ကိုယ်ဝန်ဆောင်နို့တိုက်မေမေတိုင်း သိထားဖို့လိုမယ့် အချက်တွေက ဘာတွေများလဲ……..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ပထမ ရင်သွေးလေးက တစ်နှစ်ပြည့်ပြီ။ မေမေရဲ့ မိသားစု အစီအစဉ်က သားသားမီးမီးလေး ၂ ယောက်ယူဖို့ ဆုံးဖြတ်ထားတာမို့ နောက်ကလေးတစ်ယောက်ယူဖို့ဆုံးဖြတ်ထားတယ်။ ဒီလိုနဲ့ ဘေဘီလေး တစ်နှစ်ခွဲ လောက်မှာ နောက်ထပ် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတယ်။ ရှေ့က ကလေးကိုလည်း ၂ နှစ် အထိမိခင်နို့ ဆက်တိုက်ချင်တယ်။ ဗိုက်ထဲက ဘေဘီလေးကိုလည်း မထိခိုက် စေချင်တဲ့ မေမေတွေရှိလား………. ဒါဆိုရင် ဒီဆောင်းပါးလေးက မေမေတို့အတွက် ပါနော်။

ကိုယ်ဝန်ဆောင်နေချိန် မိခင်နို့ ဆက်တိုက်မယ်ဆိုရင်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နို့ဆက်တိုက်တာက စိတ်ချရလားဆိုရင်တော့ စိတ်ချရပါတယ်။ တစ်ခုရှိတာက ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်နို့က အရောင်နဲ့ အရသာပြောင်းလဲလာတာမျိုးတော့ရှိနိုင်ပါတယ်။ အာဟာရ ပါဝင်မှုကတော့ မပြောင်းလဲပါဘူး။

ကိုယ်ဝန် ၄ လက၊ ၅လလောက်ရောက်လာတဲ့အခါ နို့အရသာက သိသိသာပြောင်းလာနိုင်ပါတယ်။ နောက်တစ်ချက်က ကိုယ်တွင်းမှာ အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိတာကြောင့် နို့ထွက်နည်းတာနဲ့ သားအိမ်ကျုံ့ဆန့်မှု အနည်းငယ်ရှိနိုင်ပေမယ့် ဗိုက်ထဲက ဘေဘီလေးကို မထိခိုက်စေနိုင်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန် နို့တိုက်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေက ဘာတွေလဲ………..

ကိုယ်ဝန်ဆောင်ချိန်မှာ နို့တိုက်မယ်ဆိုရင်

အရင်ဆုံး ဆရာဝန်နဲ့တိုင်ပင်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ နို့တိုက်တာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်တာမျိုး မဖြစ်နိုင်ဘူးဆိုပေမယ့် သေချာစေဖို့အတွက် ဆရာဝန်နဲ့ သေချာလေးတိုင်ပင်ကြည့်ဖို့ လိုပါမယ်။ တကယ်လို့ ဒီအခြေအနေမျိုးဆိုရင်တော့ နို့ဆက်မတိုက်သင့်ပါဘူး။

  • ကိုယ်ဝန်ပျက်ကျနိုင်ခြေ များနေတယ် ဆိုရင်
  • အမြွှာ ကိုယ်ဝန်ဆောင်ထားရတယ် ဆိုရင်
  • သားအိမ်က နာမယ် ဆိုရင်
  • ​သွေးဆင်းမယ်ဆိုရင်
  • ကိုယ်ဝန်ဆောင်နေချိန်မှာ အတူနေတာမျိုး မလုပ်ဖို့ ဆရာဝန်က မှာကြားထားမယ်ဆိုရင် တော့ နို့ဆက်မတိုက်သင့်ပါဘူး။

နို့တိုက်တဲ့အခါ ထိုင်ပြီး ဒါမှမဟုတ် လှဲပြီးတိုက်ပါ

နို့တိုက်တဲ့အခါ ပေါ့ပေါ့ပါးပါးအခြေအနေက ကိစ္စမရှိပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေမယ်ဆိုရင် ကလေးကိုချီပြီး တိုက်ဖို့က ခက်ခဲပါတယ်။ ကသိကအောက် ဖြစ်သလို ဗိုက်ကို ဖိမိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဗိုက်ထဲက ဘေဘီလေးရော မေမေနဲ့ အပြင်ကဘေဘီလေးပါ အဆင်ပြေစေဖို့ဆိုရင် လှဲပြီးတိုက်တာ ဒါမှမဟုတ် ထိုင်ပြီး တိုက်တာက အဆင်အပြေဆုံးပါ။

နို့ထွက်တဲ့ပမာဏကို ဆန်းစစ်ပါ

ကိုယ်ဝန် ၄ လ၊ ၅လလောက်ရောက်တဲ့အခါ မိခင်နို့ရည်ပမဏက နည်းသွားပါပြီး ဒီအချိန်မှာ ကလေးကို ဖြည့်စွက်အာဟာရနို့တွေ တိုက်ကျွေးပေးတာမျိုးလုပ်ပေးဖို့လိုပါမယ်။ ဒါမှ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ထိခိုက်တာမျိုး မရှိမှာပါ။ ကလေးကို မိခင်နို့တိုက်တာ နည်းသွားတဲ့အခါ အခြားအာဟာရတွေ ပြည့်ဝလုံလောက်စွာ ကျွေးမိဖို့ မဖြစ်မနေလိုအပ်ပါမယ်။

