backup og meta

နေလောင်ခံ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ခံ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို ဘယ်လိုသုံးမလဲ

နေလောင်ခံ ရတယ်ဆိုတာ ဒီဘက်ခေတ်မှာ သိပ်ပြီးဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အိုဇုန်းလွှာတွေ ပျက်စီးလာတာနဲ့အမျှ ကမ္ဘာကြီးက တဖြည်းဖြည်း ပူနွေးလာသလို ခရမ်းလွန်ရောင်ခြည်တွေဟာလည်း လေထုကနေတစ်ဆင့် လူ့အသားအရေပေါ်ကို ထိတွေ့မိပြီး ခရမ်းလွန်ဓာတ်ရောင်ခြည်သင့်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။ နေလောင်ခံ ရတယ်ဆိုတာ ဒီခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုရဲ့  အပေါ်ယံ လက္ခဏာတစ်ခုပါ။

နေလောင်ခံ ရတာ စိတ်ပူစရာလိုလား။

နေလောင်ဒဏ်ကြောင့် အသားအရေဆဲလ်တွေ ပျက်စီးသွားသလို ဆဲလ်အသစ်တွေ ထုတ်လုပ်နှုန်း နှေးကွေးသွားတဲ့အတွက် အသားအရေမှာ

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ အရေပြားရောဂါတွေ၊ မှိုစွဲတာ၊ အသားအရေ ပျက်စီးသွားတာ၊ အရေပြားကင်ဆာအထိပါ ဖြစ်နိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

ဘာကြောင့် ရှားစောင်းလက်ပပ်ကို နေလောင်ခံ အသားအရေ ကုသတဲ့နေရာမှာ အသုံးများတာလဲ။

ရှားစောင်းလက်ပပ်ကို အသားအရေအတွက် နတ်ဆေးတစ်ပါးလို့တောင် ခေါ်စမှတ်ပြုကြပါတယ်။ အဓိက အကြောင်းရင်းကတော့

၁။ အစိုဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးခြင်း

၂။ အရေပြားအတွက် လိုအပ်တဲ့ အာဟာရများ ဖြည့်ပေးနိုင်ခြင်းနဲ့

၃။ ဒဏ်ရာ၊ အမာရွတ်တွေကို သက်သာစေပြီး ရောဂါပိုးမဝင်အောင် ကာကွယ်ပေးနိုင်တဲ့ အာနိသင်တွေကြောင့်ပါပဲ။

ဘေးထွက်ဆိုးကျိုးလည်း နည်းသလို ဘယ်လိုအသားအရေမျိုးမဆို သုံးလို့ရတဲ့အတွက် အလွယ်တကူလည်းရ၊ ငွေကုန်ကြေးကျလည်း မများတဲ့ ရှားစောင်းလက်ပပ်ကို အသုံးများလာပါတယ်။

နေလောင်ခံရတဲ့ အသားအရေအတွက် ရှားစောင်းလက်ပပ်ကို အသုံးပြုနည်း

၁။ ရှားစောင်းလက်ပပ်ကို ထက်ခြမ်းခြမ်းလိုက်တဲ့အခါ အလယ်မှာ စေးကပ်တဲ့ အဖြူရောင်ဂျယ်လ်တွေကို တွေ့ရမှာပါ။ ဒီဂျယ်လ်တွေကို ဇွန်းနဲ့ ခြစ်ပြီး နေလောင်ခံရတဲ့ အသားအရေပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့် အရောင်ကျစေပြီး အသားကို အေးသွားစေပါတယ်။

၂။ ဂျယ်လ်ကို မခြစ်ဘဲ အရွက်ကို ဒီအတိုင်းထက်ခြမ်းခြမ်းပြီး အရေပြားပေါ်မှာ ကပ်ထားပေးခြင်းဖြင့်လည်း နေလောင်ထားတဲ့ အပူရှိန်ကို အရွက်က စုပ်ယူပေးပြီး အသားကို အေးမြစေပါတယ်။ ပြီးသွားရင်တော့ အရွက်ကို ဖယ်ပြီး သေချာရေပြန်ဆေးပေးရုံပါပဲ။

၃။ သဘာဝမဟုတ်ပေမဲ့ ရှားစောင်းလက်ပပ်ပါဝင်တဲ့ ရေချိုးဆပ်ပြာများကိုလည်း အသုံးပြုနိုင်ပါတယ်။။ အဓိက နေလောင်ခံရပြီးတာနဲ့ အသားအေးအောင် ခဏစောင့်ပြီးမှ ရေချိုးပေးတာ ပိုကောင်းပါတယ်။

၄။ ရေချိုးပြီးသွားတဲ့အခါ ရှားစောင်းလက်ပပ်ပါဝင်တဲ့ လိုးရှင်း၊ အစိုဓာတ်ထိန်းခရင်မ်များကို လိမ်းပေးခြင်းဖြင့်လည်း ကိုယ့်ရဲ့ အရေပြားအတွက် ခမ်းခြောက်သွားတဲ့ အစိုဓာတ်နဲ့ အာဟာရဓာတ်တွေကို ပြန်ပြီး ဖြည့်ပေးရာရောက်ပါတယ်။

၅။ ရှားစောင်းလက်ပပ် ပါဝင်တဲ့ အအေး၊ ဖျော်ရည်များကို သောက်ပေးလို့လည်း ရပါတယ်။ အအေးတွေကို ရွေးချယ်တဲ့အခါ သကြားဓာတ် ပါဝင်မှုနည်းတဲ့ တံဆိပ်ကိုသာ ရွေးချယ်ဖို့တော့ လိုမယ်နော်။

ရှားစောင်းလက်ပပ်ကို နေ့စဉ်ပုံမှန်လိမ်းပေးခြင်းဖြင့် နေလောင်ခံ ရခြင်းကြောင့် ပျက်စီးကြမ်းတမ်းသွားတဲ့၊ အရောင်မှိန်သွားတဲ့ အသားအရေကို ဖြူစင်ဝင်းပလာစေပြီး ကြည်လင်လာစေနိုင်ပါတယ်။ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားပေးတဲ့အတွက် အရေပြားဆဲလ်အသစ် ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပပ်ကို အသုံးပြုမယ်ဆိုရင် အရင်ဆုံး အစေးထုတ်ပေးဖို့တော့ လိုပါတယ်။

ဒါဆို အိမ်မှာနေရတုန်းလေး ကိုယ့်ရဲ့ နေလောင်ခံ ရပြီး ပျက်စီးနေတဲ့ အသားအရေကို ရှားစောင်းလက်ပပ်လေးနဲ့ ပြန်လည်ကုစားလိုက်ရအောင်နော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/niosh/topics/skin/

ယခုပုံစံ

22/03/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် မေမေ အသားအရေ လှစေဖို့ ဒါတွေ စားဖို့ မမေ့နဲ့နော်။

အိမ်မှာနေရင်း အသားအရေမပျက်စီးအောင် ဘယ်လိုထိန်းသိမ်းကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 22/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement