backup og meta

အသက်ရွယ်ကြီးသူတွေရဲ့ ဆီးအိမ်ကျန်းမာရေးနဲ့ပတ်သက်လို့ သင်သိသင့်သမျှ

ဆီးအိမ်ကင်ဆာဟာ အမေရိကမှာ အသက်ကြီးတဲ့သူတွေအကြား အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး နှစ်စဉ်လူပေါင်း ၁၆၀၀၀ လောက်သေဆုံးနေကြတယ်ဆိုတာ သင်သိပါသလား၊ လူတွေဟာ ဆီးအိမ်ကို တစ်နေ့မှာ အကြိမ်ပေါင်းများစွာ အသုံးပြုပေမယ့် သူ့ကျန်းမာရေးအကြောင်းကိုတော့ ပြောခဲလှပါတယ်။ ဒါကြောင့် မေးခွန်းကတော့ ဆီးအိမ်ကို ကျန်းမာအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ ဖြစ်ပါတယ်။

အသက်ရွယ်ကြီးသူတွေရဲ့ ဆီးအိမ်ကျန်းမာရေးနဲ့ပတ်သက်လို့ သင်သိသင့်သမျှ

ဆီးအိမ်ဆိုတာဘာလဲ။

ဆီးအိမ်ဟာ အခေါင်းပေါက်ပါတဲ့ အင်္ဂါတစ်ခုဖြစ်ပြီး ဘောလုံးနဲ့ ဆင်တူကာ ဆီးတွေကို ထိန်းသိမ်းပေးပါတယ်။ တင်ပါးဆုံ အောက်ခြေ ကြွက်သားတွေက ဆီးအိမ်အတွင်းမှာ ဆီးတွေကို သိမ်းဆည်းပေးပါတယ်။ ဆီးအိမ်ဟာ ဝမ်းဗိုက်အောက်ပိုင်းမှာ တည်ရှိပြီး ကျောက်ကပ်၊ ဆီးပြွန်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ဆီးသွားစနစ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ဆီးမရှိချိန်မှာ ဆီးအိမ်နံရံ ကြွက်သားတွေဟာ ထူလာပြီး ဆီးအိမ်ဟာ မာလာတတ်ပါတယ်။ ဆီးပြွန်တွေကတော့ နှစ်ခုရှိပြီး ကျောက်ကပ်က ထွက်လာတဲ့ ဆီးတွေကို ဆီးအိမ်ကို သယ်သွားပေးပြီး ဖြည့်ပေးပါတယ်။ ဒီအချိန်မှာ ကြွက်သားဟာ ပါးလာပြီး ဆီးအိမ်ဟာ ဝမ်းဗိုက်ဘက်ကို အပေါ်တက်သွားပါတယ်။

ဆီးသွားနေစဉ်မှာ ဆီးအိမ်ကြွက်သားတွေဟာ ကျုံ့သွားပြီး ဆီးထုတ်ဖို့အတွက် အဆို့ရှင်နှစ်ခုဟာ ပွင့်သွားပါတယ်။ ဆီးတွေက ဆီးအိမ်ကနေ အပြင်ဘက်ကို ထွက်တဲ့ ဆီးပြွန်ထဲဝင်ပြီး ကိုယ်ခန္ဓါအပြင်ဘက်ကို စွန့်ထုတ်လိုက်ပါတယ်။ သူဟာ လိင်တံတစ်လျှောက် ထွက်လာရတာကြောင့် အမျိုးသားတွေရဲ့ ဆီးပြွန်ဟာ ၈ လက်မရှိပြီး ၁.၅ လက်မသာ ရှိတဲ့ အမျိုးသမီးတွေရဲ့ ဆီးပြွန်ထက်ပိုရှည်လျားပါတယ်။

နေ့စဉ် ဆီးသွားခြင်း

နေ့စဉ် လူကြီးတစ်ယောက်ဟာ ဆီးအိမ်မှ နေပြီး ၂ပိုင့်နဲ့ တစ်ဝက်လောက်ရှိတဲ့ ဆီးပမာဏကို ကိုယ်ခန္ဓါက စွန့်ထုတ်ပြီး ပမာဏ အတိအကျကတော့ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားမှုရှိပါတယ်။ ဆီးပမာဏကို ပြောင်းလဲစေတဲ့ အချက်တွေကတော့ –

