ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 4, 2020 . 1 min read
Share now

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။

ဒီတစ်ခါတော့ ဝက်ခြံ ခဏခဏဖြစ်နေလို့ စိတ်ညစ်နေရသူလေးတွေအတွက် ဝက်ခြံ သက်သာစေမယ့် အသီးလေးတွေက ဘာလေးတွေလဲဆိုတာကို ပြောပြပေးမယ်နော်။

ဝက်ခြံ သက်သာစေဖို့ စားပေးသင့်တဲ့ အသီးလေးတွေက ဘာတွေလဲ………….

မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ဝက်ခြံတွေကို သက်သာစေဖို့ဆိုရင်

သခွားမွှေး

သခွားမွှေးက အသားအရေကို ချောမွတ်နုပျိုစေမယ့် လျှို့ဝှက်ပါ။ သခွားမွှေးမှာ ဗီတာမင် A  ပါဝင်နေတာကြောင့် ဆဲလ်တွေ အသစ်ဖြစ်ပေါ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ သခွားမွှေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် အသားအရေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ပျက်စီးတာကနေ ကာကွယ်ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေသလို အရေပြားပြဿနာ အမျိုးမျိုးကိုလည်း သက်သာစေနိုင်ပါတယ်။

လိမ္မော်သီး 

လိမ္မော်သီးကလည်း သခွားမွှေးလိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အသီးပါ။  လိမ္မော်သီးက အသားအရေ ကျန်းမာရေးကို အတော်လေး အထောက်အကူပြုပါတယ်။

လိမ္မော်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဗီတာမင် C က အရေပြားကို နေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပြီး အရေပြားကင်ဆာ ခံစားရနိုင်ခြေကို လျှော့ချပေးသလို ဝက်ခြံနဲ့ အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။

မက်မွန်သီး

မက်မွန်သီးက အသားအရေအတွက် တကယ့်ကို ကောင်းတဲ့ အသီးပါ။ မက်မွန်သီးက ဝက်ခြံ သက်သာစေသလို ဝိတ်ကျစေပြီး၊ နှလုံးကိုလည်း ကျန်းမာစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဓာတ်တိုးဆန့်ကျင်အာနိသင်လည်း ကြွယ်ဝပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးက အသားအရေကို ကျန်းမာစေဖို့ လုံလော်ကတဲ့ ဓာတတိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်သလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီးတစ်နေ့တစ်လုံး စားပေးတာက ကျန်းမာရေးကို အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ပန်းသီးက pectin  ကြွယ်ဝတာကြောင့်  ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

ပန်းသီး အခွံမှာ အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ phenols ပါဝင်တာကြောင့် ပန်းသီးစားတဲ့အခါ အခွံကိုပါ စားဖို့ လိုပါမယ်။

ဒါတွေအပြင် ဝက်ခြံ သက်သာစေဖို့ဆိုရင် ဒီအချက်လေးတွေကိုပါ လိုက်နာဖို့ လိုပါမယ်။

ဝက်ခြံ သက်သာစေဖို့ လိုက်နာသင့်တဲ့ အချက် အချို့

ဝက်ခြံ သက်သာစေဖို့ဆိုရင် အပေါ်က ပြောခဲ့တဲ့ အသီးလေးတွေ ပုံမှန် စားပေးတာအပြင်

  • အရေပြားကို စနစ်တကျ သန့်စင်တာ
  • ရေများများ သောက်တာ
  • ကြက်သွန်ဖြူ စားတာ
  • လေ့ကျင့်ခန်း လုပ်တာ
  • အချိုလျှော့စားတာမျိုးတွေ လုပ်ဖို့ လိုပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

G6PD ရှိရင် ဘာတွေရှောင်ရမလဲ……..

G6PD ရှိရင် ဘာတွေရှောင်ရမလဲ........ G6PD အင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာကို ခံစားနေရမယ်ဆိုရင် ဒါလေးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဘာတွေစားမလဲ …………

ကိုဗစ်ကြောင့် ရောင်ရမ်းမှုတွေ ဖြစ်တဲ့အခါ ဘာတွေစားမလဲ ............ ကိုဗစ်ကြောင့်ရောင်ရမ်းမှုတွေ သက်သာစေဖို့ ဒါလေးတွေကို စားပေးဖို့ လိုပါမယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

Boysenberry ကပေးတဲ့ ကျန်းမာရေး

Boysenberry ကပေးတဲ့ ကျန်းမာရေး က ဘာတွေဖြစ်မလဲ.... အတူတူဖတ်ကြည့်လိုက်ရအောင်နော်။ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား…….

စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား....... ဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ပုစွန်စာရွက် ကပေးတဲ့ အလှအပ

ပုစွန်စာရွက် ကပေးတဲ့ အလှအပ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 21, 2021 . 2 mins read
ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

ဂျူးဖူးလေး ကပေးတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 2 mins read
တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 2, 2021 . 2 mins read
ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ကိုဗစ်ကြောင့် ကျဆင်းလာတဲ့ ဦးနှောက်စွမ်းဆောင်ရည် ကို ပြန်လည် မြှင့်တင်ရအောင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 2, 2021 . 2 mins read