ဆီးချို ရှိတယ်လား။ အသီး မစားနဲ့ သွေးချိုတွေ တက်မယ်နော် ဆိုပြီး ခဏခဏ အပြောခံနေရပြီလား။ ဒါဆို ဆီးချို ရှိရင် အသီး မစားရတော့ ဘူးလားလို့ မေးချင်နေလောက်မယ် ထင်တယ်နော်။
ဒီလို မဟုတ်ပါဘူး။ ဆီးချို အထူးသဖြင့် အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ စားလို့ရတဲ့ အသီးလေးတွေ ရှိပါသေးတယ်။ ဒါက ဘာ အသီးလေးတွေ ဖြစ်မလဲ ဆိုတာကို ဆောင်းပါးထဲမှာ အတူတူ ဖတ်ကြည့်ရအောင်နော်။
အမျိုးအစား (၂) ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ အသီး (၇) မျိုး
သစ်သီး ကြိုက်တဲ့ အမျိုးအစား (၂) ဆီးချို ရှိသူတွေ အနေနဲ့ ဒီ အသီးလေးတွေ စားပေးလို့ ရပါတယ်။
စပျစ်သီး
စပျစ်သီး (အစိမ်းရောင် စပျစ်သီး) လေးတွေကို စားပေးလို့ ရပါတယ်။ စပျစ်သီးက သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာချက်တွေအရ စပျစ်သီးမှာပါတဲ့ polyphenols က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။
နောက်အားသာချက် တစ်ခုက စပျစ်သီးက ဆီးချိုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် ဆိုတာပါ။
ပန်းသီး
ပန်းသီး စားတဲ့အခါ အခွံ နွှာမစားဖို့ အရင်ဆုံး ပြောပါရစေ။ ပန်းသီးက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် သွေးထဲက သကြားဓာတ်တွေကို စုပ်ယူမှုကို နှေးစေပါတယ်။ ဒီနည်းနဲ့ သွေးတွင်း သကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကူညီပေးပါတယ်။ ပန်းသီး အရွယ်တော် တစ်လုံး စားပေးတာက သွေးချို မမြင့်စေနိုင်ပါဘူး။
ဘလူးဘယ်ရီ
သွေးကြောတွေကို ကျန်းမာစေတဲ့ ဘလူးဘယ်ရီသီးက သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်ခြေကိုလည်း နည်းပါတယ်။ အော်ဂဲနစ် စစ်စစ် ဘလူးဘယ်ရီသီးက ဆီးချို ရှိသူတွေ စားပေးလို့ ရတဲ့ အသီးတွေထဲက တစ်မျိုးပါ။
ခရင်မ်ဘယ်ရီ
ဟင်းပဲ ချက်စားစား၊ သုပ်ပဲ စားစား စားကောင်းတဲ့ ခရမ်းချဉ်သီးလေးက ဆီးချိုရှိသူတွေနဲ့ သင့်တော်ပါတယ်။ ခရမ်းချဉ်သီးက သွေးတွင်း အဆီကို ကျစေနိုင်သလို ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ဆီးချိုရှိသူတွေနဲ့ ခရမ်းချဉ်သီး စားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။
ထောပတ်သီး
ထောပတ်သီးက ကာဗိုဟိုက်ဒရိတ် ပါဝင်မှုနည်းပြီး အဆီ ပါဝ်ငမှု များပါတယ်။ အဆီ ဆိုတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီမျိုးပါ။ ထောပတ်သီးက ဆီးချို ရှိသူတွေနဲ့ အသင့်တော်ဆုံး အသီးတစ်ခုဆိုလည်း မမှားပါဘူး။
ဆီးချိုရောဂါ အကြို လက္ခဏာ ခံစားနေရသူတွေနဲ့လည်း သင့်တော်ပါတယ်။ တစ်နေ့တာမှာ ထောပတ်သီး အရွယ်တော် တစ်လုံးလောက် စားပေးလို့ ရပါတယ်။
[embed-health-tool-bmi]