backup og meta

ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ်

    ခြံစည်းရိုးပင်အနေနဲ့အစိုက်များကြတဲ့ ပန်းသေးသေးလေးတွေပွင့်ကြတဲ့ ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ် ကို ငယ်ငယ်ကတည်းကမြင်ဖူးကြမှာပါ။ ခူးပြီးတော့ ပန်းကုံးလှလှလေးလုပ်ပြီးဆော့ခဲ့သေးတယ်ဟုတ်။ ပုဏ္ဏရိတ်သီးလေးတွေ စားဖူးတဲ့သူတောင်ရှိမှာပါနော်။ ဒီအပင်လေးကဆော့လို့ကောင်းရုံသက်သက်မဟုတ်သလို ကြည့်လို့လှတယ်ဆိုတာထက်လည်း ပိုပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ ပုဏ္ဏရိတ်ပင်လေးတွေကဆေးဖက်ဝင်တာကြောင့်ပါ။

    ပုဏ္ဏရိတ် ဆိုတာ

    ပန်းပွင့်နီနီလေးတွေ၊ ပန်းရောင်လေးတွေပွင့်တတ်တဲ့ အပင်ငယ်တစ်မျိုးပေါ့။ အစုလိုက်ပေါက်တတ်ကြပါတယ်။ ချုံပင်တစ်မျိုးဖြစ်ပြီး များသောအားဖြင့်ကတော့ခြံစည်းရိုးအနေနဲ့ ရွာဘက်တွေမှာစိုက်ကြတာများပါတယ်။ အရွက်ခပ်ထူထူလေးနဲ့ ကြည့်ရတာ စိမ်းစိမ်းစိုစိုရှိပါတယ်။ အပူပိုင်းမှာတောင်ပေါက်ရောက်နိုင်ပါတယ်။

    ဆေးဖက်ဝင်တဲ့ ပုဏ္ဏရိတ် ရဲ့ ကျန်းမာရေးအာနိသင်

    အလှစိုက်ထားလေ့ရှိတဲ့ ပုဏ္ဏရိတ် ပန်းလေးတွေက အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေပေးစွမ်းနိုင်ပါတယ်။

    တီဘီရောဂါအတွက်အသုံးပြုနိုင်ပါတယ်

    တီဘီရောဂါဆိုတာက ကိုယ်တွင်းမှာဖြစ်တဲ့ရောဂါတစ်မျိုးပါ။ချောင်းဆိုးလိုက်တဲ့အခါသွေးပါတာမျိုးတွေ့ရနိုင်ပါတယ်။ တီဘီရောဂါဖြစ်ပြီဆိုရင် ချက်ချင်းကုသမှုခံယူဖို့လိုပါတယ်နော်။ တီဘီရောဂါက မကုသဘဲထားမယ်ဆိုရင် အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။ တီဘီရောဂါကလေထဲကနေတဆင့်ကူးစက်တာပါ။ တီဘီရောဂါကိုဆေးဝါးတွေနဲ့ကုသတာက အထိရောက်ဆုံးပါ။ ဒါပေမယ့် သဘာဝဆေးအနေနဲ့ကတော့ ပုဏ္ဏရိတ်ပင်ကို သုံးလို့ရပါတယ်နော်။

    သွေးတိုးသက်သာစေနိုင်တယ်

    အသက်အရွယ်ရလာတဲ့ လူတော်တော်များများမှာတွေ့ရတဲ့ရောဂါတစ်ခုပေါ့။သွေးတိုးတာကြောင့်ခေါင်းကိုက်တာဖြစ်နိုင်သလို တစ်နေ့တာအလုပ်တွေကိ မလုပ်နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။သွေးတိုးကရေရှည်မှာ နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်သွေးတိုးရှိသူတွေအနေနဲ့ ပုဏ္ဏရိတ်ရွက်ကို သုံးလို့ရပါတယ်နော်။

