backup og meta

ကျောင်းနေပျော်သူလေးဖြစ်စေဖို့


Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းနေပျော်သူလေးဖြစ်စေဖို့

    ကိုယ့်ကလေးကို အများထက် မထူးချွန်ရင်တောင် အများနည်းတူ ဉာဏ်ကောင်းတဲ့ ကလေးဖြစ်စေချင်တဲ့ ဆန္ဒရှိတယ်မဟုတ်လား မေမေတို့ရေ။ ဒီလိုဖြစ်ဖို့ မေ့ထားလို့မရတဲ့ အချက်လေးတစ်ခုရှိပါတယ်။ ဒါကတော့ ကျောင်းနေပျော်မှစာတော်မယ်ဆိုတဲ့အချက်ပါ။ ကလေးတစ်ယောက် ထူးချွန်ဖို့ အခြေခံကျတဲ့ လိုအပ်ချက်က ကျောင်းသွားရတာ၊ စာဖတ်ရတာကို ပျော်နေဖို့ပါ။ ဒီတော့ ထူးချွန်ထက်မြက်တဲ့ ကလေးဖြစ်လာစေဖို့အတွက် ကျောင်းနေပျော်တဲ့ အလေ့အထလေးကို ငယ်စဉ်ကတည်း ကမွေးမြူပေးဖို့ ပြောပါရစေနော်။

    ကလေးတစ်ယောက်အတွက် ကျောင်းတက်ရတာက အတွေ့အကြုံသစ်တစ်ခုပေါ့။ ဒီအခြေအနေကို သားသားမီးမီးတွေအကောင်းဆုံးကျော်လွှားနိုင်အောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးလို့ရပါတယ်။ ဒီတော့ ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်အောင် ဘာတွေများလုပ်ပေးမလဲ။

    ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးလေးဖြစ်စေဖို့

    ကျောင်းနေပျော်ပြီး စာတော်စေဖို့ဆိုရင် သူတို့လေးတွေကို စိတ်ချမ်းသာအောင်အရင်ဆုံးထားရမှာပါ။ ဘာတွေကများ ကလေးကို စိတ်ချမ်းသာစေမလဲလို့ တွေးရခက်နေလား။ အများကြီးမတွေးပါနဲ့။ ကလေးဘဝမှာ လိုချင်တာစားချင်တာတွေရနေရင်ကို စိတ်ချမ်းသားခဲ့ဖူးတယ်ဟုတ်။ ဒီလိုပါပဲ။ ကလေးတွေကလည်း သူတို့စိတ်ကြိုက်ပစ္စည်းလေးတွေရရင် စိတ်ချမ်းသာနေမှာပါ။

    (၁) အသုံးအဆောင်အသစ်လေးတွေဝယ်ပေးပါ

    ကလေးအကြိုက် အသုံးအဆောင်အသစ်လေးတွေဝယ်ပေးပါ။ ဝယ်တဲ့အခါမှာလည် သူတို့လေးတွေနဲ့အတူ ဈေးဝယ်ထွက်ဖို့ မမေ့ပါနဲ့။ ကိုယ့်စိတ်ကြိုက်ဝယ်ထားတဲ့ ပစ္စည်းလေးတွေနဲ့ဆိုတော့ ကလေးကျောင်းတက်ဖို့ စိတ်အားထက်သန်စေနိုင်မှာပါ။ ကလေးတစ်ယောက်ကျောင်းတက်ဖို့ မဖြစ်မနေလိုအပ်မှာတွေကတော့

    ကျောင်းဝတ်စုံ – ရာသီဥတုနဲ့ ကိုက်ညီဖို့လိုပါမယ်။

    စာရေးကိရိယာ – ကလေးစိတ်ကြိုက်ဖြစ်ပြီး အန္တရာယ်ကင်းစေမယ့် စာရေးကိရိယာတွေဖြစ်ဖို့ လိုပါမယ်။

    ထမင်းဗူးအာဟာရပြည့်ဝအောင်ပြင်ဆင်ပေးနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ BPA မပါဝင်ဖို့ ဂရုစိုက်ပါ။

    ရေဗူးမသန့်ရှင်းတဲ့ရေကြောင့် ကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကာကွယ်ဖို့အတွက်ပါ။ BPA မပါဝင်ဖို့ သတိထားပေးပါ။

