backup og meta

အစိုဓာတ်ထိန်းစက် နဲ့ ကျန်းမာရေး

အစိုဓာတ်ထိန်းစက် နဲ့ ကျန်းမာရေး
အရင်ကတော့ အစိုဓာတ်ထိန်းစက် လို့ ပြောလိုက်ရင် ဘာလဲလို့ပြန်မေးမယ့်သူက ခပ်များများရယ်။ အခုနောက်ပိုင်းတော့ ကိုရီးယားကားတွေကြည့်ရင်း ရေနွေးငွေ့လေးတွေထွက်လာတတ်တဲ့ အစိုဓာတ်ထိန်းစက်လေးကို ရင်းနှီးလာကြပါပြီ။ အခုတစ်ခေါက် ဒီအစိုဓာတ်လေးက အလှအပအတွက်ပဲလား ကျန်းမာရေးအတွက်ရောဘယ်လိုများ အသုံးဝင်လဲဆိုတာကို ကြည့်လိုက်ရအောင်လား။

အစိုဓာတ်ထိန်းစက် ဆိုတာ

အစိုဓာတ်ထိန်းစက် ဆိုတာက ရေနွေးငွေ့ပေးတဲ့ စက်ကလေးပါ။ စက်ထဲကို ရေနဲ့ အမွှေးဆီတစ်ခုခုထည့်ထားပြီး ပလပ်ထိုးလိုက်ရုံနဲ့ ရေနွေးငွေ့လေးတွေထွက်လာစေပြီး ပတ်ဝန်းကျင်ကို အစိုဓာတ်ရရှိအောင် လုပ်ပေးတဲ့စက်တစ်မျိုးပေါ့။ ခြောက်သွေ့မှုတွေကို သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းစက်ကို အသားအရေခြောက်သွေ့တာ၊ နှာခေါင်းခြောက်တာ၊ လည်ချောင်းခြောက်တာ နဲ့ နှုတ်ခမ်းခြောက်တာတွေအတွက် အသုံးပြုလို့ရသလို ဖျားနာတာနဲ့ တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာတွေသက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။

အစိုဓာတ်ထိန်းစက် နဲ့ ကျန်းမာရေး

အစိုဓာတ်ထိန်းစက်က အလှအပအတွက်တင်မကပါဘူး။ ကျန်းမာရေးအတွက်ပါ တော်တော်လေးအထောက်အပံ့ပေးနိုင်ပါတယ်။ ဘယ်လိုတွေများ အထောက်အပံ့ပေးလဲဆိုတော့

