိုတွေ့ကရာရေနဲ့ဆေးကြောတာမျိုးမလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ပါ။
    • အနာကအရောင်ပြောင်းလာလား၊ အနံ့အသက်ဆိုးဖြစ်လာလား။ပြည်တည်လားဆိုတာကိုသေချာလေးစစ်ဆေးပေးပါ။
    • လိုအပ်ရင်မေးခိုင်ကာကွယ်ဆေးထိုးတာမျိုးလုပ်ပေးရပါမယ်။

    ခရီးသွားရင် ဘာတွေယူသွားမလဲ

    ခရီးသွားတဲ့အခါ အဝတ်အစားတွေ အသုံးအဆောင်တွေနဲ့ အစားအသောက်တွေကိုပြည့်ပြည့်စုံစုံယူသွားဖို့လိုမှာဖြစ်သလိုဆေးဝါးနဲ့ အခြားလိုအပ်မယ့် ပစ္စည်းတွေကိုပါ ထည့်သွားသင့်ပါတယ်။

    • အဖျားသက်သာအောင်သောက်လို့ရတဲ့ဆေးဝါးတွေ
    • ပလာစတာ
    • ပတ်တီး
    • antibioticsဆေးတစ်မျိုးမျိုး
    • ရေမလိုလက်သန့်ဆေးရည်
    • တစ်ခါသုံးလက်အိတ်
    • ဇာဂနာ
    • ဂွမ်း
    • အရက်ပြန် လိုမျိုးပစ္စည်းတွေကို ဗူးတစ်ခုထဲစုထည့်ပြီး ခရီးဆောင်ဆေးသေတ္တာလေးအဖြစ်နဲ့ ခရီးသွားတဲ့အခါ ယူသွားလိုက်ပါ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 24/05/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။