brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ အစားတစ်ခုခု စားခါနီးတိုင်း ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်စေမလားဆိုပြီး စိတ်ပူနေတဲ့ မေမေတွေ ရှိလား။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားချင်လိုက်တာဖြစ်ပြီး တည်သီး စားလို့ရပါ့မလားဆိုပြီး တွေးပူနေတဲ့ မေမေတို့အတွက် ဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါ့မယ်နော်။

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားလို့ရလား………..

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားလို့ရပါတယ်။ သိပ်တော့ မများစေနဲ့နော် မေမေရေ။ ကိုယ်ဝန်ဆောင်ချိန်မှာ သစ်သီးတွေကို အတန်အသင့် စားပေးတာက မေမေရော ဘေဘီလေးပါ ကျန်းမာစေပါတယ်။

တည်သီးက မေမေ ကျန်းမာစေဖို့ရော ဘေဘီလေး အာဟာရပြည့်ဝစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

တည်သီးလေးက ပေးမယ့် မေမေနဲ့ ဘေဘီလေး ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီးစားပေးတာက

တည်သီးမှာ ကယ်လ်ဆီယမ် နဲ့ phosphorus တို့လိုမျိုး သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တည်သီး စားတာက ဘေဘီလေးရဲ့ အရိုးတွေကို အကောင်းဆုံး ဖွံ့ဖြိုးစေပါတယ်။ တည်သီးက ဘေဘီလေးရဲ့ အာရုံကြောစနစ်ကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေပါတယ်။

တည်သီးမှာ သံဓာတ်ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုယ်ဝန်ဆောင်ချိန် မအီမသာဖြစ်တာ၊ မူးဝေတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

တည်သီးက ကိုယ်ခံအား ကောင်းစေဖို့လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ တည်သီးမှာ ဗီတာမင် A နဲ့ ကာရိုတီးနွိုက်ပါဝင်နေတာကြောင့် ဘေဘီလေးကို အမြင်အာရုံ ကောင်းမွန်စေသလို နှလုံးကြွက်သားကိုလည်း သန်မာစေပါတယ်။ ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအားကောင်းစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါသေးတယ်။

တည်သီးက သွေးတိုးရောဂါ ရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်တာကြောင့် တည်သီးက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေ သွေးမတိုးစေဖို့လည်း ကာကွယ်ပေးပါတယ်။

တည်သီးမှာ ဗီတာမင် C ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေသလို စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာ၊ စိတ်ဓာတ်ကျတာ၊ ညအိပ်မပျော်တာတွေ မဖြစ်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

တည်သီးက အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

တည်သီးက ဘေဘီလေးကိုတင် နှလုံး အကောင်းဆုံး ဖွံ့ဖြိုးစေတာ မဟုတ်ဘဲ။ မေမေရဲ့ နှလုံးသွေးကြောစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဒါပေမယ့် တစ်ခုသတိထားရမှာက တည်သီးက အစာကြေခဲပါတယ်။ ဒါကြောင့် စားတဲ့ ပမာဏ မများပါစေနဲ့။ မှည့်မှစားပါ။ အခွံခွာစားပါ။ ဒါဆို အစာမကြေတာ အဖြစ်နည်းသွားမှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 30/06/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။