ဧပြီလ စလာရင်အပျော်ဆုံးခံစားချက်က သင်္ကြန်ကို မျှော်ရတာပါ။ တစ်နှစ်မှတစ်ခါကျတဲ့ သင်္ကြန်ကို အပြည့်အဝပျော်ချင်တာကိုး။ ဒီတော့ သင်္ကြန်ကို ဘေးကင်းကင်းနဲ့ ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲဆိုတာကိုပြောပါရစေနော်။
သင်္ကြန်လည်မယ်ဆို ဘာတွေသတိထားရမလဲ
သင်္ကြန်လည်မှာပဲဖြစ်ဖြစ် မဏ္ဍပ်ထိုင်မှာပဲဖြစ်ဖြစ်ဘေးကင်းဖို့ မဖြစ်မနေလိုပါတယ်နော်။ ဒီတော့ပျော်စရာကောင်းတဲ့ သင်္ကြန်ကာလမှာဘေးကင်းကင်းနဲ့ပျော်နိုင်ဖို့ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးဖို့လိုပါမယ်နော်။
သင်္ကြန်မှာ မသန့်ရှင်းတဲ့အရာတွေ၊ ခန္ဓါကိုယ်အတွက် ထိခိုက်စေမယ့် အရာတွေနဲ့ ကျန်းမာရေးနဲ့မသင့်တော်တဲ့အရာတွေကို စားမိနိုင်ခြေသောက်မိနိုင်ခြေတော်တော်လေးများပါတယ်။ ယင်နားစာ၊ ဝမ်းနူးစားတွေ နဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေနဲ့ အယ်လ်ကိုဟောပါဝင်နေတဲ့သောက်စရာတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။
- သန့်ရှင်းမှုအားနည်းတဲ့အစားအစာတွေ
- မသန့်တဲ့ရေ
- အယ်လ်ကိုဟောပါတဲ့သောက်စရာတွေ
- တားမြစ်ဆေးဝါးတွေ
- အရေပြားကို ထိခိုက်စေနိုင်တဲ့အရာတွေ
သင်္ကြန်ရေကြောင့် ဘာတွေထိခိုက်နိုင်လဲ
သင်္ကြန်မှာ ထိခိုက်စေမယ့်အရာတွေကရေတစ်ခုတည်းမကပါဘူး။နေရောင်နဲ့ တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေပါ။ ဒါပဲလားဆိုတော့ မဟုတ်သေးပြန်ဘူး။ သင်္ကြန်ရေထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့အရာတွေလည်းပါတတ်ပါသေးတယ်။
- အရေပြားထိခိုက်နိုင်တယ်
- မျက်လုံးထိခိုက်နိုင်တယ်
- နားထိခိုက်နိုင်တယ်
- ဆံသားထိခိုက်နိုင်တယ်
- ခြေသည်းလက်သည်းတွေထိခိုက်နိုင်တယ်
- မတော်တဆထိခိုက်မိတာမျိုးတွေဖြစ်နိုင်တယ်
- ဆီးအောင့်ထားတာကြောင့် ဆီး နဲ့ဆိုင်တဲ့ပြဿနာတွေတက်နိုင်တယ်
- သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။
သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ
သင်္ကြန်လည်ရင် ဘာတွေယူသွားမလဲ ……… သင်္ကြန်ကို ပျော်စရာအတိပြည့်နေတဲ့ ကာလလေးအဖြစ်ဖြတ်သန်းချင်တယ်ဆိုရင်တော့ ဒီပစ္စည်းလေးတွေကို တပါတည်းယူသွားပါနော်။
- ရေသန့်ဗူးရေပါအောင်သယ်ပါနော်
- ဓါတ်ဆားထုပ် ဒါမှမဟုတ် အလွယ်တကူသောက်လို့ရတဲ့ ဓါတ်ဆားရည်ဗူးတွေ
- အသင့်စားလို့ရတဲ့ မုန့်တွေ
- အရက်ပြန်စွတ်ထားတဲ့ ဂွမ်း
- ရေမလိုလက်သန့်ဆေးရည်
- ရေစိုခံပလာစတာ
- ဦးထုပ်
- နေကာမျက်မှန်
- တဘက်အသေးတစ်ထည်
- အဝတ်အစားအပိုတစ်စုံ
- နေလောင်ကာခရင်မ်
- နားထဲကိုရေမဝင်အောင်ကာကွယ်ပေးဖို့ နားကြပ် ဒါမှမဟုတ် ဂွမ်း
- သောက်နေကျဆေးတွေရှိခဲ့ရင်သောက်နေကျဆေးတွေကိုရေလုံတဲ့အိတ်လေးနဲ့ထည့်ပြီး ယူသွားပါ။
သင်္ကြန်လည် တဲ့အခါမှာတွေ့ကရာတွေမစားဖို့ မသောက်ဖို့ကိုလည်း သတိထားပါ။ရေလုံလောက်အောင်သောက်ပါ။ အပေါ်မှာပြောတဲ့ပစ္စည်းလေးတွေကိုပါအောင်ယူလို့ သင်္ကြန်ကာလကိုပျော်ရွှင်စွာဖြတ်သန်းလို့ပျော်ရွှင်စရာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ Hello ဆရာဝန်ရဲ့ ပရိသတ်ကြီးတို့ရေ………………………
[embed-health-tool-bmi]