backup og meta

ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

    ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား ကြက်ဥ ဆိုတာ လူတိုင်းနီးပါးနဲ့ လက်လှမ်းမှီပြီး အာဟာရဓာတ်လည်း ကြွယ်ဝလှတဲ့ အစားအစာတစ်မျိုးဆိုရင် မမှားပါဘူး။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေရဲ့ လက်စွဲလို့လည်း ဆိုလို့ရပါတယ်။ ကြက်ဥစား ပြီး ဝိတ်ချကြတာမျိုးပေါ့။

    ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

    ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား ဆိုတော့ ကြက်ဥစားရင် ဝိတ်ကျတယ်လို့ဆိုတဲ့အချက်က မှန်သင့်သလောက်မှန်ပေမယ့် လုံးဝအတိအကျကြီး မှန်ကန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ ကြက်ဥပြုတ်ကို အမယ်တစ်ခုအဖြစ် ထည့်သွင်းချင်သူတွေကို ဗဟုသုတဖြစ်စေဖို့ ရှင်းပြပေးချင်ပါတယ်။

    ကြက်ဥစား တာက ဝိတ်ကျစေတာလား

    ကြက်ဥက အာဟာရဓာတ်ကြွယ်ဝပြီး ဗိုက်လည်းပြည့်စေတာမို့ အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥက ဝိတ်ကျစေတာတော့ မဟုတ်ပါဘူး။ ကြက်ဥက ဝိတ်ချတဲ့လုပ်ငန်းစဉ်ကို ပံ့ပိုးပေးတာသာဖြစ်ပါတယ်။

    အကြမ်းဖျဉ်းအားဖြင့် ကြက်ဥဟာ ပရိုတိန်း၊ အာဟာရဓာတ်တွေနဲ့ သတ္တုဓာတ်တွေ ကြွယ်ဝသလို ကယ်လိုရီ၊ အဆီနဲ့ ကိုလက်စထရောတွေ ပါဝင်နေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

    ဒါပေမယ့် တစ်ဖက်မှာလည်း ကြက်ဥက ကိုယ်အလေးချိန်ကျစေဖို့ အထောက်အကူဖြစ်စေတဲ့ အချက် ၃ ချက်ရှိပါတယ်။

    •  ကြက်ဥတစ်လုံးထဲမှာပါရှိနေတဲ့ ကယ်လိုရီ ရာခိုင်နှုန်းက အတော်များတယ်ဆိုပေမယ့် ၇၈ ကယ်လိုရီဆိုတဲ့ ပမာဏဟာ တခြားအစားအစာတွေနဲ့ယှဉ်ကြည့်ရင်တော့ နည်းပါးတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။ ကြက်ဥကို ဆီနဲ့ကြော်စားရင်တောင်မှ ကယ်လိုရီပမာဏက ၁၁၉ အထိသာမြင့်တက်နိုင်ပါတယ်။
    • ကြက်ဥက ပရိုတိန်းဓာတ်ကြွယ်ဝပါတယ်။ ဒါကြောင့် ဗိုက်ပြည့်စေတာဖြစ်ပြီးတော့ အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ တစ်ဖက်မှာလည်း ကြက်ဥမှာ အာဟာရဓာတ်ပြည့်ဝနေတာမို့ ဗိုက်မဆာပေမယ့် အာဟာရဓာတ်တွေ ချို့ယွင်းနေမှာမဟုတ်ဘဲ ကြက်ဥက ဖြည့်ဆည်းပေးနေမှာပါ။ တစ်နေ့ကို ကြက်ဥ ၂ လုံးမှီဝဲပေးမယ်ဆိုရင် ကျန်းမာတဲ့လူတစ်ယောက်ရဲ့ နေ့စဉ် ပရိုတိန်းလိုအပ်ချက် ၂၀-၂၅% ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
    • နောက်ထပ်တစ်ချက်တော့ ကြက်ဥက ကိုယ်တွင်းဇီဝကမ္မလုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးနိုင်တယ်ဆိုတာပါပဲ။ ၂၀၁၄ ခုနှစ်ကပြုလုပ်တဲ့ လေ့လာချက်တစ်ခုအရ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို မြှင့်တင်နိုင်ဖို့ ပရိုတိန်းက ၁၅-၃၀%၊ ကာဘိုဟိုက်ဒြိတ်က ၅-၁၀% နဲ့ အဆီက ၃% လောက် အရေးပါပါတယ်တဲ့။ ကြက်ဥမှာ အဆိုပါ ဓာတ်တွေ အကုန်ပါဝင်နေပါတယ်။

