backup og meta

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက် သွားလာပြီးပြီဆိုရင်တော့ ညနေဘက်အနားမယူခင်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့ လိုပါမယ်။

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

ဒါမှလည်း နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် တစ်နေကုန်သွားလာနေရတဲ့သူဆိုရင် ရေဓာတ် ပြည့်ဖို့ ရေသောက်ဖို့ မလွယ်တာ၊ ရေသောက်ဖို့ မေ့တာတွေ ဖြစ်တတ်ပါတယ်။

ရေသောက်တာက ရေဓာတ်ကို အမြန်ပြည့်စေနိုင်ပေမယ့် အခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ စားစရာလေးတွေ ရှိပါသေးတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲ သွားလာပြီးတဲ့အခါ ရေဓာတ် ပြည့်စေဖို့ဆိုရင် ညနေစာ စားတဲ့အခါ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ဖို့ လိုပါမယ်။

သခွားသီက ရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဆိုတ လူတိုင်း သိထားပြီး ဖြစ်မှာပါ။ သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်စေသလို အသားအရေကိုလည်း နေဒဏ် လေဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

တရုန်နံနံကလည်း ဟင်းခတ် အမွှေးအကြိုင်အဖြစ် သုံးကြပေမယ့် ရေဓာတ် ပါဝင်မှုက မနည်းပါဘူး။ တရုတ်နံနံမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

တရုတ်နံနံက ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ​ဖော့စဖရိတ်၊ ဆိုဒီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် Kတို့ ပါဝင်နေပါတယ်။

ဆလတ်ရွက်မှာလည်း ရေဓာတ်က ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံး ရေဓာတ် ဖြည့်ပေးနိုင်မှာပါ။ ဆလတ်ရွက်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

ဟင်းတွေ ချက်တဲ့အခါ၊ အသုပ်တွေ သုပ်စားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ခရမ်းချဉ်သီးလေးက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးကလည်း ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အသီး တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ဖြည့်တင်းဖို့ တစ်နေ့ကို ခရမ်းချဉ်သီး တစ်ပွဲပြင်စာလောက် စားပေးဖို့ လိုပါမယ်။

ဖရဲသီးက ရေဓာတ် ကြွယ်ဝတယ် ဆိုတာကတော့ ပြောစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဖရဲသီးမှာ ရေဓာတ် က ၉၁ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဖရဲသီးက ရေဓာတ်ဖြည့်ပေးသလို ဆဲလ်တွေကိုလည်း နေရောင်ကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

ချိုချိုချဉ်ချဉ်လေးနဲ့ စားရတာ အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးတွေမှာ ရေဓာတ်က ၉၁ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ စတော်ဘယ်ရီက ရေဓာတ် ကြွယ်ဝသလို ဖလေဗာနွိုက်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် ရေဓာတ် ပြည့်စေဖို့ ညနေဘက် ရောက်တဲ့အခါ စတော်ဘယ်ရီ တစ်ခွက်စာလောက် စားပေးပါ။

ပန်းဂေါ်ဖီကလည်း တစ်နေကုန် နေပူမိထားတာကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို အထိရောက်ဆုံး ဖြည့်ပေးနိုင်မှာပါ။ ပန်းဂေါ်ဖီက ဗီတာမင် C၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ရေဓာတ်ကလည်း ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီက ရေဓာတ် ဖြည့်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကဲ… တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် နောက်တစ်နေ့တာမှာ တက်ကြွလန်းဆန်းစွာ နိုးထနိုင်စေဖို့အတွက် ညနေပိုင်းမှာ ဒီအစားအစာလေးတွေ စားပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းလိုက်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

8 Foods High in Water That Can Help Prevent Dehydration https://www.everydayhealth.com/dehydration/water-packed-foods-help-you-avoid-dehydration/ Accessed Date 11 February 2021

Dehydrated? These 7 Foods Will Satisfy Your Thirst and Hunger https://health.clevelandclinic.org/dehydrated-these-7-foods-will-satisfy-your-thirst-and-hunger/ Accessed Date 11 February 2021

ယခုပုံစံ

10/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝ တဲ့အခါ

ရေဓာတ် အကြွယ်ဝဆုံး ဖြည့်တင်းပေးနိုင်မယ့် အစားအစာ ၈ မျိုး


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/03/2023 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