  • အသားအရေတွေခြောက်သွေ့နေတာကို သက်သာစေဖို့ အစိုဓာတ်ထိန်းစက်လေးကို နေထိုင်ရာ အခန်းအတွင်းမှာ ဖွင့်ပေးထားရုံပါ။
  • နှာခေါင်းပိတ်နေတဲ့အခါ သက်သာစေဖို့အတွက်လည်း အစိုဓာတ်ထိန်းစက်ကို အသုံးပြုလို့ရပါသေးတယ်။ အခြားတစ်နည်းကတော့ ရေနွေးငွေ့ ရှူပေးတာပါ။
  • လည်ချောင်းနာတဲ့အခါ လည်ချောင်းနာတာကို သက်သာစေဖို့အတွက် အစိုဓာတ်ထိန်းတဲ့ လေထုရှိနေဖို့ လိုအပ်ပါမယ်။ ဒီအခြေအနေကို အကောင်းဆုံးဖြေရှင်းဖို့လည်း အစိုဓာတ်ထိန်းစက်က ကူညီနိုင်ပါတယ်။
  • နှာခေါင်းထဲမှာ ခြောက်သွေ့ယားယံတာလိုမျိုး ပတ်ဝန်းကျင်က ခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကို သက်သာစေဖို့ဆိုရင်လည်း အစိုဓာတ်ထိန်းစက်လေးက အဆင်ပြေစေမှာပါ။
  • ရာသီဥတု အေးလို့ ခဏခဏ နှာခေါင်းသွေးလျှံတာကို သက်သာစေဖို့အတွက်လည်း အစိုဓာတ်ထိန်းစက်ကို ဖွင့်ထားပေးလို့ရပါသေးတယ်။
  • အသံဝင်တဲ့အခါမျိုးမှာလည်း အသံဝင်တာကို သက်သာစေဖို့ လည်ချောင်းအတွင်းမှာ လိုအပ်တဲ့ အစိုဓာတ်ရစေဖို့အတွက် အစိုဓာတ်ထိန်းစက်ကို အသုံးပြုပေးလို့ရပါတယ်။
  • ချောင်းခြောက်ဆိုးတာကို သက်သာစေဖို့ ဆေးသောက်တာအပြင် နောက်ထပ်လုပ်လို့ရတဲ့ အိမ်တွင်းကုထုံးတစ်ရပ်က အစိုဓာတ်ထိန်းစက်ဖွင့်ထားတာပါပဲ။
  • နှုတ်ခမ်းတွေ ခြောက်သွေ့ကွဲအက်နေတဲ့အခါမျိုးမှာလည်း နှုတ်ခမ်းကွဲတာကို သက်သာစေဖို့ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်သောက်သုံးတာအပြင် အစိုဓာတ်ထိန်းစက်ကို အသုံးပြုပေးပြီး သက်သာအောင်လုပ်ဆောင်လို့ရပါတယ်။
  • လေပြွန်ရောင်ရမ်းတာလိုမျိုး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ သက်သာစေဖို့အတွက်လည်း အစိုဓာတ်ထိန်းစက်ကို အသုံးပြုလို့ရပါသေးတယ်။
  • ဆောင်းတွင်းလိုကာလမျိုးမှာ ပတ်ဝန်းကျင်အနေအထားက ခြောက်သွေ့နေတာကြောင့် ကျန်းမာရေး နဲ့ အသားအရေကို ထိခိုက်မှာ စိုးသူတွေအနေနဲ့လည်း ထိခိုက်မှုကင်းစေဖို့ အစိုဓာတ်ထိန်းစက်ကို အသုံးပြုပေးလို့ရပါတယ်။

အစိုဓာတ်ထိန်းစက်က ကျန်းမာရေးအတွက် အကျိုးများတာကတော့ အမှန်ပါ။ ဒါပေမယ့် နည်းစနစ်မှန်မှန်အသုံးပြုဖို့တော့ လိုပါမယ်။ ဒီလိုပြောရတာက အစိုဓာတ်ထိန်းစက်ကို အသုံးပြုနည်းမမှန်ဘူးဆိုရင် အသက်ရှူလမ်းကြောင်းကို ထိခိုက်တာမျိုးတွေရှိလာနိုင်တာကြောင့်ပါ။

အစိုဓာတ်ပမာဏကို ထိန်းညှိပါ

အစိုဓာတ်ပမာဏကို ထိန်းညှိပါလို့ပြောရတာက အစိုဓာတ်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးများတယ်ဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေး ထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ အစိုဓာတ်အရမ်းများသွားတဲ့အခါ အိမ်တွင်းမှာ

  • ဖုန်မွှားကောင်လေးတွေ
  • ဖားဥမှို
  • မှိုပိုးတွေ
  • အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပေါက်ဖွာတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုကနေတဆင့် ဓာတ်မတည့်မှုဖြစ်တာ အပါအဝင်အခြားသော ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းစက်ကို မလိုအပ်ဘဲ တစ်နေကုန်ဖွင့်ထားတာမျိုး မလုပ်မိဖို့လိုပါမယ်။

ဒါလေးတွေကို သတိထားပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Benefits of using a humidifier https://www.medicalnewstoday.com/articles/322228 Accessed Date 21 February 2020
Humidifiers and Health https://www.healthline.com/health/humidifiers-and-health Accessed Date 21 February 2020

ယခုပုံစံ

05/01/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆောင်းရာသီမှာ လည်ချောင်းမနာဖို့ ဒီလိုကာကွယ်ကြမယ်

လည်ချောင်းနာတာ အမြန်သက်သာစေမယ့် အိမ်တွင်းကုထုံး (၅) ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement