backup og meta

လိုင်ဆင်း (Lysine) နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 23/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိုင်ဆင်း (Lysine) နဲ့ ကျန်းမာရေး

    လိုင်ဆင်း (Lysine) ဆိုတာက ဘေဘီလေးတွေအတွက်ပဲလို့ ထင်နေတုန်းပဲလား …… ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ဖြစ်အောင် ဖတ်လိုက်ပါ။ လိုင်ဆင်းက ဘေဘီလေးတွေအတွက်တင် မဟုတ်ပါဘူး။ လူကြီးတွေအတွက်လည်း ကျန်းမာရေး ထောက်ကူပေးနိုင်ပါတယ်။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    လိုင်ဆင်းဓာတ် (Lysine) ဆိုတာ ဘာလဲ။

    လိုင်ဆင်း (Lysine)ဆိုတာက အမိုင်နိုအက်ဆစ် တစ်မျိုးပါ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။ ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် နေ့စဉ် စားသုံးမှုတွေကနေဆင့် ရယူနေရတဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးပေါ့။

    လိုင်ဆင်းက ကော်လာဂျင် ထွက်ရှိဖို့ ထောက်ကူပေးသလို ခန္ဓာကိုယ်က ကယ်လ်ဆီယမ်တွေကို စုပ်ယူနိုင်အောင်လည်း ကူညီပေးပါတယ်။ သွားနဲ့ အရိုးတွေကို သန်မာစေနိုင်ပြီး အရိုးပါးတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးပါတယ်။

    လိုင်ဆင်း (Lysine) မပြည့်ဝရင် ဘာတွေ ခံစားရနိုင်လဲ။

    ခန္ဓာကိုယ်မှာ လိုင်ဆင်း မပြည့်ဝတဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    • ခြေကုန်လက်ပမ်း ကျမယ်
    • အာရုံစိုက်နိုင်စွမ်း နည်းမယ်
    • ကတုန်ကယင်ဖြစ်မယ်
    • မအီမသာဖြစ်မယ်
    • မျက်လုံးတွေ နီမယ်
    • ဆံပင်ကျွတ်မယ်
    • စားသောက်မှု မူမမှန်တာမျိုး ဖြစ်မယ်
    • ကြီးထွားမှု နှေးကွေးတာမျိုး ဖြစ်မယ်
    • မျိုးပွားစနစ် ကျန်းမာရေး ထိခိုက်မယ်။

    လိုင်ဆင်း (Lysine) နဲ့ ကျန်းမာရေး

    လိုင်ဆင်း (Lysine) နဲ့ ကျန်းမာရေး

    ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်စေဖို့နဲ့ ကျန်းမာစေဖို့အတွက် လိုင်ဆင်း (lysine) ကို လိုအပ်ပါတယ်။  လိုင်ဆင်းက ခန္ဓာကိုယ်က တစ်ရှူးတွေ ဖြစ်ပေါ်စေဖို့နဲ့ ထိခိုက်မှုတွေကနေ ပြန်လည် ကျန်းမာလာစေဖို့အတွက် အရေးပါတဲ့ ပရိုတင်း တစ်မျိုးပါ။ လိုင်ဆင်းက ခန္ဓာကိုယ်အတွက် အခုလို ထောက်ပံ့ပေးပါသေးတယ်။

    ဒါတွေအပြင် လိုင်ဆင်းက

    ရေယုန် သက်သာစေတယ်

    လိုင်ဆင်းက ရေယုန်ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ထိန်းချုပ်ရမှာ ထောက်ကူပေးနိုင်ပါတယ်။ လိုင်ဆင်း ပြည့်ဝနေမယ်ဆိုရင် ပါးစပ်မှာ အနာဖြစ်တာ၊ ရေယုန်ပေါက်တာမျိုးတွေကို ကာကွယ်ပေးနိုင်သလို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

    လိင်အင်္ဂါမှာပေါက်တဲ့ ရေယုန် သက်သာစေဖို့လည်း လိုင်ဆင်းကို အသုံးပြုပေးလို့ ရပါတယ်။

    သွေးပေါင်ချိန် ထိန်းညှိပေးတယ်

    လေ့လာမှု တစ်ရပ်အရ လိုင်ဆင်းက သွေးတိုးကျစေပါတယ်။ နေ့စဉ် စားသုံးမှုမှာ အမိုင်နိုအက်ဆစ် လုံလောက်စွာ မပါဝင်တာက သွေးတိုးစေနိုင်ပါတယ်။ ဒါပေမယ့် အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ လိုင်ဆင်းကို ပြည့်ပြည့်ဝဝ စားသုံးတာက သွေးတိုးကျစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    ဆီးချို သက်သာစေနိုင်တယ်

    လိုင်ဆင်းက ရုတ်တရက် သွေးချိုတက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အစာ စားပြီးချိန်မှာ သွေးချို မြင့်တက်မှုကို ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် သွေးချိုကို ထိန်းဖို့ဆိုရင် လိုင်ဆင်း ပါအောင် စားသုံးပေးဖို့ လိုပါမယ်။ ဒီလို ကျန်းမာရေးကို ထောက်ကူပေးသလို လိုင်ဆင်း ပါဝင်အောင် စားသုံးပေးတာက အခုလို အကျိုးကျေးဇူးတွေကိုလည်း ရရှိစေမှာပါ။

    • ကယ်လ်ဆီယမ်၊ သံဓာတ်နဲ့ ဇင့်တွေကို စုပ်ယူနိုင်စေဖို့ ထောက်ကူပေးတယ်
    • ကော်လာဂျင် ထွက်ရှိမှုကို မြှင့်တင်ပေးတယ်
    • အင်ဇိုင်းတွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဟော်မုန်းတွေ ဖြစ်ပေါ်စေဖို့ ထောက်ကူပေးတယ်
    • ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးတယ်
    • ကြွက်သား ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေးတယ်
    • လှုပ်ရှားရ ကောင်းစေတယ်
    • စိတ်ဖိစီးမှု ပြေလျော့စေတယ်
    • အရိုး သိပ်သည်းဆ ကျတာ၊ အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးတယ်
    • အရေပြား ကျန်းမာစေတယ်
    • မှဲ့ခြောက် သက်သာစေတယ်
    • သွေးတွင်းမှာ အဆီမဖြစ်စေဖို့ ကာကွယ်ပေးတယ်
    • ဆံပင်သန်စေတယ်
    • ကြွက်သားတက်စေတယ်
    • လေ့ကျင့်ခန်းလုပ်တာကြောင့် ပင်ပန်းနာကျင်တာတွေကို သက်သာစေတယ်။

    လိုင်ဆင်းဓာတ် (Lysine) ရရှိနိုင်တဲ့ အာဟာရ အရင်းအမြစ်တွေက ဘာတွေလဲ။

    လိုင်ဆင်းကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် အစားအစာတွေကနေပဲ ရယူရပါတယ်။  လိုင်ဆင်း ပြည့်ပြည့်ဝဝ ရရှိစေဖို့ဆိုရင် ပရိုတင်း ကြွယ်ဝတဲ့

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 23/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement