backup og meta

ဖြည့်စွက်စာကျွေးချိန်ရောက်ပြီဆို ကလေးကို စကျွေးသ့င်တဲ့ အစားအစား ၅မျိုးက ဘာတွေလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖြည့်စွက်စာကျွေးချိန်ရောက်ပြီဆို ကလေးကို စကျွေးသ့င်တဲ့ အစားအစား ၅မျိုးက ဘာတွေလဲ ။  ။

    ကလေးအသက် ၆လေကျာ်လာပြီဆိုတာနဲ့ ဖြည့်စွက်စာစကျွေးဖို့ ခေါင်းစားကြတာ မေမေတိုင်းပါ။ ကလေးအာဟာရ မပြည့်မှာလည်းစိုးတယ် မတည့်တာကျွေးမိမှားလည်းစိုးတဲ့ ပူပန်မှုတွေကြားထဲ ကလေးကို ဘာတွေစကျွေးရမလဲ ဝေခွဲမရ ရွေးရခက်နေတဲ့ မေမေတို့ရှိပါသလား။ ဒါဆို ဒီဆောင်းပါလေးကိုဖတ်ကြည့်စေချင်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ဖြည့်စွက်စာ ကျွေးချိန်ရောက်ပြီဆိုတာနဲ့ ဘယ်အစားအစာတွေကို ကလေးတွေကို စကျွေးရမလဲဆိုတာ မေမေတို့ ခေါင်းစားစရာမလိုတော့အောင် ပြောပြပေးတော့မှာပါ။

    ဖြည့်စွက်စာ စားချိန်ရောက်ပြီဆိုတာနဲ့ ကလေးကို စကျွေးသင့်တဲ့ အစားအစာ ၅ မျိုး ။ ။

    ကလေးနဲ့လည်းတည့်၊ ဝယ်ရတာလည်းလွယ်ကူ ၊ အာဟာရလည်း အပြည့်ပါတဲ့ ဘယ်လို အစားအသောက်တွေကို ကလေးတွေရဲ့ ဖြည့်စွက်စာ အဖြစ် ရွေးချယ်သင့်လဲ ။ ။

    ၁ – ြကက်ဥ

    -နုနယ်သေးတဲ့ ကလေးအစာအိမ်အတွက် အစာခြေရတာလွယ်စေတဲ့ အစားအသောက်ဖြစ်တဲ့ အပြင်

    • ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုတဲ့ ပရိုတင်းဓါတ်တွေ အများကြီးပါတယ်ဆိုတာ အားလုံး သိကြမှာပါ။
    • ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံကို အထောက်အကူပြုတဲ့ Choline နဲ့
    • ဟော်မုန်းအားလုံး တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ ကိုလက်စထေရာ အပြင်
    • ကယ်လ်ဆီယမ်၊ ဇင့်၊ ဗီတာမင် E နဲ့ ဗီတာမင် ဘီ 6 ( vit B6 )တို့ ပါဝင်တာကြောင့် ကလေးအတွက်လိုအပ်တဲ့ အာဟာရတွေ အပြည့်ပါတဲ့ အစားအစာတစ်ခုပါ။ ကြက်ဥ ဘဲဥ ဖြူဖြူလေးတွေဆိုတာလည်း ကလေးတွေ အကြိုက်ဆိုတော့ ကျွေးရလည်း မခက်တော့ဘူးပေါ့။

    ၂ – ထမင်း ။

    ထမင်းဆိုတာ ကိုယ်ခန္ဓါကြီးထွားဖွံ့ဖြိုးစေတဲ့ အုပ်စုမှာရော၊ အားအင်ဖြစ်စေတဲ့ အုပ်စုထဲမှာရော ပါတဲ့ အခြေခံအစားအစာတစ်ခုဖြစ်တာကြောင့် ကလေးတွေ လုံးဝကို အရေးကြီးတဲ့ အစားအသောက်တစ်ခုပါ။ ဖြည့်စွက်စာအဖြစ် ထမင်းကို စကျွေးတော့မယ်ဆိုရင် ထမင်းကို လုံးဝ ကြေညက်အောင် ပိတ်စိမ်းပါးလေးပေါ်ဖိပြီး ဇွန်းနဲ့ကြိတ်ချေပေးပါ။ ကလေးဆိုတာ အချိုကြိုက်တတ်တာကြောင့် သကြား၊ နွားနို့လေးနဲ့ ရောပြီးကျွေးလို့ရသလို၊ ဆီနဲ့ ဆားလေး ရောနယ်ပြီး ကျွေးလို့လည်းရပါတယ်။