    ထီး နေပူဒဏ်နဲ့ မိုးစိုတာကြောင့် ဖျားနာမှု ကင်းစေဖို့ပါ။

    မိုးကာ – မိုးစိုတာကြောင့် ဖျားနာမှုကင်းစေဖို့ပါ။

    ဖိနပ် -မတော်တဆချော်လဲတာကြောင့် ထိခိုက်ဒဏ်ရာရတာကနေ ကင်းစေဖို့ ကလေးနဲ့ အဆင်ပြေဆုံးဖြစ်ယ့် ဖိနပ်ကို ရွေးချယ်ဝယ်ယူပါ။

    လွယ်အိတ် – ကျောပိုးအိတ်အဓိက ရွေးဖြစ်မှာပါ။ လေးလံတဲ့ ကျောပိုးအိတ်တွေကြောင့် ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေတာမျိုးမဖြစ်စေဖို့ ပေါ့ပါးတာမျိုးရွေးချယ်ပေးပါ။

    (၂) အစားအသောက်လေးတွြေပင်ဆင်ပေးပါ

    ကျောင်းမတက်ချက်တက်ချင်နဲ့တက်ရမယ့် ကလေးတစ်ယောက်အတွက် ပိုပြီးလိုအပ်မှာပါ။ နေ့လယ်စာကို မေမေ့အကူအညီမပါဘဲ စားရမယ့်ကလေးအတွက် သူ့အကြိုက်ဆုံးဖြစ်မယ့် အစားအစာကို အဆင်ပြေဆုံးစားနိုင်အောင် ပြင်ဆင်ပေးတာကလည်း ကျောင်းနေပျော်စေဖို့ ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ နေ့လယ်စာပြင်ပေးတဲ့အခါ ကလေးစားတတ်တဲ့ မုန့်ပဲသရေစာတွေကိုပါ တစ်ပါတည်းထည့်ပြင်ပေးလိုက်ပါ။ သစ်သီးလေးတွေ၊ ကြက်ဥပြုတ်နဲ့ အသီးဖျော်ရည်လိုမျိုး ကလေးကြိုက်တဲ့ အစားအသောက်တွေပြင်ဆင်ပေးပါ။

    (၃)ကလေးကို သူငယ်ချင်းတွေရအောင်လုပ်ပေးပါ

    ကလေးက သူငယ်ချင်းတွေရနေရင် ကျောင်းသွားဖို့ကို ငိုဖို့မပြောနဲ့ စိတ်အားထက်သန်နေလို့ တားတောင်ယူရနိုင်ပါတယ်။ ဒီတော့ ကလေးကို ရွယ်တူ အတန်းဖော်လေးတွေနဲ့ မိတ်ဆက်ပေးပါ။ တိုင်ပင်ဖော်သူငယ်ချင်းရအောင်လုပ်ပေးပါ။

    (၄) အားပေးပါ

    ကျောင်းပြန်လာချိန်မှာ ကလေးကပြောပြတဲ့ တစ်နေ့တာေတွ့ကြုံခဲ့ရသမျှအခြေအနေတွေကို နားထောင်ပေးပါ။ အားပေးဖို့လိုရင်အားပေးပါ။ ကူညီဖို့လိုအပ်နေရင်ကူညီပေးပါ။ အခက်အခဲကင်းမှုကလည်း ကလေးကို ကျောင်းနေပျော် စေနိုင်ပါတယ်။

    (၅) လိုအပ်တာတွေဂရုစိုက်ပေးပါ

    ကလေးကိုကျောင်းမပို့ခင်မှာ လိုအပ်တာတွေအကုန်ပါအောင်ထည့်ပေးပါ။ ပစ္စည်းကျန်ခဲ့တာကြောင့် ကလေးစိတ်အနှောင့်အယှက်မဖြစ်စေဖို့ပါ။

    ကလေးအကြိုက်ဆုံးအစားအစာ၊ အသုံးအဆောင်တွေနဲ့ လိုလေသေးမရှိအောင် မေမေရဲ့ ဂရုစိုက်မှုတွေက ကလေးကို ကျောင်းနေပျော်အောင် ထောက်ပံ့ပေးနိုင်မှာ အသေအချာပါ။ ဒါကြောင့် အခုအချက်လေးတွေကို ပြည့်စုံအောင်လုပ်ဆောင်ပေးလို့ သားသားမီးမီးတွေကို ကျောင်းနေပျော်လို့ စာတော်တဲ့ ကလေးဖြစ်အောင် ပျိုးထောင်နိုင်ကြပါစေကြောင်း……………………

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement