backup og meta

Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Collagen ဟင်းရည် ကြိုက်သူတွေ ရမယ့် အကျိုးကျေးဇူး (၇) ခု

    Collagen ဟင်းရည်ဆိုတာ ဟော့ပေါ့ချစ်သူတွေ သိကြပြီးသား နေမှာပါ။ သိပ်အရသာ ရှိတယ် ဆိုပဲ။ အခုပြောပြမှာက ဒီဟင်းရည်မှာ ပါနေတဲ့ Collagen ဓာတ်အကြောင်းကိုပါ။ ဒီဓာတ်ကြောင့် ကိုယ့်မှာ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မှာမို့လို့ စျေးကြီးပေးရတဲ့ ဖြည့်စွက်အာဟာရပုလင်းလေးတွေ ကိုတောင် တကူးတက ဝယ်သောက်လာကြသလဲ။ ဆက်ပြီး ကြည့်ရအောင်…

    Collagen (ကော်လာဂျင်) ဆိုတာ ခန္ဓာကိုယ်မှာ အပေါများဆုံးတွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အရွတ်၊ အရွတ်တွဲ၊ အရေပြားနဲ့ ကြွက်သားအပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများရဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိကပါဝင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေက –

    (၁) အသားအရေ လှတယ်

    ကော်လာဂျင်က အရေပြားမှာ အဓိကပါဝင်ဖွဲ့စည်းထားတဲ့ပရိုတင်းဖြစ်လို့ အသားအရေတင်းရင်းစေပြီး ရေဓာတ်ကို ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လာဂျင်ထုတ်လုပ်နိုင်စွမ်း ကျဆင်းလာတယ်၊ ကြာလာတော့ အသားတွေခြောက်လာတယ်၊ အရေးအကြောင်းတွေ ဖြစ်လာတယ်လေ။ ကော်လာဂျင်ကို အသားအရေအတွက် သောက်တာက အများအားဖြင့် ရည်ရွယ်ချက်သုံးမျိုးရှိတယ် –

    • အရေးအကြောင်းမဖြစ်ဘဲ အသားအရေတင်းရင်းပြီး အရွယ်တင်နုပျိုစေဖို့၊
    • ဝက်ခြံနဲ့အမာရွတ်တွေ သက်သာပျောက်ကင်းစေဖို့၊
    • အသားအရေကြည်လင်လှပဖို့ သောက်ကြတာ များပါတယ်။

    (၂) အရိုးအဆစ်၊ အရွတ် နာကျင်ကိုက်ခဲမှု သက်သာစေတယ်

    ကော်လာဂျင်က အဆစ်တွေကိုကာကွယ်ပေးတဲ့ အရိုးနုလွှာကို အားဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်မှာ ကော်လာဂျင်အားနည်းတဲ့အခါ အဆစ်နာ လိုမျိုး အရိုးအဆစ် ယိုယွင်းမှုပြဿနာတွေ ဖြစ်လာနိုင်ခြေ ပိုများလာတတ်ပါတယ်။ ဒါ့ကြောင့် ကော်လာဂျင်သောက်တဲ့အခါ အရိုး၊အဆစ်၊ အရွတ်နာတွေကို သက်သာစေနိုင်တယ်။ ကော်လာဂျင်ကြောင့် ရောင်ရမ်းမှုတွေလည်း လျော့ပါးသက်သာစေနိုင် ပါသေးတယ်။

    (၃) အရိုးပွရောဂါ ကာကွယ်တယ်

    အရိုးတွေမှာကော်လာဂျင်တွေအများစုနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အရိုးကျန်းမာရေးကို အကျိုးပြုတာလည်းများပါတယ်။ အသက်ကြီးလာလေ ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင်နည်းလာလေဖြစ်ပြီး အရိုးသိပ်သည်းဆလည်း လျော့လာတတ်ပါတယ်။ ဒီအချိန်မှာ အရိုးပွအရိုးပါးရောဂါ ဖြစ်နိုင်ခြေပိုများစေပြီး အရိုးကျိုးအက်မှုအန္တရာယ်လည်း များပါတယ်။ ဖြည့်စွက်ကော်လာဂျင်တွေ သောက်တဲ့အခါ အရိုးကိုအားဖြည့်ပေးပြီး ဒီပြဿနာတွေ ကာကွယ်ပေးနိုင်ပါတယ်။

    (၄) ကြွက်သား သန်မာစေတယ်

    ခန္ဓာကိုယ်ရဲ့ကြွက်သားတစ်ရှူးတွေ ၁၀ ရာခိုင်နှုန်းလောက်ကို ကော်လာဂျင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ကြွက်သားတွေ သန်မာဖို့နဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်ဖို့ ဒီပရိုတင်းကို လိုအပ်ပါတယ်။ အသက်ကြီးလာတဲ့အခါ လျော့ရဲလာတဲ့ ကြွက်သားတွေကို ပြန်လည်သန်မာစေဖို့ ကော်လာဂျင်က အထောက်အကူ ပေးနိုင်ပါတယ်။

    (၅) နှလုံး အတွက် ကောင်းတယ်

    သုတေသနတွေအရ ကော်လာဂျင်က နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါပြဿနာတွေ ဖြစ်လာနိုင်ခြေလျော့နည်းစေတယ်လို့ တွေ့ရှိထားပါတယ်။ ကော်လာဂျင်က နှလုံးသွေးကြောတွေကို ကျန်းမာစေပြီး သွေးပို့လွှတ်မှုပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ ကော်လာဂျင်ဓာတ် မလုံလောက်ရင် နှလုံးသွေးကြောတွေ အားနည်းပြီးရောဂါဖြစ်လွယ်နိုင်ပါတယ်။

    (၆) ဆံပင်နဲ့ ခြေသည်းလက်သည်း ကျန်းမာစေတယ်

    ကော်လာဂျင်သောက်ရင် လက်သည်းခြေသည်းကြွပ်ဆတ်၊ ကျိုးပဲ့ခြင်းမဖြစ်အောင် ကာကွယ်ပေးတယ်။ ခြေသည်းလက်သည်း ကျန်းမာလှပစေတယ်၊ ဆံပင်သန်စေတယ်၊ ဆံပင်အရှည်မြန်စေတယ်။

    (၇) ဦးနှောက် ကျန်းမာရေးအတွက် ကောင်းတယ်

    ဆေးပညာ အထောက်အထား မလုံလောက်သေးပေမယ့် ကော်လာဂျင်သောက်ခြင်းက စိတ်ခံစားမှုကောင်းစေပြီး ပူပန်စိတ်တွေကိုလျော့ပါးသက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။

    (၈) ကိုယ်အလေးချိန်လျှော့ဖို့ အတွက် အထောက်အကူပေးတယ်

    ကော်လာဂျင်သောက်ရင် ကိုယ်အလေးချိန်ကျပြီး ကိုယ်တွင်းဇီဝဖြစ်စဉ်ကို ပိုမြန်စေနိုင်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။

    ကော်လာဂျင် ကို ဘာတွေကနေ ရနိုင်မလဲ

    ကော်လာဂျင် ကို မီးအေးအေးနဲ့ အကြာကြီးတည်ထားတဲ့ အရိုးပြုတ်ရည်ကနေ ရနိုင်တယ်။ အိမ်မှာ ချက်တဲ့ အရိုးစွပ်ပြုတ်ရည် ၊ ကြေးအိုး၊ ဟော့ပေါ့ဟင်းရည် တို့လိုပေါ့။ အသား၊ ငါး၊ ကြက်ဥတို့လို ပရိုတင်းများတဲ့အစားအစာတွေလို အစားအစာတွေနဲ့လည်း ခန္ဓာကိုယ်ထဲ ကော်လာဂျင်သဘာဝအတိုင်း ထုတ်ပေးအောင် လှုံ့ဆော်အားပေးလို့ ရတယ်။ ဖြည့်စွက်စာပုလင်းလေးတွေလည်း သောက်လို့ရတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement