Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

မနက်ခင်းကို သူများတွေလို မုန့်ဟင်းခါးအသုပ်တွေစားရတာမကြိုက်ဘဲ Oatmealလေးကို သစ်သီးလေးတွေနဲ့ တွဲဖက်ပြီးစားရတာကိုဖြစ်ဖြစ် အုတ်ဂျုံနဲပလုပ်ထားတဲ့ မုန့်ကိုဖြစ်ဖြစ်စားရတာကို သဘောကျတဲ့သူလေးတွေရှိလား။ ဒါဆိုရင်တော့ သင့်အတွက်သတင်းကောင်းရှိပါတယ်။

ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ………..

Oatmeal မှာ

Oatmeal ကြိုက်သူလေးတွေအတွက် သတင်းကောင်း

စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့အရသာရှိတဲ့ Oatmeal က စားလို့ကောင်းရုံတင်၊ အာဟာရြပည့်စေရုံတင်မဟုတ်ဘဲ။ အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ အစားအသောက်တစ်ခုပါ။ အပင်ကနေရတဲ့ဒြပ်ပေါင်းတွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကိုယ်တွင်းမှာ နိုက်ထရစ်အက်ဆစ်ထွက်ရှိမှုတိုးစေပြီးသွေးတိုးကျစေနိုင်သလိုသွေးစီးဆင်းမှုကောင်းစေနိုင်ပါတယ်။ အရေပြားယားယံတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။

အင်ဆူလင်တုံ့ပြန်မှုကောင်းစေတယ်

ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ပါဝင်နေတာကြောင့် အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့သွေးတွင်းသကြားဓါတ်ထိန်းညှိဖို့ စားပေးသင့်ပါတယ်။

အကျိုးပြုကိုလက်စထရောပမာဏ တိုးစေနိုင်တယ်

Oatmeal မှာbeta-glucan ပါဝင်နေတာကြောင့်သွေးတွင်း အကျိုးပြုကိုလက်စထရောပမာဏကိုတိုးစေနိုင်ပါတယ်။ ဒါကြောင့်သွေးထဲမှာ အကျိုးပြုကိုလက်စထရောပမာဏတိုးချင်တယ်ဆိုရင် Oatmeal ကိုစားပေးလို့ရပါတယ်။

အစာခြေစနစ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးစေတယ်

Oatmeal မှာပါတဲ့beta-glucan က အစာအိမ်နဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို တိုးစေနိုင်ပါတယ်။

ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံနိုင်စေပြီး ဝိတ်ချတဲ့သူတွေအတွက် အထူးသင့်တော်တဲ့စားစရာတစ်ခုပါ။

ပန်းနာရင်ကျပ်ြဖစ်နိုင်ခြေကိုလျော့ကျစေတယ်

ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းက Oatmealကျွေးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်မှာပါ။

ဝမ်းမှန်စေနိုင်တယ်

အမျှင်ဓါတ်ကြွယ်ဝမှုကြောင့်အစာခြေစနစ်ကို ကျန်းမာစေပြီးနေ့စဉ်ဝမ်းမှန်စေပါတယ်။ ဒါကြောင့်ဝမ်းမှန်ချင်သူတွေအနေနဲ့ Oatmeal ကိုစားပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အမျှင်ဓာတ်အကြောင်း သိသင့်သမျှ

အမျှင်ဓာတ် အာဟာရဓာတ် အစာအိမ်အူလမ်းကြောင်း သတ္တုဓာတ် ကိုယ်အလေးချိန် ဗိုက်ကယ်ခြင်း သံဓာတ် သရေစာ ရေများများသောက်ပါ အစားအစာ စားသုံးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

စားလို့ကောင်းတဲ့ ချဉ်ပေါင်ရွက်ကို ဘယ်လိုချက်ချက် ကြိုက်တဲ့သူလေးတွေ ရှိလား………..

မျှစ် ချဉ်ပြုံးပြုံးအရသာ ငါး ငရုတ်သီး ကျန်းမာရေး သတ္တုဓာတ် ကယ်လ်ဆီယမ် အာဟာရဓာတ် ဗီတာမင် C သံဓာတ် ဗီတာမင် A ချဉ်ပေါင်ရွက် ဆေးဖက်ဝင် အအေးမိ၊ ဖျားနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကလေးများ နို့အန် တဲ့အခါ

နို့အန် Posseting နို့တိုက် Vomiting အာဟာရ နို့စို့နိုင် ကိုယ်အလေးချိန် လေတက် GERD လေထုတ် လမစေ့ ပေါင်မပြည့် cerebral palsy

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့တိုက်မိခင် ရင်သွေး အကျိုးကျေးဇူး မိခင်နို့ရည် ရာသီစက်ဝန်း nipple shield ကိုယ်အလေးချိန် နို့ဘူး ရင်သား နို့ရည် နို့ထွက်အောင် ရောဂါပိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

ကလေး ယူတော့မယ်ဆို ရှောင်ရှားသင့်တဲ့ အစားအသောက်တွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ခန္ဓာကိုယ်ရဲ့ ရှေ့တန်း ခုခံအား တပ်များ အကြောင်း နှင့် ရှေ့တန်း ခုခံအား ကောင်းအောင် ဘယ်လိုလုပ်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020
ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ညအိပ်တဲ့အခါ ဆံပင်ကို စည်းသင့်၊ မစည်းသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မေ 27, 2020