ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 17, 2020 . 2 mins read
Share now

အသက်အရွယ် ရလာတဲ့ အခါ အစာစားချင်စိတ် နည်းလာပါတယ်။ ဒီလို အနေအထားမှာ ကိုယ်အလေးချိန် ကျသွားတာ။ အင်အား နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် နည်းတာနဲ့အတူ ရေရှည်မှာ ကြွက်သားဆုံးရှုံးတာက ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ချစ်ရတဲ့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးအောင် ဂရုစိုက်ပေးဖို့ လိုပါမယ်။

ဒါမှ ရောဂါဘယတွေ အန္တရာယ်ကနေ ကင်းဝေးမှာ ဖြစ်သလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ ကြွက်သားဆုံးရှုံးတာ၊ အရိုး ကျိုးလွယ်တာမျိုးတွေကို ကာကွယ်နိုင်မှာပါ။ ဒီတော့ အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ဒါလေးတွေ ကျွေးပေးစေချင်ပါတယ်။

မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့

အသက်အရွယ်ရလာချိန်မှာ ကြွက်သားဆုံးရှုံးမှု မဖြစ်စေဖို့အတွက် ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ဆိုရင်

အဆီများတဲ့ ငါး

အထူးသဖြင့်တော့ ဆယ်လ်မွန်ငါး၊ ထရောက်ငါးနဲ့ ဆာဒင်းငါးတို့ကို ပြင်ဆင်ပေးစေချင်တာပါ။ ဒီငါးတွေက အကျိုးပြု အဆီ ကြွယ်ဝစွာ ပါဝင်သလို ပရိုတင်းလည်း ပြည့်ဝပါတယ်။ အနံ့လည်း မဆိုးတာကြောင့် စားရမြိန်စေမှာ အသေအချာပါ။

တကယ်လို့ ငါး မကြိုက်ဘူးဆိုရင်လည်း ငါးကြီးဆီ တိုက်ပေးလို့ ရပါတယ်။

CHIA SEEDS

ဒါကနည်းနည်းတော့ အံ့ဩစရာကောင်းနိုင်ပါတယ်။ chia seeds မှာ အဆီ ပါဝင်မှုက ၈၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။ omega-3 fatty acids အများအပြား ပါဝင်နေသလို ကာဗိုဟိုက်ဒရိတ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အစားကြေစေပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်စေပါတယ်။ ကိုယ်အလေးချိန် တက်စေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အဆီပြည့် ဒိန်ချဉ်

အချို ထည့်မထားတဲ့ အဆီပြည့် ဒိန်ချဉ်က ပရိုတင်း ပြည့်ဝသလို အဆီဓာတ်နဲ့ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြု ဘက်တီးရီးယားလည်း ပါဝင်နေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာစားချင်စိတ် ဖြစ်စေသလို ကိုယ်အလေးချိန်တက်စေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အခွံမာသီးတွေ

သစ်ကြာသီး၊ အယ်လ်မွန်စေ့၊ macadamia nuts တို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခွံမာသီးတွေပါ။ အဆီပါဝင်မှု မြင့်သလို အမျှင်ဓာတ်၊ ပရိုတင်းတို့လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတွေအပြင် ဗီတာမင် E နဲ့ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်နေသေးတာကြောင့် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့ ထောက်ကူပေးနိုင်မှာပါ။

ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ပရိုတင်း ကြွယ်ဝသလို နေရောင်ခြည်ရဲ့ ဗီတာမင်လို့ တင်စားတဲ့ ဗီတာမင် D လည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ ဝါးရလွယ်သလို အာဟာရလည်း ပြည့်တဲ့ အစားအစားတစ်မျိုးပေါ့။

ပုံမှန် ကြက်ဥပြုတ်ကျွေးတာ၊ ကြက်ဥကြော်ကျွေးတာကလည်း ချစ်ရတဲ့ လူကြီးတွေကို ကိုယ်အလေးချိန် တိုးစေဖို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်ပါတယ်။

ချိစ်

ချိစ်က ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် လူကြီးတွေမှာ လိုအပ်တဲ့ ဗီတာမင် B12၊ phosphorus နဲ့ ပရိုတင်းတို့ ပါဝင်နေပါတယ်။

ကိုယ်အလေးချိန် တက်စေသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ကူညီပေးပါတယ်။

ထောပတ်သီးက အခြားအသီးတွေနဲ့မတူဘဲ omega-3 fatty acids ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပါဝင်မှု ၄၀ ရာခိုင်နှုန်း ပိုများတဲ့ ထောပတ်သီးက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး အကျိုးပြု ကိုလက်စထရောကို တိုးစေပါတယ်။

အမျှင်ဓာတ်ပါဝင်လို့ အစာခြေစနစ် ကျန်းမာစေသလို ကိုယ်အလေးချိန်ကို ကျန်းမာစွာနဲ့ တက်လာစေမှာပါ။

ဒါတွေအပြင် ကိုယ်အလေးချိန်တက်စေဖို့

ကဲ …အခုပြောခဲ့တာလေးတွေကို စားချင်စဖွယ်ပြင်ဆင်လို့အသက်အရွယ်ရလာတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတွေကို ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေဖို့  ဂရုစိုက်လိုက်ရအောင်လား……………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ မေမေတိုင်းသတိထားဖို့ လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်ကို မထိန်းချုပ်နိုင်တဲ့ခါ ဖြစ်ပွားပြီး အာရုံကြောများ၊ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နေမကောင်းရင် ဆန်ပြုတ်စားပါဆိုတာက

ဆန်ပြုတ်ကို နေမကောင်းမှ မဟုတ်ပါဘူး။ သာမန်အချိန်တွေမှာလည်း သောက်ပေးလို့ရပါတယ်။ ဆန်ပြုတ်သောက်တာက ကျန်းမာရေးအတွက် ဘယ်လို ကောင်းလဲဆိုတော့.....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းအအေး နဲ့ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
သားဥအိမ်ကင်ဆာ (Ovarian Cancer)

သားဥအိမ်ကင်ဆာ (Ovarian Cancer)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 19, 2020 . 2 mins read