ဓာတ်မတည့်တဲ့ ပြဿနာဟာ တစ်ကမ္ဘာလုံးရဲ့ လူသန်းပေါင်းများစွာ ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။ ဘာကြောင့်ဓာတ်မတည့်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း အတိအကျကို ရှာဖွေနိုင်ခြင်းမရှိသေးပေမဲ့ မိဘမျိုးရိုး၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်တာ၊ ရောဂါအခံ၊ အရေပြားက ထိခိုက်လွယ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဓာတ်မတည့်ခြင်းတွေထဲမှာ အစားအစာက အဖြစ်အများဆုံးဖြစ်ပြီး၊ လေထု၊ ရေထု၊ ဓာတုဗေဒပစ္စည်း၊ ဖုန်မှုန့်၊ ရောဂါပိုးမွှား၊ အဝတ်အစား စတာတွေကြောင့်လည်း ဓာတ်မတည့်ဖြစ်စေနိုင်ပါတယ်။ အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့ လူဦးရေဟာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓာတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲလို့ စစ်ဆေးချက်များအရ သိထားပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။