backup og meta

ကိုယ်ချစ်ရတဲ့သူတွေမှာ ဆီးချိုသွေးချိုရောဂါရှိနေရင် ဘယ်လိုဂရုစိုက်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ချစ်ရတဲ့သူတွေမှာ ဆီးချိုသွေးချိုရောဂါရှိနေရင် ဘယ်လိုဂရုစိုက်ပေးမလဲ

    မိဘ၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ့်အိမ်ထောင်ဘက် တို့လို ချစ်ခင်ရတဲ့သူတွေကို ကျန်းမာစေဖို့ ဆုတောင်းပေးဖူးခဲ့ကြမှာပါ။ ဒါပေမယ့် ဆုဆိုတာလည်း တောင်းတိုင်းမပြည့်လေတော့ ရောဂါဘယတော့ ကင်းနိုင်ကြမှာမဟုတ်ပါဘူး။ တစ်သက်တာမှာ ကျန်းမာရေးပြဿနာတစ်ခုမဟုတ် တစ်ခုတော့ကြုံကြမှာပါပဲ။ ရိုးရိုးဖျားနာတာလောက် နေမကောင်းဖြစ်တာမဟုတ်ဘဲ ဆီးချိုသွေးချိုရောဂြါဖစ်နေပြီဆိုရင် ဘယ်လိုအကူအညီပေးကြမလဲ။

    တချို့လူတွေက ဆီးချိုရောဂါဆိုတာနဲ့ ကံဆိုးပြီလို့မှတ်ယူပြီး ထိတ်လန့်တကြားဖြစ်တတ်ကြပါတယ်။ ကုလို့လည်းမပျောက်နိုင်တော့ဘူး၊ အစားတွေလည်းရှောင်ရတော့မယ်၊ အန္တရာယ်လည်းချက်ချင်းဖြစ်နိင်တယ်၊ အခန့်မသင့်ရင် ခြေထောက်ပုပ်တတ်တယ်၊မျက်စိကွယ်နိုင်တယ်ဆိုပြီး ရောဂါသိတာနဲ့ ဘဝဆုံးသလို စိတ်ဓါတ်ကျတတ်ပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့သူတွေထဲမှာ ကိုယ်ချစ်ခင်ရတဲ့သူတွေ ပါနေမလား။

    အမှန်တော့ ဆီးချိုသွေးချိုဖြစ်တိုင်း သွေးပျက်ဖို့မလိုသလို ပေါ့ပေါ့ဆဆလည်းမနေသင့်ပါဘူး။ စိတ်ရှည်ရှည်နဲ့ မှန်ကန်အောင် ထိန်းသွားနိုင်ရင် သက်တမ်းစေ့ ကျန်းမာစွာနေထိုင်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ချစ်ခင်ရသူထဲက ဆီးချိုသွေးချိုရှိသူတွေကို အားပေး၊ကူညီ၊စောင့်ရှောက်နိုင်ဖို့ ကိုယ့်အနေနဲ့လုပ်ပေးနိုင်တဲ့အရာတွေ အများကြီးရှိတယ်။

    • ကိုယ်တိုင်အရင်လေ့လာပါ။ ဆီးချိုသွေးချိုရောဂါအကြောင်းကို လေ့လာမှတ်သားပြီး ကိုယ်ချစ်ခင်ရသူရဲ့ကျန်းမာရေးအခြေအနေကို သိအောင်လုပ်ပါ။
    • သူတို့ကို အားပေးပါ။ ဆီးချိုရှိတာနဲ့ပဲ စိတ်အားငယ်စရာမလို၊ ဆင်ခြင်နေထိုင်ရင် ရောဂါကိုကြောက်နေစရာမလိုကြောင်း အားပေးပါ။ ဒါပမယ့် မပေါ့ဆဖို့ သတိပေးပါ။
    • လှုပ်ရှားမှုလုပ်ဖြစ်အောင်ကူညီပေးပါ။ ဆီးချိုထိန်းနိုင်ဖို့ အရေးကြီးတဲ့အချက်က လှုပ်ရှားမှုရှိဖို့ဖြစ်ပါတယ်။ ကိုယ်ချစ်ခင်ရသူကို စားသောက်နေထိုင်မှုပုံစံပြောင်းလဲအောင် ကူညီပေးပါ။ လမ်းလျှောက်ထွက်တာ၊ အိမ်မှုကိစ္စလုပ်တာမျိုးတွေမှာ အဖော်လုပ်ပေးတာလည်း အထောက်အကူဖြစ်စေပါတယ်။
    • စိတ်ရှည်ပါ။ ရောဂါအကြောင်းနဲ့ အကြံပြုချက်တွေကို သေချာနားလည်နိုင်ဖို့ သူ့ကိုအချိန်တစ်ခုတော့ပေးရပါမယ်။ ဆီးချိုရှိသူအနေနဲ့ အစားအစာတွေရဲ့သကြားဓါတ်ပါဝင်မှုကို တွက်ချက်နိုင်ဖို့၊ ကာဗိုဟိုက်ဒရိတ် တွက်ချက်တတ်ဖို့၊ သွေးချိုတိုင်းတတ်ဖို့၊ အင်ဆူလင်အကြောင်းသိဖို့ စတဲ့ အရာတွေ သိလာနိုင်ဖို့ စိတ်ရှည်ရှည်နဲ့ ကူညီပေးသင့်ပါတယ်။ သွေးချို အချိန်မှန်တိုင်းဖို့ သတိပေးပါ။
    • သွေးပေါင်ချိန်နဲ့ ကိုလက်စထရောဓါတ်ကို ပုံမှန်ထိန်းပေးပါ။ သွေးတိုးနဲ့ ကိုလက်စထရောများခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတွေက ဆီးချိုသမားမှာ ပိုဆိုးနိုင်ပြီး နောက်ဆုံးမှာ နှလုံးရုတ်တရက်ရပ်ခြင်း၊ လေဖြတ်ခြင်းနဲ့ တခြားအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေတွေဖြစ်လာစေနိုင်တယ်။
    • ဆီးချိုထိန်းတဲ့နေရာမှာ စားသောက်တဲ့အာဟာရနဲ့ လှုပ်ရှားမှုက အဓိကအရေးပါပါတယ်။ ဆီးချိုသမားအတွက် အစားအသောက်ရွေးတဲ့နေရာမှာ သကြားဓါတ်ပါဝင်မှုများတဲ့စားစရာတွေ၊ အငန်နဲ့ အဆီများတာတွေရှောင်ရမယ်၊ အချိုရည်တွေနဲ့ ဆိုဒါတွေ ရှောင်ရမယ်၊ အသီးအနှံတွေဆို သကြားဓါတ်နည်းတဲ့အသီးတွေကိုစားရမယ်၊ အသီးအရွက်တွေစားရမယ်ဆိုတာတွေ ကိုယ်ကသတိပေးပါ။
    • ထမင်းစားရင် တခါတည်းအများကြီးမစားဘဲ နည်းနည်းနဲ့အကြိမ်ရေခွဲစားဖို့ စောင့်ကြည့်သတိပေးပါ။ သွေးတွင်းသကြားဓါတ်အတက်အကျကို ထိန်းညှိတဲ့အခါ အစားမှန်ဖို့၊ အချိန်မှန်ဖို့အရေးကြီးပါတယ်။
    • ဆေးမှန်မှန်သောက်ဖို့ သတိပေးပါ။ ဆီးချိုရှိတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးမှန်မှန်သောက်ဖို့လိုပါတယ်။ သူကဆေးသောက်ဖို့မေ့တတ်တယ်ဆိုရင် ဘေးကနေ သတိပေးတာ၊ တစ်ရက်စာချင်းကို ဆေးဘူးလေးနဲ့ မြင်သာတဲ့နေရာ၊ လက်လှမ်းမီတဲ့နေရာမှာထားပေးတာတွေ လုပ်ပေးသင့်ပါတယ်။

    ဆီးချိုသွေးချိုသမားတွေ ကျန်းမာပျော်ရွှင်စွာနေနိုင်ဖို့အတွက် ကူညီနိုင်မယ့် whey ပရိုတင်း ။ ။

    ဆီးချိုသွေးချိုသမားတွေကို ကူညီစောင့်ရှောက်ရတာက အခက်အခဲတွေနဲ့ တွေ့ကြုံရနိုင်ပြီး အားထုတ်ကြိုးပမ်းမှုတွေလိုအပ်ပါတယ်။ အထူးသဖြင့် အစာအာဟာရချက်ပြုတ်တဲ့နေရာ၊ ကျွေးမွေးပြုစုရတဲ့နေရာတွေမှာပါ။ ဒီအတွက် အခက်အခဲမရှိဘဲ ကူညီနိုင်မယ့် နည်းလမ်းတစ်ခုကတော့ whey ပရိုတင်း ဖြည့်စွက်စာကို အသုံးပြုဖို့ပါ။ ဒီwhey ပရိုတင်း ဖြည့်စွက်စာတွေက

    • အင်ဆူလင်ထွက်အောင်လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓါတ်ကိုထိန်းပေးတယ်။
    • နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။
    • အစာစားချင်စိတ်ကို ထိန်းချုပ်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တယ်။
    • သကြားဓါတ်ပြောင်းလဲမှုနှုန်းနိမ့်တဲ့အတွက် သွေးထဲမှာ သကြားဓါတ် အမြန်အဆန်တက်လာတာမျိုးမရှိဘူး။

    ဆီးချိုဖြစ်လာရင် ရောဂါဖြစ်လာသူရော၊ ပြုစုစောင့်ရှောက်သူရောအတွက် ဖိအားများပါတယ်။ ဒီဖိအားတွေကြားထဲမှာ အစားအသောက်နဲ့အာဟာရအတွက် ထပ်ပြီး ဖိအားမဖြစ်စေချင်ဘူးဆိုရင် whey ပရိုတင်းတွေ က အကောင်းဆုံးကူညီပေးနိုင်ပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement