backup og meta

ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာစားရမလဲ............

ခေါင်းကိုက်တာကိုမှ ခေါင်းမထောင်နိုင်အောင် ကိုက်နေတာမဟုတ်ဘဲ၊ ခေါင်းတစ်ခြမ်းတည်းကနေ ကိုက်နေတာက တော်တော်လေးတော့ ခံရခက်တယ်နော်။ ဒီပြဿနာက ဘာမှသာ မဟုတ်တယ် တစ်နေ့တာ လုပ်စရာကိစ္စတွေကို အာရုံစိုက်ဖို့ ခက်ခဲပြီး ခံရခက်တဲ့ဝေဒနာတစ်ခုပေါ့။ ဒီပြဿနာကို အစားအသောက်လေးတွေ စားရင်း အတူတူဖြေရှင်းရအောင်လား…………..

ခေါင်းတစ်ခြမ်းကိုက်နေတယ်။ ဘာစားရမလဲ............

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ ဒါတွေစားပါ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက်ဆိုရင်တော့

ရေ

ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်း ကိုက်နိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကို များများသောက်ပေးပါ။ ရေဓာတ်ပြည့်ဝမှုက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။

သစ်သီးတွေဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုး

ဒီအစားအစာတွေထဲမှာ​ အပင်ကနေရတဲ့ အက်စထရိုဂျင်တွေ ပါဝင်နေပါတယ်။ ဒီလိုပါဝင်နေမှုက အမျိုးသမီးတွေကို ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ပြဿနာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ရုတ်တရက် အက်စထရိုဂျင်ပမာဏကျဆင်းမှုကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ဒါကြော်င့ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရတဲ့ အခါ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးလို့ရပါတယ်။

အဆီပါတဲ့ ပင်လယ်ငါး

အဆီပါတဲ့ ပင်လယ်ငါးတွေက နှလုံးကျန်းမာရေး ကောင်းစေနိုင်သလို ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။ မက်ကာရယ်၊ ဆယ်လ်မွန်တို့လိုမျိုး ပင်လယ်ငါးတွေမှာ  omega-3 fatty acids EPA နဲ့ DHA ပါဝင်နေမှုက နာကျင်ရောင်ရမ်းတာကို သက်သာစေနိုင်ပြီး ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အဆီပါတဲ့ ပင်လယ်ငါးတွေကို တစ်ပတ်ကို ၆ ကြိမ်အထိ စားပေးလို့ရပါတယ်။

ကော်ဖီ

ကဖင်းက အချို့သူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် ခေါင်းတစ်ခြမ်းကိုက်နေတဲ့ အခါမျိုးမှာတော့ ကော်ဖီ နည်းနည်းလောက် သောက်ပေးတာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ကဖင်းက ဦးနှောက်တွင်းက သွေးကြောလေးတွေ ရောင်ရမ်းနေတာကို သက်သာစေနိုင်ပါတယ်။

ချင်း (ဂျင်း) 

ချင်း(ဂျင်း) က အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် ခေါင်းကိုက်နေတဲ့အခါ ချင်း(ဂျင်း) ကို ဝါးစားပေးတာ ဒါမှမဟုတ် ချင်း (ဂျင်း) ရေနွေးကြမ်းလေးသောက်သုံးတာတွေက ခေါင်းတစ်ခြမ်းကိုက်တာနဲ့ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့် ခေါင်းကိုက်နေတယ်ဆိုရင် ချင်း (ဂျင်း) လေးစားပေးလို့လည်း ရပါတယ်။

မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေ

ဆန်၊ ဂျုံ၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးတွေမှာ မဂ္ဂနီဆီယမ် ကြွယ်ဝစွာပါဝင်နေတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာ သက်သာစေမှာပါ။ ကိုယ်တွင်းမှာ မဂ္ဂနီဆီယမ် ပမာဏ နည်းသွားတဲ့ အခါမျိုးမှာ ခေါင်းတစ်ခြမ်းကိုက်တာကို ခံစားရနိုင်ပါတယ်။

အစားမှန်မှန် စားပေးပါ

တစ်ခါတလေမှာ ခေါင်းတစ်ခြမ်းကိုက်ရတာက အစာစားချိန်မမှန်တာကြောင့်ပါ။ ဒါကြောင့် အစားစားချိန် မှန်မှန်လေးနဲ့ သေသေချာချာလေး စားပေးဖို့လိုပါမယ်။ ဒါ​ကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ သေချာလေး စဉ်းစားဖို့ လိုမှာက ငါ အစားစားချိန်မှန်ရဲ့လား ဆိုတာကိုပါ။

ကဲ…ခေါင်းတစ်ခြမ်းကိုက်နေသူလေးတွေရေ အခုပြောခဲ့တဲ့ အစားအစာလေးတွေ စားရင်း ခေါင်းတစ်ခြမ်းကို်ကတာကို သက်သာအောင် လုပ်လိုက်ကြစို့နော်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Migraine and Diet https://americanmigrainefoundation.org/resource-library/migraine-and-diet/ Accessed Date 20 March 2020

9 Migraine Diet Dos and Don’ts https://www.everydayhealth.com/hs/managing-migraines/diet-dos-donts-pictures/ Accessed Date 20 March 2020

Food Triggers for Migraines https://www.webmd.com/migraines-headaches/migraine-trigger-foods#2 Accessed Date 20 March 2020

ယခုပုံစံ

18/10/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Ocular migraine (အမြင်အာရုံနှင့်ပတ်သတ်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ)

ခေါင်းတစ်ခြမ်းကိုက်တာ သက်သာစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/10/2021 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