backup og meta

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

    မိန်းမလှလေးတစ်ယောက်ဖြစ်ဖို့က တစ်ကိုယ်ရေသန့်ရှင်းရေးတော်တော်လေးအရေးကြီးပါတယ်။ အသန့်ကြိုက်တာကပြဿနာမဟုတ်ပါဘူး။ သန့်ရှင်းမှုအားနည်းတာကသာ ပြဿနာဖြစ်မှာပါ။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေတဲ့အရာပါ။ တစ်ခါတလေ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ အဆင်မပြေတာမျိုးဖြစ်ဖူးကြလားလေဒီတို့ရေ…. ဥပမာ အရေပြားယားယံတာမိန်းမကိုယ်ယားယံတာတို့လိုမျိုးပြဿနာတွေပေါ့။

    တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

    ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ယားယံနေတဲ့အခါ နေရထိုင်ရတော်တော်လေးခက်ခဲပါတယ်။ ဒီလိုယားယံမှုတွေထဲမှာမှ မိန်းမကိုယ်မှာ ယားယံတဲ့အခါ တော်တော်လေးနေရထိုင်ရခက်စေပါတယ်။ ဒီလိုဖြစ်တာက အရမ်းကြီးစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးဆိုပေမယ့် တစ်ခါတရံမှာ မိန်းမကိုယ်ယားယံမှုက ရောဂါပိုးတစ်ခုခုကူးစက်ခံထားရတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။

    မိန်းမကိုယ်ယားယံမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက

    မိန်းမကိုယ်ကပျော့ပျောင်းတဲ့ တစ်ရှုးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက် ပေါ့ပါးကျန်းမာနေစေဖို့ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကျန်းမာဖို့လိုအပ်မှာပါ။ ဒီထဲမှာ မိန်းမကိုယ်ကျန်းမာဖို့ကလည်း ချန်ထားလို့မရတဲ့ အချက်တစ်ခုပေါ့။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေ ရှင်သန်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်က အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အချွဲလေးတွေထုတ်ပေးဖို့လည်းလိုပါမယ်။ အနံ့အသက်တော့ ကင်းဖို့လိုတာပေါ့နော်။ ဒီအချွဲလေးတွေထွက်ရှိမှုပမာဏက ဟော်မုန်းပမာဏပေါ်လည်း မူတည်ပါသေးတယ်။

    ဒီအချက်တွေကြောင့် မိန်းမကိုယ် ယားယံနိုင်ပါတယ်

    မိန်းမကိုယ်ယားယံစေတဲ့အကြောင်းအရင်းတွေက တော်တော်လေးတော့များပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက ဘာတွေများဖြစ်မလဲ။

    • အကျိုးမပြုဘက်တီးရီးယားတွေများနေတာ

    မိန်းမကိုယ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေရာ ၊ အကျိုးမပြုတဲ့ဘက်တီးရီးယားတွေရော မျိုးစုံအောင်ရှိနိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေ များနေတာက အကြောင်းမဟုတ်ပေမယ့် အကျိုးမပြုတဲ့ဘက်တီးရီးယားတွေများနေတာက မိန်းမကိုယ်ယားယံမှုကိုဖြစ်စေနိုင်ပါတယ်။

  • လိင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ရောဂါခံစားနေရတာ
  • တစ်ခါတလေမှာ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတစ်ခုခုကို ခံစားနေရတာကြောင့်လည်း မိန်းမကိုယ်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။

    သွေးဆုံးချိန်မှာလည်း အစိုဓာတ်ထိန်းနိုင်မှု လျော့ကျသွားတာကြောင့် မိန်းမကိုယ်ယားယံနိုင်ပါသေးတယ်။

    လစဉ်သုံးပစ္စည်း ဒါမှမဟုတ် အသုံးပြုနေကျပစ္စည်းတစ်ခုခုမှာပါနေတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း မိန်းမကိုယ်ယားယံနိုင်ပါတယ်။

  • အဝတ်လျှော်တဲ့အခါသုံးတဲ့ ဆပ်ပြာနဲ့ ဓာတ်မတည့်တာ
  • အတွင်းခံတွေကိုလျှော်တဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာမှုန့်တွေ၊ ဆပ်ပြာတုံးတွေနဲ့ ဓာတ်မတည့်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

  • အတွင်းခံကို ခပ်ကျပ်ကျပ်ဝတ်ထားမိတာ
  • အချို့လေဒီတွေက ကိုယ်လုံးထင်းချင်တဲ့ ဆန္ဒကြောင့် အတွင်းခံကို ခပ်ကျပ်ကျပ်ဝတ်တတ်ကြပါတယ်။ ဒီလိုဝတ်ဆင်တာက လေဝင်လေထွက်မကောင်းတဲ့အခြေအနေကို ဖြစ်စေပြီး မိန်းမကိုယ်ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။

    • အနံ့ပြင်းတဲ့ ရေအိမ်သုံးတစ်သျှူးတွေ အသုံးပြုတာ

    တစ်သျှူးမွှေးမွှေးလေးကို သဘောကျတယ်ဆိုရင်တောင်မှာ အပေါ့အပါးသွားပြီးတဲ့အခါမျိုးမှာတော့ အနံ့မပါတဲ့ တစ်သျှူးကိုပဲ အသုံးပြုပေးပါ။

    အတွင်းခံရွေးချယ်တဲ့အခါမှာလည်း ချွေးစုပ်ပြီး နေရတာ သက်သောင့်သက်သာဖြစ်တဲ့ ချည်သားအတွင်းခံတွေကိုပဲ ဝတ်ဆင်ပေးပါ။ နိုင်လွန်သားပါတဲ့ အတွင်းခံတွေက အနံ့အသက်ဆိုးကိုဖြစ်စေသလို မိန်းမကိုယ်ယားယံမှုကိုပါဖြစ်စေနိုင်ပါတယ်။

    • စက်ဘီးစီးတာ

     စက်ဘီးစီးတာ၊ မြင်းစီးတာလိုမျိုး ကိစ္စတွေကို အချိန်ကြာမြင့်စွာ လုပ်မိတဲ့အခါမျိုးမှာလည်း မိန်းမကိုယ်ယားယံတာမျိုး ဖြစ်နိုင်ပါတယ်။

    • ဟော်မုန်းပြောင်းလဲမှုဖြစ်တာ

    ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းလာတဲ့အခါမျိုးမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် မိန်းမကိုယ်ယားယံမှုဖြစ်နိုင်ပါတယ်။

    ဒီပြဿနာတွေ ကင်းဝေးပြီး ကျန်းမာလှပတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အချက်လေးတွေကို သတိထားရှောင်ကြဉ်လိုက်ပါ။ ဒါတွေအပြင် မိန်းမကိုယ်ကို ရေများများ ဒါမှမဟုတ် feminine washတွေနဲ့ ဆေးကြောတာ၊ အတွင်းခံတွေကို သန့်သန့်ပြန့်ပြန့် လျှော်ဖွပ်ဝတ်ဆင်တာ စတာတွေကိုလည်း လိုက်နာသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement