brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား

ရာသီဥတု ပူလာပြီဆိုရင် ပေါ်လာတတ်တဲ့ ရာသီပေါ် သောက်စရာလေး တစ်ခုရှိပါတယ်။ ဒါကတော့ နွေရာသီမှာ ရင်အေးစေတဲ့ ကြံရည် ချိုချိုလေးပါ။ ကြံရည် ချိုချိုလေးက အမောပြေစေနိုင်တာကြောင့် လူတိုင်းလိုလို အပူသက်သာအောင် ကြံရည်သောက်ချိန်မှာ ကိုယ်ဝန်ဆောင်မေမေတွေလည်း ကြံရည်သောက်ချင်မိမယ် ထင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား

ဒီလို သောက်မယ်လို့ စဉ်းစားချိန်မှာ တွေးမိတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကြံရည်နဲ့ တည့်ပါ့မလားလို့လား ဆိုရင်တော့ ဒီဆောင်ပါးလေးကို ဖတ်ကြည့်ဖို့ လိုပါပြီ။

ကြံရည် ဆိုတာ

ကြံရည်ဆိုတာက ကြံချောင်းကို ကြိတ်ပြီး ရလာတဲ့ အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာက ချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာ သောက်သုံးတာ မဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။

လတ်လတ်ဆတ်ဆတ် ကြံချောင်းကို သံနဲ့ လုပ်ထားတဲ့ ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကို ရေခဲထည့်ပြီး သောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆားနဲ့ ပူစီနံရွက်တို့ ထည့်ပြီး သောက်လို့ ရပါတယ်နော်။ အရသာရှိသလို နွေပူပူမှာ ရင်အေးသွားစေတဲ့ သောက်စရာတစ်မျိုးပေါ့။

ကြံရည်ထဲမှာပါတဲ့ အာဟာရဓာတ်တွေက

ကြံရည် ထဲမှာ

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ရလား ဆိုတော့ ရပါတယ်။ အလွန်အကျွံမဟုတ်တဲ့ ပမာဏက ကိုယ်ဝန်ဆောင်တွေမှာ ကျန်းမာရေးကောင်းကျိုးကို ဖြစ်စေနိုင်ပါတယ်၊၊

ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်တဲ့အခါ

ကိုယ်ဝန်ဆောင် မေမေ ကြံရည် သောက်တဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေကိုလည်း ရရှိစေမှာပါ။

ပရိုတင်း ပြည့်ဝမယ်

ကြံမှာ ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးအတွက်ပါ လိုအပ်နေတဲ့ ပရိုတင်းဓာတ်ကို ပြည့်ဝစွာ ရရှိစေမှာပါ။

ဝမ်းမှန်စေမယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ကြံရည်က အမျှင်ဓာတ် ပါဝင်တာကြောင့် ဝမ်းမှန်စေဖို့ ထောက်ကူပေးပြီး အစာခြေစနစ်ကိုလည်း ကျန်းမာစေမှာပါ။

အသည်း ကျန်းမာစေတယ်

ကြံရည်က အသည်းကျန်းမာစေဖို့လည်း ထောက်ကူပေးပြီး bilirubin ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ကြံရည်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါတွေ ကူးစက်ခံရတာမျိုး မဖြစ်အောင် ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါတယ်။

အအေးမိဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်

ကြံရည်က အအေးမိတာ၊ လည်ချောင်းနာတာတွေကို သက်သာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အအေးမိ ဖျားနာတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်

ကြံရည်က သွေးတွင်းကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်စေအောင် လုပ်ဆောင်ပေးသလို သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး အနေအထားမှာ ထိန်းညှိပေးပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။ ဒါပေမယ့် ဒါက သင့်တော်တဲ့ ပမာဏမှာပဲဖြစ်ပြီး အလွန်အကျွံသောက်ရင်တော့ သကြားဓာတ်တက်လာနိုင်တာကို သတိထားရပါမယ်၊၊

ကိုယ်အလေးချိန် ထိန်းပေးတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန်တိုးလာတတ်ကြပါတယ်။ ကြံရည်မှာ polyphenols ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်တာကြောင့် ကိုယ်အလေးချိန် တက်မလာအောင် ထောက်ကူပေးနိုင်ပါတယ်။

Morning Sickness သက်သာစေတယ်

ကြံရည်ထဲကို ချင်း (ဂျင်း) တစ်ပြားစာလောက် ထည့်ပြီး သောက်ပေးတာက ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပျို့အန်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ကိုယ်ဝန်ဆောင်ချိန်မှာ လေဒီ အများစုဟာ ဆီးလမ်းကြောင်း ပိုးဝင်တာကို အလွယ်တကူခံစားရနိုင်ပါတယ်။ ကြံရည်က ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အရေပြား ကျန်းမာစေတယ်

ကြံရည်မှာ riboflavin ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရေပြားကို ကျန်းမာစေသလို ဆံသားကိုလည်း သန်စွမ်းစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အရေပြားပြဿနာ ကင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

သတိထားရမယ့် အချက်များ !

ကြံရည် သောက်မယ်ဆိုရင် ဒါလေးတွေတော့ သတိထားပေးဖို့ လိုပါမယ်။

  • လတ်ဆတ်တဲ့ ကြံကို သန့်သန့်ရှင်းရှင်းနဲ့ ပြင်ဆင်ထားတာ ဖြစ်ရပါမယ်။ ကြံရည်က မလတ်ဆတ်ရင် အစာအဆိပ်သင့်စေနိုင်လို့ပါ။
  • ကိုယ်ဝန်ဆောင် ဆီးချို ရှိနေမယ်ဆိုရင် ဖြစ်ဖြစ် ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိမယ်ဆိုရင် ဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ပါ။
  • အလွန်အကျွံ သောက်တာက မေမေရော ဘေဘီလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သင့်တင့်တဲ့ ပမာဏပဲ သောက်ဖို့ အကြံပြုလိုပါတယ်၊၊

ကဲ ….. ကိုယ်ဝန်ဆောင်မေမေ ကြံရည် သောက်လို့ ရလား ဆိုတဲ့ မေးခွန်းအတွက် အဖြေရလောက်ပြီ ထင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/03/2023 ဖြစ်ပါသည်။