• သင်အရည်ဘယ်လောက်သောက်သလဲ။ (အစားအသောက်နဲ့ အရည်)

• ချွေးဘယ်လောက်များများ ထွက်သလဲ။ (အားကစားလုပ်ခြင်း၊ ရာသီဥတု ပူခြင်း)

• အသက်ရှူခြင်းကနေ အရည်ဘယ်လောက် ဆုံးရှုံးလဲ။ (အသက်ပိုပြင်းပြင်းရှူလေလေ၊ ရေပိုဆုံးရှုံးလေလေပဲ ဖြစ်ပါတယ်)

• အချို့ဆေးတွေဟာ ဆီးပမာဏကို ပြောင်းလဲစေနိုင်ပါတယ်။ သင်သောက်နေတဲ့ ဆေးတွေအကြောင်း ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

အသက်ကြီးခြင်းက ဆီးအိမ်ကို ဘယ်လိုပြောင်းလဲစေပါသလဲ။

သင်သိထားသလိုပဲ အသက်ကြီးလာခြင်းဟာ ဆီးအိမ်ကို ပြောင်းလဲစေပါတယ်။ ဆီးအိမ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကြွက်သားတွေဟာ မာလာပြီး ကောင်းမွန်စွာ ဆန့်လို့မရတော့ပါဘူး။ ကောင်းမွန်စွာ ဆန့်လို့မရတော့တဲ့ ဆီးအိမ်ဟာ အရင်ကလိုမျိုး ဆီးကိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်း မရှိတော့တာကြောင့် မကြာခဏ အိမ်သာသွားရမှာ ဖြစ်ပါတယ်။

ဆီးအိမ်ကျန်းမာရေးအတွက် ဘာလုပ်သင့်သလဲ။

ကျန်းမာစေတဲ့ အရည်တွေကို သောက်ပါ။ တစ်နေ့ကို ၁.၅-၂ လီတာအထိသောက်သင့်ပါတယ်။ အရေများများမသောက်ရင် ဆီးအိမ်ဟာ ဆီးအနည်းငယ်ကိုသာ ထည့်ထားရတာ အကျင့်ပါသွားပြီး မခံနိုင်ဖြစ်နိုင်ပါတယ်။

ဝမ်းချုပ်ခြင်းကို ရှောင်ကျဉ်ပြီး ကျန်းမာစေတဲ့ အစားအစာတွေကို စားသောက်ပါ။

ဆေးလိပ်ကို ရှောင်ပါ။ နှစ်တိုင်း ဆီးအိမ်ကင်ဆာ ဖြစ်သူ အတော်များများမှာ အဓိက ရောဂါဖြစ်စေတဲ့ အရာက ဆေးလိပ်ဖြစ်နေတတ်ပါတယ်။

လိင်ဆက်ဆံစဉ်ဂရုစိုက်ပါ။ လိင်ဆက်ဆံခြင်းဟာ ဆီးအိမ်ကို ထိခိုက်စေနိုင်ပါတယ်။

မှန်ကန်တဲ့ အချိန်တွေမှာသာ သောက်ခြင်းကို ရပ်တန့်ပါ။ မသင့်လျော်တဲ့ အချိန်တွေမှာ ဆီးသွားချင်ရင်၊ ဆီးမထိန်းနိုင်ဖြစ်ရင် အချို့အချိန်တွေမှာ အရည်အနည်းငယ်သာ သောက်သင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Bladder health: what health ministers need to know https://www.hhs.gov/sites/default/files/bladder-health-minister-guide.pdf Accessed 3 November, 2016.
  2. Seniors and aging – bladder control problems http://www.hc-sc.gc.ca/hl-vs/iyh-vsv/med/incont-eng.php Accessed 3 November, 2016.
  3. Bladder diseases https://medlineplus.gov/bladderdiseases.html Accessed 3 November, 2016.

ယခုပုံစံ

02/02/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝါကျွတ်ချိန်ခါမှာ အခုလို နည်းလမ်းလေးတွေနဲ့ အဝေးရောက် လူကြီးမိဘတွေကို ဂါရဝ ပြုလို့ ရပါတယ်။

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတွေ ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/02/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