backup og meta

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား အရင် မစဉ်းစားမိဘဲ မနက်က ဖွားဖွားက စေတနာပိုပြီး ဘေဘီလေး အတွက် ပြုတ်ထားတဲ့ စွပ်ပြုတ်ထဲကို ချင်း (ဂျင်း) လေး ဓားပြားရိုက်ပြီး ထည့်လိုက်မိတယ်။

    အနံ့လေးတော့ မွှေးနေတာပဲ။ ဒါပေမယ့် တိုက်ခါနီးမှ ကလေးလေးတွေကို ချင်း(ဂျင်း) (ginger) ကျွေးလို့ရရဲ့လား …ဘေဘီလေးကို တိုက်လို့ ဖြစ်ပါ့မလား ဆိုပြီး စိတ်ပူနေတတ်တဲ့ မေမေ တွေရှိလား။

    ချင်း (ဂျင်း) ဆိုတာက အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ရှိတတ်တဲ့အရာလေးဖြစ်သလို ဟင်းလျာတိုင်းမှာပါဝင်လေ့ရှိတဲ့ ဇာတ်လိုက်ပါ။ ကျန်းမာရေးအတွက် ကောင်းတယ်လို့လည်း လူသိများပါတယ်။ ဒီလို ကျန်းမာရေးအကျိုးအာနိသင်ကောင်းတွေ အများကြီးရှိတဲ့အတွက် ကလေးကို ချင်း(ဂျင်း) (ginger) ကျွေးလို့ရရဲ့လား ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အတူတူဖတ်ကြည့်ရအောင်နော်။

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးတဲ့အခါ ဘာတွေသိထားဖို့လိုလဲ

    ဘေဘီလေးက ချင်း (ဂျင်း) ကို စားသုံးပေးလို့ရပါတယ်။ အရမ်းအများကြီးတော့ မဟုတ်ဘူးပေါ့။ ဘေဘီလေးက ၉လပြည့်ပြီဆိုရင် ချင်း (ဂျင်း) ကို နည်းနည်းစစားလို့ရပါပြီ။

    ဘေဘီလေးက ဆေးတစ်ခုခု ပုံမှန်သောက်နေရတယ်ဆိုရင်တော့ မကျွေးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။

    ဘေဘီလေးကို ချင်း (ဂျင်း) ကပေးနိုင်တဲ့ အာဟာရ

    ချင်း (ဂျင်း) ကပေးတဲ့ အာဟာရ

    ချင်း (ဂျင်း) မှာ ဘေဘီလေးတွေအတွက်

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးတဲ့အခါ

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးတဲ့အခါ

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးရင် ကိုယ်ခံအားကောင်းစေတယ်

    ချင်း (ဂျင်း) က ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို သေစေနိုင်ပြီး ဘေဘီလေးကို E Coli၊ Salmonella typhi၊ Bacillus subtilis တို့ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။ ဘေဘီလေးကို အအေးမိတာ၊ ချောင်းဆိုးတာနဲ့ တုပ်ကွေးရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးရင် အသည်းကျန်းမာစေတယ်

    ချင်း (ဂျင်း) ရဲ့နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးရဲ့ အသည်းကို ကျန်းမာစေတာပါ။ အစာအဆိပ်သင့်တာလိုမျိုး ပြဿနာတွေကြောင့် ဘေဘီလေးရဲ့ အသည်းကို ထိခိုက်တာတွေမဖြစ်စေဖို့ အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးရင် အစာခြေစနစ် ကျန်းမာစေတယ်

    ချင်း (ဂျင်း) ရဲ့ နောက်ထပ်ကျန်းမာရေး အာနိသင်တစ်ခုက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး လေနာတာ၊ လေအောင့်တာတွေ မဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးတာပါ။ အစာကြေစေပြီး အစာစားချင်စိတ်ဖြစ်စေပါတယ်။

    မေမေတိုင်း စိတ်ညစ်ရတဲ့ ဘေဘီလေးတွေ ဝမ်းချုပ်တဲ့ပြဿနာကို သက်သာစေဖို့လည်း ချင်း (ဂျင်း) ကို ကျွေးပေးလို့ရပါတယ်။

    ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးရင် အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

    ဘေဘီလေးမှာ ဖြစ်တတ်တဲ့ ချောင်းဆိုးတာ၊ လေပြွန်ရောင်တာတွေ သက်သာစေဖို့လည်း ချင်း (ဂျင်း)က အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးကို ချောင်းဆိုး ချွဲကြပ်ကင်းစေဖို့လည်း ချင်း (ဂျင်း) ကို ကျွေးပေးလို့ ရပါတယ်။

    ကဲ… ဒီလောက်ဆိုရင်တော့ ကလေးတွေကို ချင်း (ဂျင်း) (ginger) ကျွေးလို့ရရဲ့လားဆိုတဲ့ မေးခွန်းနဲ့ပတ်သတ်လို့ အဖြေပေါ်လောက်ပြီ ထင်ပါတယ်နော်။

    လူကြီးတွေအတွက်တော့ အစားအသောက်အသစ်တွေစားတာ အရမ်းစဉ်းစားစရာမလိုတဲ့ ကိစ္စတစ်ခုပေမဲ့ ကလေးတွေ အတွက်တော့ ကြိုတင်စဉ်းစားပြီး ချင့်ချင့်ချိန်ချိန်ကျွေးဖို့ လိုအပ်တာမို့ မေမေတို့ စိတ်ပူတာ ကောင်းတဲ့ သဘာဝနဲ့ အလေ့အကျင့်ဖြစ်ပါတယ်လို့ ဆက်အားပေးတိုက်တွန်းပါရစေ မေမေတို့ရေ …။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement