ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။
ထွက်မှာ သေချာပြီလား။
ဟော့ပေါ့ထဲ ထည့်စားတတ်တဲ့ တာအိုးရွက်လေးက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူ ပေးလဲဆိုတာကို သိချင်တယ် ဆိုရင် ဒီ ဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။
သက်တတ်တတ် အရသာလေးနဲ့ ခပ်ကြွပ်ကြွပ် တာအိုးရွက်လေးမှာ
ကြွပ်ဆတ်ဆတ် ခါးသက်သက် တာအိုးရွက်လေး စားသုံးပေးတာက
တာအိုးရွက်မှာ ပါတဲ့ hydroxycinnamic acid တစ်မျိုးဖြစ်တဲ့ chlorogenic acid က အစားစားပြီးတဲ့အခါ သွေးထဲမှာ သကြားဓာတ် ဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဝမလွန်အောင် ထိန်းပေးသလို ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးလို့ရပါတယ်။
တာအိုးရွက်မှာပါတဲ့ chlorogenic acidက ဝိတ်ကျစေတာ အပြင် ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် တာအိုးရွက်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြတဲ့ flavonoids၊ ဗီတာမင် နဲ့ carotenoidsတို့ ပါဝင်နေပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ကျန်းမာရေးကို မထိခိုက်စေဖို့ ကာကွယ်ပေးပါတယ်။
ဓာတ်တိုးပစ္စည်းတွေ များလာတဲ့အခါ ခံစားရနိုင်တဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ နဲ့ ကင်ဆာလိုမျိုး ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အရွယ်မတိုင်ခင် အိုမင်းတာ၊ အရေးအကြောင်းတွေ ဖြစ်တာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
တာအိုးရွက် ၁၀၀ ဂရမ်မှာ ပိုတက်ဆီယမ် ၄၆၀ မီလိဂရမ်အထိ ပါဝင်နေပါတယ်။ ငှက်ပျောသီးထက် ပိုတက်ဆီယမ် ပိုမိုကြွယ်ဝပြီး နှလုံး ကျန်းမာစေသလို သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။ ကြွက်သားတွေကို ကျုံ့ဆန့်အား ကောင်းစေပြီး အာရုံကြောတွေကို ကျန်းမာစေပါတယ်။
သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးသလို လေဖြတ်တာ၊ ကျောက်ကပ် ကျောက်တည်တာ၊ လေပွတာ၊ အကြောပြတ်တာ နဲ့ အရိုး ပါးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အဆုတ် ကင်ဆာ ဖြစ်ပွားမှုနှုန်းက တစ်နေ့ထက်တစ်နေ့ မြင့်တက် လာနေပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးလို့ ရပါတယ်။
ဗီတာမင် A ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေကို မကြာခဏ စားသုံးပေးတာက အဆုတ်ကို ကျန်းမာစေပြီး အဆုတ် ကင်ဆာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချ ပေးပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Chrysanthemum Leaves https://www.specialtyproduce.com/produce/Chrysanthemum_Leaves_6765.php Accessed Date 6 July 2020
Chrysanthemum leaves https://www.checkyourfood.com/ingredients/ingredient/249/chrysanthemum-leaves Accessed Date 6 July 2020
Garland Chrysanthemum Leaves: Nutrition and Health Benefits https://www.healwithfood.org/health-benefits/garland-chrysanthemum-leaves.php Accessed Date 6 July 2020