ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ free radicalsတွေကြောင့် ခန္ဓါကိုယ်မှာ နာတာရှည်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကင်ဆာ၊နှလုံးရောဂါနဲ့ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်မှုတွေအတွက် အထူးသင့်တော်ပါတယ်။
နို့ထွက်ပစ္စည်းတွေ

ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီ အပါအဝင် ဗီတာမင် များစွာပါဝင်နေပါတယ်။ ပရိုတင်း နဲ့ သတ္တုဓါတ်တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်ပါတယ်နော်။ ဆီးချိုသမားတွေမှာသွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်ပါတယ်။
အဆီများတဲ့ ငါး

Omega-3 fatty acids ကြွယ်ဝစွာပါဝင်တဲ့ ဆယ်လ်မွန်၊ တူနာလိုမျိုး ငါးတွေကသွေးတွင်းအဆီဓါတ်ကို ကျဆင်းစေနိုင်သလို နှလုံးရောဂါကြောင့်သွေးခဲတာကို ကာကွယ်ပေးနိုင်ပါတယ်။ နှလု့းသွေးကြောဆိုင်ရာရောဂါတွေ ခံစားရနိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။
ဟင်းနုနွယ်၊ ကိုက်လန်၊ မုန်ညှင်းထုပ်၊ ဆလတ်ရွက်တို့လိုမျိုးအရွက်တွေမှာ ဗီတာမင်၊သတ္တုဓါတ်တွေ၊ ဘီတာကယ်လ်ရိုတင်း၊ဖောလိတ်၊ သံဓါတ်နဲ့မဂ္ဂနီဆီယမ် အပါအဝင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြားပါဝင်နေပါတယ်။ အမျိုးအစား -၂ ဆီးချိုေရာဂါဖြစ်နိုင်ခြေကိုလျှော့ချပေးသလိုနောက်ဆကတွဲရောဂါတွေ ဝင်မလာအောင် ကာကွယ်ပေးပါတယ်နော်။
ကန်စွန်းဥ

ဘီတာကယ်လ်ရိုတင်း၊ ဗီတာမင် စီ၊ ဗီတာမင် အီး၊ဖောလိတ်၊ ကယ်လ်ဆီယမ်၊ သွပ်ဓါတ်၊ သံဓါတ်နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ကန်စွန်းဥမှာပါတဲ့ အမျှင်ဓါတ်က အစာခြေလမ်းကြောင်းကို ကျန်းမာစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါနဲ့ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။
ခရမ်းချဉ်သီး

အနီရောင်စိုစိုလေးနဲ့ စားချင်စဖွယ်ဖြစ်နေတဲ့ ခရမ်းချဉ်သီးလေးက အရသာရှိသလို ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် စီ၊ ပိုတက်ဆီယမ် တို့ပါဝင်နေတာကြောင့် စားသုံးပေးသင့်ပါတယ်နော်။
ဥအမျိုးမျိုး

ဥအမျိုးမျိုးမှာ ကာရိုတီးနွိုက်၊ လူတင်၊ ခိုလင်းတို့ပါဝင်နေတာကြောင့်ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လုံလောက်တဲ့ အာဟာရကိုပေးစွမ်းနိုင်ပါတယ်။ မျက်လုံးကျန်းမာစေဖို့ထိခိုက်တာကိုလည်း အာဟာရတွေထောက်ပံ့ပေးပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံ ထိခိုက်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ရလာတာကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။