အာဟာရပြည့်ဝအောင် စားသုံးပါ

အာဟာရပြည့်ဝအောင် စားသုံးဖို့က တော်တော်လေး အရေးပါပါတယ်။ မေမေရော ဘေဘီလေးတွေပါ ကျန်းမာဖို့က မေမေ အာဟာရပြည့်ဝလုံလောက်အောင် စားသုံးရမှာပါ။ ကိုယ်ဝန်လည်း ဆောင်ထားရတယ်။ နို့ကလည်း တိုက်နေသေးတယ်ဆိုရင် ပုံမှန်ထက် ပိုစားဖို့က မဖြစ်မနေလိုအပ်ပါပြီ။ တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၅၀၀ လောက် ပိုစားဖို့လိုပါမယ်။ ဒါမှ မေမေရော ဘေဘီလေးတွေပါ ကျန်းမာမှာပါ။ ရေဆာတဲ့အခါတိုင်းမှာလည်း ရေသောက်ဖို့လိုပါမယ်။ နောက်တစ်ချက်က အိပ်ရေးဝအောင် အိပ်ဖို့ပါ။

ရင်သား စစ်ဆေးမှုလုပ်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားထိပ်တွေ နာတာ၊ ရင်သား နာကျင် တောင့်တင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ရင်သားကို လက်ချောင်းထိပ်လေးတွေ သုံးလို့ ခပ်ဖွဖွလေး နှိပ်နယ်တာ၊ ရေနွေးဝတ်ကပ်တာမျိုးတွေ လုပ်ပေးပါ။ ရင်သားတွေက တင်းပြီး တအားနာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသကြည့်ပါ။

စိတ်ရော ကိုယ်ပါ ကျန်းမာအောင်နေပါ

ကိုယ်ဝန်လည်းဆောင်ထားရတယ် ကလေးကိုလည်း နို့ဆက်တိုက်နေတဲ့ မေမေက ပင်ပန်းမယ်ဆိုတာ ပြောနေစရာမလိုအောင်ပါ။ ဒီအချိန်မှာ စိတ်ဖိစီးစေမယ့် ကိစ္စတွေကို တတ်နိုင်သမျှ မတွေးပါနဲ့။ နေ့ရက်တိုင်းမှာ စိတ်ရောကိုယ်ပါ လန်းဆန်းနေစေဖို့ ဂရုစိုက်ပါ။ စိတ်ဖိစီးစရာတွေ ရှိလာရင် မိခင် ဒါမှမဟုတ် ယုံကြည်ရသူကို ရင်ဖွင့်တာမျိုး လုပ်ပါ။

အာဟာရပြည့်ဝအောင် စားပြီး အိပ်ရေးဝအောင် အိပ်ပါ။ ဆေးခန်းကိုလည်း ပုံမှန်သွားရောက်ပြသလို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရယူပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အနီရောင် ဂေါ်ဖီထုပ်ကပေးတဲ့ ကျန်းမာရေး

    အနီရောင်ဂေါ်ဖီထုပ် ကျန်းမာရေး အာဟာရတန်ဖိုး ကျန်းမာရေး ကယ်လ်လိုရီ ပရိုတင်း ကယ်လ်ဆီယမ် ပိုတက်ဆီယမ် သံဓာတ် ကိုယ်ခံအား ဗီတာမင် C သွေးဖြူဥဆဲလ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    Yo-Yo Diet လုပ်သင့်လား။

    Yo-Yo Diet Diet Plan ဝိတ်ချချင်သူတွေ ကိုယ်အလေးချိန် အမျိုးသား အမျိုးသမီး ကျန်းမာရေး ခန္ဓာကိုယ် ဝိတ်ချ ဟော်မုန်း အဆီပမာဏ ကယ်လ်လိုရီ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်နိုင်ပါ့မလား…….

    ကျောက်ကပ်လှူထားတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ဖို့ ဖြစ်ပါ့မလား ကျောက်ကပ် အစားထိုး ကုသမှု ကိုယ်ဝန်ဆောင် ရင်သွေး လေဒီလေး ကလေးရနိုင်ခြေ အိုဂျီ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    ကလေးမွေး တဲ့အခါ ဗိုက်သိပ်မနာမယ့် နည်းလမ်းများ

    ကလေးမွေး ဗိုက်နာ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း ယောဂ အကြောတွေပြေလျော့ မွေးဖွားရလွယ် နှိပ်နယ် အနာသက်သာ ရေမွှာပေါက် သားအိမ်ညှစ်း အသက်ရှူလေ့ကျင့်ခန်း water birth

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ကလေးမွေးဖွားခြင်း, ကိုယ်ဝန်ဆောင်ခြင်း ဇွန် 23, 2020 . 3 ဖတ်ရန် ကြာချိန်

    သင့်အတွက် ရွေးချယ်ထားသည်

    ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

    ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 3, 2020 . 2 ဖတ်ရန် ကြာချိန်
    ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

    ကိုယ်ဝန်ဆောင်ချိန် ဒွိဟဖြစ်ရသော ကိစ္စရပ်အချို့

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
    အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

    အဆီ (သို့မဟုတ်) ကိုလက်စထရောနှင့် ပတ်သက်သည့် အယူအဆအလွဲများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr.Thant Zin
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 ဖတ်ရန် ကြာချိန်
    ဂေါ်ဖီ စားလို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    ဂေါ်ဖီ စားလို့ရမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇွန် 26, 2020 . 2 ဖတ်ရန် ကြာချိန်