backup og meta

ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား

    ပြုတ်ပဲ စားစား၊ ပြောင်းဖူးပြုတ်ကို ဆီဆမ်းပြီး နယ်စားစား၊ ကင်စားစား၊ ဟော့ပေါ့၊ စွပ်ပြုတ်တို့ထဲ ထည့်စားစား၊ ကြော်စားစား စားလို့ ကောင်းတဲ့ ပြောင်းဖူး ကို စားချင်ပေမယ့် ဗိုက်ထဲမှာ ဘေဘီလေး ရှိနေလို့ စားလို့ ရပါ့မလားဆိုပြီး စိတ်ပူနေတဲ့ လေဒီဗိုက်လေးတွေ ရှိလား ……

    ဒါဆိုရင်တော့ ပြောင်းဖူး စားလို့ရလား၊ မရဘူးလားဆိုတာကို သေချာ သိရှိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဒီဆောင်းပါးလေးထဲမှာ ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား …… ဘယ်လို ကောင်းကျိုးတွေ ရှိလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ပြောင်းဖူး ဆိုတာ

    ပြောင်းဖူး ဆိုတာက အခွံစိမ်းစိမ်းလေးနဲ့ အဝါ​ရောင် အစေ့လေးတွေရှိတဲ့ ကောက်နှံ တစ်မျိုးပါ။ ပြောင်းဖူးမှာ သကြားပြောင်း ရှိသလို ခရမ်းရောင် နဲ့ အဖြူရောင် အစေ့လေးတွေနဲ့ ပလို့ပြောင်းလေးတွေလည်း ရှိပါတယ်။

    ပြောင်းဖူးက အာဟာရ ပြည့်ဝသလို ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။

    ပြောင်းဖူးမှာ ပါတဲ့ အာဟာရတွေက

    ပြောင်းဖူးက အာဟာရ ကြွယ်ဝတဲ့ စားစရာ တစ်မျိုးပါ။ ပြောင်းဖူးမှာ

    ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား

    ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ ရလား

    ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ရလား ဆိုတော့ အနည်းအကျဉ်း စားလို့ ရပါတယ်။ အလွန်အကျွံ စားသုံးတာမျိုးတော့ မသင့်တော်ပါဘူး။ ပြောင်းဖူးကို အလွန်အကျွံ စားသုံးတာက အစာမကြေတာနဲ့ အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။

    ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားတဲ့အခါ

    ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ပြောင်းဖူး စားပေးမယ်ဆိုရင်

    ဝမ်းချုပ်တာ သက်သာစေမယ်

    ပြောင်းဖူးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    မျက်လုံးတွေကို ကျန်းမာစေတယ်

    ပြောင်းဖူးမှာ Zeaxanthin ပါဝင်နေတာကြောင့် မေမေတို့ကို အမြင်အာရုံ ကျန်းမာစေသလို ဘေဘီလေးရဲ့ အမြင်အာရုံကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

    မွေးရာပါ ချို့ယွင်းမှု ကင်းစေတယ်

    ပြောင်းဖူးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ဘေဘီ​လေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး မွေးရာပါ ချို့ယွင်းမှု  ကင်းစေဖို့ ထောက်ကူပေးပါတယ်။

    ကြွက်သားနဲ့ အာရုံကြောစနစ် ကျန်းမာစေတယ်

    သီရာမင်း ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေနိုင်သလို ကြွက်သားနဲ့ အာရုံကြောစနစ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဘေဘီလေးရဲက အာရုံကြောစနစ်ကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။

    ကိုယ်ခံအား ကောင်းစေတယ်

    ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေမှာပါ။

    ဒါ့အပြင် ပြောင်းဖူးက ဘေဘီလေးရဲ့ မှတ်ဉာဏ် ကောင်းစေတယ်၊ ကြွက်သားတွေ သန်မာစေတယ်၊ အမြင်အာရုံ ကျန်းမာစေတယ်၊ အာရုံကြောစနစ် ကောင်းကောင်း ဖွံ့ဖြိုးစေတယ်၊၊

    ဘာတွေ ဆင်ခြင်ရမလဲ၊၊

    လတ်ဆတ်ပြီး အရမ်း မရင့်တဲ့ ပြောင်းဖူးကို ရွေးချယ် စားသုံးဖို့တော့ လိုပါမယ်။ အခွံက ခြောက်နေမယ်။ မှိုတွေ ဖြစ်နေမယ်၊ ပြောင်းဖူးက ခြောက်နေမယ်ဆိုရင်  မစားပါနဲ့။

    အလွန်အကျွံ စားသုံးတာကိုလည်း ရှောင်ပါ၊၊ ကြွက်ကလေးတွေမှာ လေ့လာချက်အရ polyunsaturated fatty acids ပါဝင်မှု များတဲ့အစားအစာ (ဥပမာ ပြောင်းဖူးလိုမျိုး)က ကလေးလေးရဲ့ အပြုအမူကို ပြောင်းလဲစေတာကို တွေ့ရှိရပါတယ်၊၊ ဒါကြောင့် စိတ်ချရအောင် သင့်တင့်တဲ့ ပမာဏပဲ စားပေးပါ၊၊

    အလွန်အကျွံစားတာက မေမေမှာ အစာမကြေတာ၊ ရင်ပြည့်တာကိုလည်း ဖြစ်စေနိုင်တာကြောင့်ပါ၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement