လက်ဖဝါး အနွေးဓာတ် ပေးပါ
လက်ဖဝါးကုထုံး ကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာ ကြာသွားလို့ ဒါမှမဟုတ် ကွန်ပျူတာ၊ တီဗီကြည့်တာ ကြာသွားလို့ မျက်စိညောင်းလာပြီ ဆိုရင် ပိုအသုံးဝင်ပါတယ်။
- သက်တောင့်သက်သာ ဖြစ်မယ့် အနေအထားနဲ့ ထိုင်ပါ။ လက်ဖဝါး နှစ်ဖက်ကို ပူနွေးလာတဲ့အထိ ပွတ်ပါ။ မှိတ်ထားတဲ့ မျက်ခွံပေါ်မှာ လက်နဲ့ အုပ်ထားပါ။ မဖိရပါ။ ဖြေလျော့ပြီး စက္ကန့်၃၀လောက် ငြိမ်နေပေးပါ။ မျက်လုံးကို ဖြည်းဖြည်းဖွင့်ပြီး ဟိုဟိုဒီဒီကြည့်ပါ။ ဒီနည်းကို ၃ ကြိမ်မှ ၅ ကြိမ် ထပ်လုပ်ပေးပါ။
အဆီ များတဲ့ငါး စားပါ
အဓိကကတော့ အကျိုးပြုအဆီဓာတ် omega-3 fatty acids ကြွယ်ဝတဲ့တူနာ၊ ဆာဒင်း၊ မက်ကာရယ်၊ ဆာဒင်းငါးနဲ့ ဆယ်လ်မွန်ငါးတွေက အမြင်အာရုံကျန်းမာရေး အတွက် သိပ်ကိုကောင်းပါတယ်။
မျက်စိအပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကို ကျန်းမာစေဖို့အတွက် ရေဓာတ်လုံလောက်ဖို့ လိုအပ်ပါတယ်။ ရေအရမ်းဆာတဲ့အထိ မနေပါနဲ့။ မကြာမကြာ ရေသောက်ပေးပါ။
ဘာပဲဖြစ်ဖြစ်
ကွန်ပျူတာ သို့မဟုတ် တီဗီမျက်နှာပြင်ကို တစ်ဆက်တည်း အကြာကြီးကြည့်နေရင် မျက်စိနဲ့ပတ်သက်တဲ့ ဝေဒနာတွေက ဖြစ်လာမှာပဲဆိုတော့ ကြည့်နေတဲ့ကြားမှာ ခဏလောက်တော့ မျက်လုံးလွှဲပြီး နားနားပေးပါ။
အိပ်ရေးဝအောင် အိပ်ပါ။ အိပ်ရေးပျက်ခံခြင်းက မျက်စိဝေဒနာ မကြာခဏ ဖြစ်စေတတ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။