    အနာကျက်စေနိုင်တယ်

    ပုဏ္ဏရိတ် အရွက်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ ပုဏ္ဏရိတ်ပင်ရဲ့ သဘာဝဓါတ်ပေါင်းတွေက အနာကို မြန်မြန် ကျက်စေဖို့ လှုံ့ဆော်ပေးပါတယ်။ အနာအတွက် ပုဏ္ဏရိတ်ရွက်ကို သုံးမယ် ဆိုရင်တော့ ရေကို သန့်စင်အောင် ဆေးဖို့ ပြောပါရစေနော်။ မလိုအပ်ဘဲ အနာ ပိုးဝင်တာမျိုး မဖြစ်စေဖို့ပါ။

    ခန္ဓါကိုယ်နာကျင်တာကို သက်သာစေနိုင်ပါတယ်

    ခန္ဓါကိုယ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ ဆေးမသောက်ချင်ဘူး ဆိုသူတွေ အတွက် သဘာဝ နည်းလမ်းကောင်း တစ်ခု ရှိပါတယ်။ ဒါကတော့ ပုဏ္ဏရိတ်ရွက် ပြုတ်ရည်ကို နာကျင်ကိုက်ခဲမှုတွေ အတွက် အသုံးပြုလို့ ရတယ် ဆိုတာပါ။ ဆေးတွေကို ကြောက်တဲ့သူတွေ အတွက် အသုံးတည့်မှာပါ။

    လိပ်ခေါင်းသက်သာစေနိုင်တယ်

    လိပ်ခေါင်း ဖြစ်တာက ထိုင်ရထရ ခက်တဲ့ ဝေဒနာ တစ်ခုပါ။ ထိုင်နေစဉ်မှာ မသက်မသာ ခံစားရ သလို ဝမ်းသွားတဲ့အခါမှာလည်း တော်တော်လည်း နေရခက် ပါတယ်။ပြင်းထန်တဲ့ အခြေအနေမျိုးမှာသွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ အရမ်း ပြင်းထန်တဲ့ အနေအထားမျိုးမှာ ခွဲစိတ်ကုသတာမျိုး အထိ ဖြစ်နိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မယ့် သဘာဝ ဆေးဖက်ဝင်အပင် တစ်ခုကတော့ ပုဏ္ဏရိတ်ပန်းပါ။ အရမ်း မပြင်းထန်သေးတဲ့ လိပ်ခေါင်းပြဿနာကို ပုဏ္ဏရိတ်ပန်းက ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်ပါတယ်။

    ဝမ်းကိုက်သက်သာစေနိုင်တယ်

    ဝမ်းကိုက် သက်သာစေဖို့အတွက်လည်း ပုဏ္ဏရိတ်ပန်းကို အသုံးပြုလို့ ရပါတယ်။ ပုဏ္ဏရိတ်ပင်မှာ ရောဂါတွေကို သက်သာစေနိုင်တဲ့ သဘာဝဓါတ်ပေါင်းတွေ ပါဝင်နေတာကြောင့် ဝမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။

    ရာသီသွေးမှန်စေနိုင်တယ်

    လေဒီလေးတွေ ကျန်းမာဖို့ အတွက်က ရာသီသွေး မှန်ဖို့လည်းလိုအပ်ပါတယ်။ ရာသီသွေး ပုံမှန်ဆင်းမှာ အသားအရေကစလို့ တစ်ကိုယ်လုံးကျန်းမာမှာပါ။ဘေဘီလေး လိုချင်တဲ့ လေဒီတို့ အတွက်လည်း အဆင်ပြေစေမှာပါ။ ဒါကြောင့်လေဒီတိုင်းအတွက်အရေးပါတဲ့ ရာသီသွေးမှန်စေဖို့ဆိုရင် ပုဏ္ဏရိတ်ပန်းကို အသုံးပြုပေးလို့ရပါတယ်။
    ခြေသလုံးတွေ ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်
    အကိုက်အခဲပျောက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။ခြေသလုံးကြွက်သားတွေနာကျင်ကိုက်ခဲနေတာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။
    ငယ်ငယ်ကဆော့ခဲ့တဲ့ ပုဏ္ဏရိတ်ပင်လေးက အပေါ်မှာပြောခဲ့သလိုလေးတွေလည်းဆေးဖက်ဝင်ပါသေးတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement