အသက်ရှူရခက်ေနတဲ့ လူတိုင်း စိတ်ညစ်ရတာ ထမင်စားတဲ့အချိန်ပါ။ ကျန်တဲ့အချိန်တွေမှာ ပါးစပ် နှာခေါင်းပေါင်းပြီး အသက်ရှူလို့ရပေမယ့် ထမင်းစားတဲ့အချိန် ပါးစပ်က အလုပ်လုပ်နေတော့ နှာခေါင်းတစ်ပေါက်တည်းနဲ့ အသက်ရှူရတဲ့အခါ အသက်ရှူရခက်လာပါတော့တယ်။ ဒီလိုမျိုး ထမင်းစားတိုင်း အသက်ရှူရကြပ်နေတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။ ။
အစားစားချိန်မှာ ဖြစ်တာဆိုတော့ အစားကို ဘယ်လိုစားသင့်လဲဆိုတာ ကြည့်ရအောင် ။ ။
( ၁) ထမင်းမစားခင် တစ်နာရီလောက်အလိုမှာ အဆုတ်ကို ရှင်းနေအောင်ထားပါ။ ဘယ်လိုလုပ်ရမလဲဆိုတော့
- အသက်ကို ပြင်းပြင်းရှိုက်ရှူပါ။
- လည်ချောင်းထဲမှာ သလိပ်ရှိရင်ထုတ်ပါ။
- ရင်ဘတ်ကိုနည်းနည်း ပုတ်ပေးပါ။
- ပန်းနာရင်ကြပ်သမားတွေဆိုရင် ရှူဆေးရှူလို့ရပါတယ်။
( ၂ ) ထမင်းမစားခင် ခဏလောက် အနားယူလိုက်ပါ။
( ၃ ) ထမင်းစားတဲ့အချိန်မှာ မတ်မတ်ထိုင်စားပါ။ ဒါမှ ရင်ဝမ်းခြားကြွက်သားနဲ့ အဆုတ်ကြားထဲနေရာလွတ်ကျယ်ကျယ်ရသွားလို့ အသက်ရှူရလွယ်စေပါတယ်။
( ၄) အစားအများကြီးမစားပါနဲ့။ အစာအိမ်က ပြည့်တင်းနေတဲ့အခါ အဆုတ်နဲ့ ရင်ဝမ်းခြားကြွက်သားတို့နေရာကျယ်ကျယ် အလုပ်လုပ်နိုင်ဖို့အတွက် အစာအိမ်တင်းနေလို့ မဖြစ်ပါဘူး။
( ၅ ) အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပါ။ တစ်ခါတည်းနဲ့ အပြည့်အကြပ်စားတဲ့အခါ ရင်ဝမ်းခြားကြွက်သားကို အစာအိမ်ကသွားထောက်နေသလိုဖြစ်လို့ အသက်ရှူရ ပိုခက်စေပါတယ်။
( ၆ )လေပွစေတဲ့ အစားအသောက်တွေကို ရှောင်ပါ။
လေပွတဲ့အခါ ဗိုက်ကြီးတင်းနေတတ်ပြီ အသက်ရှူရခက်စေလို့ပါ။ ဒါေ့ကြာင့် လေပွစေတဲ့အစားအစာတွေဖြစ်တဲ့
- ပဲ အမျိုးမျိုး
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်
- ပန်းဂေါ်ဖီ၊ ကော်ဖီထုတ်၊ ပန်းဂေါ်ဖီစိမ်းနဲ့ ပဲပင်ပေါက်
- သခွားသီး၊ ပန်းသီး
- မုန်လာဥဖြူ
- ရေကညွန့်၊ ပြောင်းဖူး
- ကာဘွန်ပါတဲ့ အချိုရည်တွေ
- ဆီကြော်မုန့်တွေနဲ့ အစပ်ပါတဲ့ အစားအသောက်တွေကိုရှောင်ပါ။
( ၇ ) အစားကို ဖြေးဖြေးနဲ့ ကြေညက်အောင် ဝါးစားပါ. – ဖြေးဖြေနဲ့ ကြေညက်အောင် ဝါးမှ အစာခြေရလွယ် အစာလည်း မြန်မြန်ကြေပြီး ဗိုက်အောင့်တာ သက်သာစေလို့ အသက်ရှူချောင်စေမှာပါ။
ဒီအချက်လေးတွေကို သာသေချာ လိုက်နာပြီး အစားစားမယ်ဆိုရင် ထမင်းစားတိုင်း အသက်ရှူကြပ်တဲ့ ပြဿနာတွေ ကင်းဝေးစေမှာ အသေအချာပါ ။ ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]