    ဒီအချက် ၃ ချက်ကတော့ ကြက်ဥက ခန္ဓာကိုယ်အလေးချိန်ကို လျော့ပါးသွားအောင် ကူညီပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။

    ကြက်ဥစား လိုက်ရုံနဲ့တော့ ဝိတ်ကျသွားမှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ ကြက်ဥက ဝိတ်ကျစေတာမဟုတ်ပါဘူး။ ဝိတ်ကျစေမယ့် လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ရာမှာ ကြက်ဥက ဝင်ရောက်အားဖြည့်ပေးတာဖြစ်ပါတယ်။

    ကြက်ဥ ကို ဘယ်လို မှီဝဲကြမလဲ

    ကိုယ်အလေးချိန်လျှော့ချချင်သူတွေနေနဲ့ ကြက်ဥကို သေချာကျက်အောင် ပြုတ်ပြီးစားတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    အကောင်းဆုံးမှီဝဲသင့်တဲ့အချိန်က မနက်ပိုင်းလို့ လေ့လာချက်တွေကဆိုပါတယ်။ ဒီလို မနက်စောစောမှာ မှီဝဲခြင်းအားဖြင့် ကိုယ်အလေးချိန် လျှော့ချရေးမှာ အထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်ကိုလည်း တစ်နေ့တာလုံးကို အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။

    ၂၀၀၅ ခုနှစ်တုန်းက လေ့လာချက်တစ်ခုအရဆိုရင် မနက်စာမှီဝဲရာမှာ ကယ်လိုရီပါဝင်မှုတူညီတဲ့ တခြားအစားအစာတွေနဲ့ ယှဉ်ရင် ကြက်ဥစားတာက ပိုပြီး ကိုယ်အလေးချိန်လျော့ကျစေဖို့ အကျိုးဖြစ်ထွန်းစေတယ်လို့ ဆိုထားပါတယ်။

    နောက်ပြီး အရေးပါသေးတဲ့ အချက်တစ်ချက်ကတော့ ဘယ်လောက်ပမာဏ မှီဝဲမလဲဆိုတာပါပဲ။ ကြက်ဥဟာ ဗိုက်ပြည့်စေတဲ့ ဂုဏ်သတ္တိမျိုးရှိပါတယ်။ ဒါကြောင့်အများကြီးမှီဝဲတာမျိုး ပြုလုပ်ဖို့ ခက်ပါလိမ့်မယ်။ လေ့လာချက်တွေကတော့ တစ်နေ့ကို တစ်လုံးနှုန်းနဲ့ မှီဝဲတာက နည်းလမ်းကောင်းလို့ ဆိုပါတယ်။

    တစ်နေ့ တစ်လုံးမှီဝဲတာက ကိုယ်အလေးချိန်ချဖို့ အထောက်အကူဖြစ်စေသလို နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း တားဆီးပေးနိုင်ပါတယ်တဲ့။ ဒါ့အပြင် တစ်လကို ၁၂ လုံးလောက် မှီဝဲပေးမယ်ဆိုရင်လည်း သွေးတိုးနဲ့ ဆီးချိုတိုက်ဖျက်ရေးမှာ ကူညီနိုင်ပါသေးတယ်။

    ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာကလည်း ရှိသေးတာမို့ တစ်နေ့ကို ၂ လုံးထက်ပိုစားတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ အကြောင်းကတော့ ကြက်ဥမှာ အာဟာရဓာတ်တွေအပြင် ကိုယ်လက်စထရောလည်း ပါဝင်နေတာကြောင့်ပါပဲ။

    တန်ဖိုးချိုချို အာဟာရဓာတ်ကြွယ်ဝတဲ့ ကြက်ဥတွေကို မှီဝဲပြီး ကိုယ်အလေးချိန်ကို အောင်အောင်မြင်မြင်လျှော့ချနိုင်ကြပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 17/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement