လက်သည်းခြေသည်းတွေက ပြောပြနေတဲ့ သင့်ကျန်းမာရေး ။ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လက်သည်းခြေသည်းတွေဆိုတာ ကိုယ့်ကျန်းမာရေး အခြေအနေကို ပြန်ထင်ဟပ်စေနိုင်တဲ့ ကြေးမုံပြင်လေးတွေပါ။ သူ့တို့ရဲ့ အရောင်၊ ပုံပန်း သဏ္ဍန်ကို ကြည့်ပြီး သင့်ကျန်းမာရေး အခြေအနေကို အကြမ်းဖျင်းသိနိုင်ပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ။

ပုံမှန် လက်သည်းဆိုတာ ဘယ်လိုမျိုးလဲ ။ ။

လက်သည်းအရောင်ကကြည်နေသင့်ပြီး ပန်းရောင်သန်းနေရပါမယ်။ မျက်နှာပြင်မှာလည်း အစင်းရာလေးတွေ ၊ ဖုထစ်နေတာမျိုးတွေ ရှိမနေသင့်ဘဲ ပြောင်ချော ဖြစ်နေရပါမယ် ။ ။

လက်သည်းက ကိုယ့်ကျန်းမာရေးကို ဘယ်လိုပြောပြနိုင်မှာလဲ ။ ။

လက်သည်း အရောင်

  • ဖျော့နေတဲ့ လက်သည်းရောင် ။ ။ ပုံမှန် ပန်းရောင် မဟုတ်ဘဲ ဖျော့နေတယ်ဆိုရင် သွေးအားနည်းတာ၊ အသည်းရောဂါ နှလုံးရောဂါနဲ့ အာဟာရ ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။
  • လက်သည်းဖြူနေတာ ။ ။ လက်သည်းကို ကြည့်လိုက်ရင် ကြည်ကြည်လေးဖြစ်မနေဘဲ ထုံးတွေ တို့ထားသလို ဖြူဖြူကြီးဖြစ်နေမယ်ဆိုရင် ဒါ သင့်အသည်းမှာ ပြဿနာရှိနေပြီဆိုတာကို ပြတာပါ။
  • လက်သည်းဝါတာ ။ ။ လက်သည်းတွေက တအားကို ဝါနေမယ်ဆိုရင် ဒါ လက်သည်းမှိုစွဲနေတာဖြစ်နိုင်ပါတယ်။ တစ်ခြား ဖြစ်တတ်တာတွေကတော့ အသည်းရောင် အသားဝါကြောင့် လက်သည်းတွေဝါတာ၊ အဆုတ်ရောဂါ နဲ့ သိုင်းရွိုက် ဂလင်းရောဂါတွေ ကြောင့်လည်း လက်သည်း ဝါတတ်ပါသေးတယ်။
  • ပြာနေတဲ့ လက်သည်းခွံ။ ။ သင့်ကိုယ်ခန္ဓါ အောက်ဆီဂျင် လုံလောက်အောင် မရဘူးဆိုတာကို အရင်ဆုံး ပြောပြမှာကတော့ ပြာနေတဲ့ လက်သည်းခွံလေးတွေပဲ ဖြစ်ပါတယ်။ အဆုတ်ရောဂါတွေနဲ့ အခြား မွေးရာပါ နှလုံးရောဂါတွေကြောင့် လက်သည်းပြာနိုင်ပါသေးတယ်။
  • လက်သည်းပေါ်က အဖြူစက်လေးတွေ ။ ။ ငယ်ငယ်ကဆော့လေ့ရှိတဲ့ မုန်း၊ညှိုး၊ချစ်၊ ခင်၊ သနားတို့ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဒီ လက်သည်းပေါ်က အဖြူစက်လေးတွေက သင် ဇင့်ဓါတ်ချို့တဲ့နေတာကိုပြချင်တာပါ။

လက်သည်း မျက်နှာပြင်

  • လက်သည်းမျက်နှာပြင်ဟာ မချောမွတ်ဘဲ အပ်ပေါက်ရာလေးတွေ ဖောက်ထားသလို အထစ်ထစ်ဖြစ်နေမယ်ဆိုရင် psoriasis လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးနဲ့ အဆစ်အမြစ်ရောင် ရောဂါ တို့ကြောင့်ဖြစ်ရတာပါ။
  • လက်သည်း ခြေသည်းထိပ်တွေမှာ ခြောက်ပြီး အဖြူဖတ်တွေကပ်နေသလိုမျိုးဖြစ်ဖူးပါသလား။ အဲဒီနေရာက လက်သည်းက ပျော့နေပြီး အလွယ်တကူ ချိုးလို့ရတယ်လေ။ တစ်ရံတစ်ခါလည် းဝါဝါ ကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒါတွေ အားလုံးရဲ့ တရားခံကတော့ လက်သည်း၊ခြေသည်း မှိှုစွဲတာကြောင့်ဖြစ်ပါတယ်။
  • လက်သည်းမှာ ကန့်လန့်ဖြတ် အစင်းရာတွေ များနေရင် ဒါဟာ စိတ်ဖိစီးမှု များနေတယ်ဆိုတာကို ပြောချင်တာပါ။
  • ဒေါင်လိုက်က အစင်းတွေ ။ ။ အစာအိမ်နဲ့ ပက်သက်တဲ့ ရောဂါ၊ အသည်း ၊ ေကျာက်ကပ်ဝေဒနာတွေ ခံစားရတဲ့သူမှာ တွေ့ရများပါတယ်။
  • လက်သည်းအောက်က အမဲစင်းတွေ ။ ။ လက်သည်းအောက်က အမဲအစင်းကြောင်းကတော့ melanoma လို့ခေါ်တဲ့ အရေပြားကင်ဆြာဖစ်စေတတ်တဲ့ ဓါတ်တစ်မျိုးကြောင့်ဖြစ်ရတာပါ။ ။
  • လက်သည်းထိပ်တွေ မညီမညာဖြစ်နေတာ ။ ။ လက်သည်းထိပ်က ဝိုက်ဝိုက်လေးမဟုတ်ဘဲ အထစ်အထစ်တွေနဲ့ ဖြစ်နေပြီဆိုရင် သင့်မှာ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိနေရပါမယ်။ လက်သည်းကိုက်တတ်တယ်ဆိုတာ ပုံမှန် မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုများတဲ့ စိတ်ရောဂါ ရဲ့ လက္ခဏာတစ်ခုပါ။

လက်သည်းကဖော်ပြနေတဲ့ သင့်ကျန်းမာရေး အခြေအနေများပဲ ဖြစ်ပါတယ်။ ဒါတွေ ရှိလို့ ကျန်းမာရေး ချို့ယွင်းနေပြီလို့ တထစ်ချပြောလို့မရပါဘူး။ ပုံမှန် လူတွေ တော်တော်များများမှာလည်း ဒီလို လက်သည်း ပြဿနာလေးတွေ ရှိတတ်တာကြောင့် သင့်စိတ်ထဲ စနိုးစနောင်ြ့ဖစ်နေရင်တော့ ဆရာဝန်၊ အရေပြား ဆရာဝန်တွေ ဆီမှာ သွားပြတာ အကောင်းဆုံးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 2 mins read