    ၃ – ငှက်ပျောသီး

    ငှက်ပျောသီးမှာ ကစီဓါတ်တွေ ကြွယ်ဝစွာ ပါတဲ့အပြင် ကစီဓါတ်ကို ချေဖျက်ပေးတဲ့ amylase အင်ဇိုင်းလည်းပါဝင်တာကြောင့် ငှက်ပျောသီးစားလို့ ကလေးတွေ အစာမကြေဖြစ်မှာ စိတ်ပူစရာ မလိုတော့ဘူးနော်။ ဒါ့အပြင် အာရုံကြောအတွက်လိုအပ်တဲ့ ဗီတာမင် B6 ၊ ခုခံအားရဲ့ မဟာမိတ်ဖြစ်တဲ့ ဗီတာမင် C နဲ့ manganese၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်သတ္တု ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် ဖြည့်စွက်စာ စကျွေးတဲ့ အစားအစာ ၅ မျိုးထဲမှာ ငှက်ပျောသီးက မပါမဖြစ်နော်။

    ၄ – ရွှေဖရုံသီး ။

    အစာခြေရတာလည်းလွယ်တယ်၊ ကစီဓါတ်လည်းကြွယ်ဝတယ်၊ ဗီတာမင် A လည်းအများကြီးပါတဲ့ အပြင် ချိုစိမ့်စိမ့် အရသာလည်းရှိတာကြောင့် ကလေးလည်းကြိုက် အာဟာရလည်း ကြွယ်ဝတဲ့ ရွှေဖရုံသီးဟာ ကလေးတွေကို စကျွေးသင့်တဲ့အထဲ ပါကိုပါသင့်တဲ့ အစားအသောက်တစ်ခုပါ။ ရွှေဖရုံသီးကို ပြုတ်ပြီး ဆီလေးဆားလေးနဲ့ ကြိတ်ချေပြီးတော့ပဲဖြစ်ဖြစ်၊ ပျစ်ပျစ်ချေထားတဲ့ ထမင်းထဲကို ရောထည့်ပြီးပဲ ဖြစ်ဖြစ် ကျွေးလို့ရပါတယ်။

    ၅ – အသား၊ငါး ။

    အသား၊ငါးတွေမှာ ပါတဲ့ ပရိုတင်းဓါတ်ဟာ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ အသား၊ငါးတွေမှာ ပရိုတင်းတွေပဲ ပါတယ်လို့ မထင်လိုက်ပါနဲ့။ သွေးအားကောင်းဖို့အတွက်လိုအပ်တဲ့ သံဓါတ်၊ ဗီတာမင် B 12 နဲ့ ဇင့်ဓါတ် ဒီ ၃ မျိုးဟာ အနီရောင်အသားတွေမှာ အကြွယ်ဝဆုံးပါတဲ့ သတ္တုဓါတ်တွေပါ။ ဒါ့အပြင် ငါးတွေမှာ ဦးနှောက်နဲ့ အမြင် အာရုံ ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ omega 3 fatty acid တွေလည်း အများကြီးပါတာကြောင့် ကလေးတစ်ယောက်ရဲ့ဖြည့်စွက်စာတွေထဲမှာ ဒီ အသား၊ငါးတွေကို ချန်ခဲ့လို့မရပါဘူး။ အသား၊ငါးတွေကို အတုံးလိုက်မဟုတ်ဘဲ အမျှင်လေးတွေ ခြေပြီးတော့ပဲ ဖြစ်ဖြစ်၊ ဆန်ပြုတ်လေးတွေ ပြုတ်ပြီးတော့ပဲ ဖြစ်ဖြစ် ကျွေးလို့ရပါတယ်။

    ကဲ ဒီလောက်ဆိုရင် ကလေးတစ်ယောက်ရဲ့ ဖြည့်စွက်စာတွေ အဖြစ် စစချင်း ကျွေးသင့်တဲ့အစားအသောက်တွေကို မေမေတို့ သိသွားပြီလို့ထင်ပါတယ်။ သန့်သန့်ရှင်းရှင်းနဲ့ ကလေးစားချင်အောင် ပြင်ပြင်ဆင်ဆင်လေး ချက်ကျွေးဖို့တော့ လိုတာပေါ့။ ကလေးတစ်ယောက်ရဲ့ ကျန်းမာရေး၊ ဖွံဖြိုးမှု အားလုံးဟာ မေမေတို့ အပေါ်မှာ မူတည်နေတာမဟုတ်လား ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement