brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေ ထဲမှာ ဘဲသား မှ ဘဲသား ဆိုပြီး ကြိုက်သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ဘဲသားလို့ ပြောလိုက်ရင် သွေးတက်မယ်။ အအေးစာ မစားနဲ့ ဆိုပြီး ပြောတာကို ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်ကတော့ ဘဲသားက ထင်နေသလောက် မဆိုးသလို ကျန်းမာရေး အတွက် အကျိုးပြုတာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲ ဆိုတာ ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဘဲသားမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ …….

ဘဲသားမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

အသားတွေ ထဲမှာမှ ဘဲသားကို ကြိုက်လို့ ဘဲကင် စားလို့ကို မဝဘူး ဆိုရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင် ပါတယ်။

ကိုယ်ခံအား ကောင်းစေနိုင်တယ်

ဘဲသားက ဘရာဇီးနက်ခ်၊ ငါး နဲ့ အခြား တိရစ္ဆာန်တွေ ကနေ ရတဲ့ ပရိုတင်းတွေလိုပဲ ကောင်းမွန်တဲ့ ဆီလီနီယမ်ကို ပေးစွမ်းနိုင်ပါတယ်။ ဆီလီနီယမ်က ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ဖို့ နဲ့ အရောင် ကျစေဖို့ ထောက်ကူပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင် ပါတယ်။

သိုင်းရွိုက်ကျန်းမာစေတယ်

ဆီလီနီယမ်က သိုင်းရွိုက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘဲသားမှာ ဆီလီနီယမ် ပါဝင်နေတာကြောင့် ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးမယ် ဆိုရင် သိုင်းရွိုက် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

အရိုးတွေ သန်မာစေတယ်

လေ့လာမှုတွေ အရ ဘဲသား အပါအဝင် တိရစ္ဆာန်ကနေ ရတဲ့ ပရိုတင်းတွေကို စားသုံးပေးတာက အရိုး သိပ်သည်းဆကို တိုးစေနိုင်ပြီး အရိုးတွေကို သန်မာစေနိုင်ပါတယ်။ ပိုသန်မာအောင် ကယ်လ်ဆီယမ်ကိုလည်း လုံလောက်ပြည့်ဝအောင် စားသုံးဖို့ လိုပါမယ်။

နှလုံး ကျန်းမာစေနိုင်တယ်

အဆီ များတဲ့ ပင်လယ်ငါးတွေမှာ နှလုံး ကျန်းမာစေနိုင်တဲ့ omega-3 fatty acids ပါဝင်နေပါတယ်။ ဘဲသား မှာလည်း နှလုံး ကျန်းမာစေနိုင်တဲ့ omega-3 fatty acids ပါဝင်နေပါတယ်။

နှလုံး ကျန်းမာစေဖို့နဲ့ နှလုံးသွေးကြော ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်တာကြောင့် ဘဲသားကို ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးလို့ ရပါတယ်။

ဒါ့အပြင် ဘဲသားက သံဓာတ်လည်း ပြည့်ဝစေတာကြောင့် သွေးအားနည်း ရောဂါ မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ!

တစ်ခု ရှိတာက ဘဲသား အရေခွံက အဆီ ပါဝင်မှု များတာကြောင့် ဒါကိုတော့ များများ မစားသင့်ပါဘူး။

ဘယ်သူတွေ မစားသင့်ဘူးလဲ !

ရောဂါအခံ တစ်ခုခု ရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

ကဲ …… အသားတွေထဲမှာမှ ဘဲကင် ကို အကြိုက်ဆုံး ဘဲသား စားရတာကို သဘောကျတယ် ဆိုရင် အခုလို အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/12/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။