Cortisol ဆိုတာ Adrenal gland (ကျောက်ကပ် အပေါ်ရှိ ဟော်မုန်းထုတ်တဲ့ အစိတ်အပိုင်းတစ်ခု) မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက် အနားရှိ pituitary gland က ထုတ်တဲ့ (adrenocorticotropic) ACTH လို့ ခေါ်တဲ့ ဟော်မုန်းကို တုံ့ပြန်ပြီး ထွက်ပါတယ်။ ACTH ဟော်မုန်းဟာ ကျောက်ကပ် အပေါ်ရှိ adrenal gland မှ ဟော်မုန်း ထုတ်တာကို အားပေးပါတယ်။
Cortisol ဟာ စိတ်ဖိစီးမှုနဲ့ “တိုက်ခိုက်မလား၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာ ပါဝင်တဲ့ အဓိက ဟော်မုန်း ဖြစ်ပါတယ်။ ဒီလို တုံ့ပြန်တာဟာ သာမန်ဖြစ်စဉ် တစ်ခုဖြစ်ပြီး အန္တရာယ် အခြေအနေ တစ်ခုခု ဖြစ်လာခဲ့ရင် အကာအကွယ် ပြုနိုင်တဲ့ တုံ့ပြန်ချက် ဖြစ်ပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်များအပေါ် တုံ့ပြန်ချက်တွေကလည်း Cortisol ပမာဏကို များစေပြီး အားအင်သစ်တွေ၊ အင်အားတွေ ဖြစ်စေနိုင်ပါတယ်။
“တိုက်ခိုက်မလား ၊ ထွက်ပြေးမလား” တုံ့ပြန်ချက်မှာတော့ cortisol ဟာ “တိုက်ခိုက်မလား ၊ ထွက်ပြေးမလား” ဆိုတဲ့ တုံ့ပြန်ချက်အတွက် မလိုအပ်တဲ့၊ အနှောက်အယှက် ဖြစ်နိုင်တဲ့ လုပ်ငန်းဆောင်တာတွေကို တားမြစ်ပေးထားပါတယ်။ အဲဒီအချိန်မှာ နှလုံးခုန် မြန်နေခြင်း၊ ပါးစပ် ခြောက်သွေ့ခြင်း၊ အစာအိမ် နေထိုင်မကောင်းခြင်း၊ ဝမ်းလျှောခြင်းတို့ကို ခံစားရနိုင်ပါတယ်။
Cortisol ထွက်လာတဲ့အခါ ကြီးထွားမှု ဖြစ်စဉ်တွေ၊ အစာခြေ အဖွဲ့အစည်းနဲ့ မျိုးပွား အဖွဲ့အစည်းရဲ့ လုပ်ဆောင်ချက်တွေကို တားမြစ်ထားပေးပြီး ခုခံအား စနစ်ရဲ့ တုံ့ပြန်မှုတွေကို ပြောင်းလဲစေပါတယ်။
Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်အတွက် သွေးနမူနာ ယူရပြီး သွေးထဲမှာ cortisol ဘယ်လောက် ရှိတယ်ဆိုတာ တိုင်းတာပေးပါတယ်။ Cortisol ဆိုတာ adrenal gland မှ ထုတ်တဲ့ steroid (စတီးရွိုက်) ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ adrenal gland ဟာ ကျောက်ကပ်တွေရဲ့ အပေါ်မှာ ကပ်ပြီး ရှိပါတယ်။ Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို serum cortisol စစ်ဆေးချက်လို့လည်း ခေါ်ပါတယ်။
Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်ကို Cortisol ထုတ်လုပ်တဲ့ ပမာဏ အရမ်းများနေခြင်း၊ နည်းနေခြင်းတို့ကို စစ်ဆေးရန်အတွက် ပြုလုပ်ပါတယ်။ Addison’s ရောဂါ၊ Cushing’s ရောဂါ ကဲ့သိုသော တချို့ရောဂါတွေဟာ adrenal gland ကနေ cortisol ထုတ်တဲ့ ပမာဏကို သက်ရောက်မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ စစ်ဆေးချက်ကို တချို့ ရောဂါတွေကို ရောဂါအမည် သတ်မှတ်ဖို့နဲ့ adrenal gland နဲ့ pituitary gland (ဦးနှောက်အနားရှိ ဟော်မုန်းထုတ်သော အစိတ်အပိုင်းတစ်ခု) တွေ အလုပ် ကောင်းကောင်း လုပ်၊ မလုပ် စစ်ဆေးတဲ့ နည်းလမ်းအနေနဲ့ အသုံးပြုပါတယ်။
Cortisol ဟာ ခန္ဓါကိုယ်မှာ ရှိတဲ့ အဖွဲ့အစည်း စနစ်တွေမှာ ပါဝင်ပါတယ်။ အဲဒီ အဖွဲ့အစည်း စနစ်တွေကတော့ –
Cushing’s ရောဂါကို ရောဂါအမည် သတ်မှတ်ဖို့ Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက် ထက်စာရင် ၂၄ နာရီ ဆီးစစ်ဆေးချက်ကို ပိုလုပ်လေ့ ရှိပါတယ်။
Pituitary gland နဲ့ adrenal gland တွေ လုပ်ငန်း ကောင်းကောင်း လုပ်၊ မလုပ် စစ်ဆေးပေးနိုင်တဲ့ တခြား စစ်ဆေးချက်တွေ ကတော့ ACTH ကို လှုံ့ဆော်တဲ့ စစ်ဆေးချက်နဲ့ dexamethasone ကို လျှော့ချပြီး စစ်ဆေးတဲ့ စစ်ဆေးချက်တို့ ပါဝင်ပါတယ်။ Addison’s ရောဂါလို့ သံသယ ရှိတဲ့ အခါမှာလည်း ACTH ကို လှုံ့ဆော်ပြီးလုပ်တဲ့ စစ်ဆေးချက်ကို လုပ်ဆောင်နိုင်ပါတယ်။
ဆရာဝန်က ဒီစစ်ဆေးချက်ကို နံနက်စောစောမှာ လုပ်ဆောင်ဖို့ ပြောပါလိမ့်မယ်။ အဲဒါက အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ Cortisol ပမာဏဟာ တစ်နေ့လုံးမှာ အပြောင်းအလဲ ရှိနေနိုင်လို့ပါ။
သင့်ကို စစ်ဆေးချက် မလုပ်ခင်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ မလုပ်ဖို့လည်း မှာကြားနိုင်ပါတယ်။
စစ်ဆေးချက် မလုပ်ခင်မှာ အောက်မှာ ဖော်ပြမယ့်ဆေးတွေကို ခဏတာ မသောက်ဖို့ ပြောပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အောက်ပါ ဆေးတွေက ဒီစစ်ဆေးချက် အဖြေအပေါ် သက်ရောက်မှု ရှိနိုင်လို့ပါ။ အဲဒီဆေးတွေကတော့ –
ကျန်းမာရေး ပညာရှင်များဖြင့် သွေးဖောက်ရာမှာ –
အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့အတွက် အနည်းငယ် တင်းကျပ်တဲ့ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။
Cortisol တိုင်းတာတဲ့ သွေးစစ်ဆေးချက်နဲ့ ပတ်သက်ပြီး မေးစရာအချက် တွေရှိနေပါက ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
နံနက် ၈ နာရီမှာ ယူထားတဲ့ ပုံမှန် ရလဒ်က (၆ – ၂၃) မိုက်ခရို ဂရမ်/ ဒက်ဆီလီတာ ကြားမှာ ရှိပါတယ်။ ဓါတ်ခွဲခန်း တစ်ခုနဲ့ တစ်ခုမှာ တိုင်းတာမှုပုံစံ မတူညီတာကြောင့် ရလဒ် အဖြေတွေဟာ ကွာခြားမှု ရှိနိုင်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးချက် ရလဒ်ကို ဆရာဝန်နဲ့ သေချာတိုင်ပင် ဆွေးနွေးသင့်ပါတယ်။
Cortisol ပမာဏ ပုံမှန်ထက် များနေခြင်းဟာ အောက်ပါရောဂါ အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
Cushing’s ရောဂါမှာ pituitary ဂလင်း အရမ်း ကြီးလာနိုင်တဲ့အတွက် pituitary ဂလင်း ကနေ ACTH ဟော်မုန်း အများကြီး ထုတ်စေပါတယ်။
Cortisol ပမာဏ နည်းနေခြင်းဟာ အောက်ပါ အခြေအနေတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
ဓါတု စစ်ဆေးခန်းတွေနဲ့ ဆေးရုံတွေအပေါ် မူတည်ပြီး cortisol စစ်ဆေးချက် ပုံမှန်ပမာဏ အနည်းငယ် ပြောင်းလဲနိုင်ပါတယ်။ စစ်ဆေးချက် အဖြေအတွက် မေးစရာရှိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။